backup og meta

မျှဝေပါ။

အလွန်အကျွံ လိင်ဆက်ဆံခြင်းက အန္တရာယ်ဖြစ်စေသလား

အလွန်အကျွံ လိင်ဆက်ဆံခြင်းက အန္တရာယ်ဖြစ်စေသလား ….. လိင်ဆက်ဆံခြင်းကြောင့် ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ ပိုကောင်းစေတယ်၊ စိတ်ဖိစီးမှုတွေ လျော့ကျစေတယ်လို့ သိပ္ပံပညာရှင်တွေကဆိုထားပါတယ်။ ဒါပေမယ့်လည်း လိင်ဆက်ဆံမှုအကြိမ် အရေအတွက် များလွန်းခြင်းကတော့ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ဘယ်လိုထိခိုက်စေနိုင်သလဲဆိုရင်

အလွန်အကျွံ လိင်ဆက်ဆံခြင်းက အန္တရာယ်ဖြစ်စေသလား

အလွန်အကျွံ လိင်ဆက်ဆံခြင်းက အန္တရာယ်ဖြစ်စေသလား ….. ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

  • သွေးခြည်ဥခြင်းနှင့် ပွန်းပဲ့ဒဏ်ရာများ

အဝတ်နဲ့ ဒါမှမဟုတ် ခန္ဓာကိုယ်ချင်း ပွတ်တိုက်မှုတွေကြောင့် သွေးခြည်ဥတာတွေ၊ အမှတ်အသားတွေ ကျန်ခဲ့နိုင်ပါတယ်။ ဒါဟာ လိင်ဆက်ဆံထားတဲ့၊ ပြောရရင် ပြင်းပြင်းလေး ဆက်ဆံထားတဲ့ လက္ခဏာတွေပါပဲ။

ပွန်းပဲ့မှုများကတော့ ပိုပြီး ထင်သာမြင်သာ ပါတယ်။ အဲဒါတွေကြောင့် တချို့သော လိင်ဆက်ဆံမှုပုံစံတွေမှာ မသက်မသာ ဖြစ်စေပြီးသတိထားမိတဲ့အချိန်မှာ နာကျင်မှုတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် အဲဒီလိုသွေးခြည်ဥခြင်း၊ ပွန်းပဲ့ခြင်းများ ဖြစ်စေတဲ့ ပုံစံမျိုးတွေနဲ့ မဆက်ဆံတာကတော့ အကောင်းဆုံးပါပဲ။

  • ရေဓာတ်ခမ်းခြောက်ခြင်း

လိင်ဆက်ဆံခြင်းဟာ ကိုယ်ခန္ဓာလှုပ်ရှားမှုတွေ ပြုလုပ်ရတာကြောင့် ချွေးထွက်တယ်၊ ခန္ဓာကိုယ်ကနေ ရေဓာတ်တွေ ဆုံးရှုံးပါတယ်။ နောက်ဆက်တွဲအနေနဲ့ လိင်ဆက်ဆံမှုပြုပြီး ရေမသောက်ရင် ကိုယ်ခန္ဓာမှာ ရေဓာတ်ခမ်းခြောက်သွားနိုင်ပါတယ်။ အထူးသဖြင့် လိင်မဆက်ဆံခင် နဲ့ ဆက်ဆံနေစဉ်အတွင်းမှာ အရက်သောက်ထားခဲ့မယ်ဆိုရင် ပိုလို့ဖြစ်နိုင်ပါတယ်။ ထူးထူးခြားခြားတော့ မဖြစ်နိုင်ပေမယ့် အချိန်ကြာမြင့်စွာ ရေဓာတ် ခမ်းခြောက်ခြင်းကတော့ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။

  • အာရုံကြောများထိခိုက်ခြင်း

လူ့ခန္ဓာကိုယ်ဟာ လိင်စိတ်နှိုးဆွမှုများကို ခံနိုင်ရည် ရှိတာမှန်ပေမယ့် ပြင်းထန်တဲ့နှိုးဆွမှုတစ်ခု ပြီးသွားရင်တော့ အာရုံကြောတွေဟာအနည်းငယ် နာကျင်ကိုက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံမှုတွေ အများကြီး ပြုလုပ်ခဲ့မယ်ဆိုရင် ဆန္ဒပြီးမြောက်ဖို့ ခက်ခဲသွားတာ ဖြစ်ပါတယ်။

  • ကြွက်သားများနာကျင်ခြင်း

တခြားသော ကိုယ်ကာယလှုပ်ရှားမှုများလိုပဲ လိင်ဆက်ဆံခြင်းဟာလည်း ကြွက်သားများကို နာကျင်စေတယ်။ ပိုဆိုးရင် မလှုပ်ရှားနိုင်တော့တာမျိုးတွေ ဖြစ်စေနိုင်တယ်။ အဲဒီလို ဖြစ်ခဲ့ရင်တော့ ကိုယ့်ခန္ဓာကိုယ် ပြန်ကြံ့ခိုင်လာတဲ့အထိ လိင်ဆက်ဆံခြင်း မပြုဖို့ အကြံပေးရပါလိမ့်မယ်။ တစ်ဖက်မှာလည်း အဲဒီထိခိုက်သွားတဲ့ ကြွက်သားတွေကို သိပ်မသုံးရတဲ့ ပုံစံမျိုးနဲ့ အမြဲတမ်း လိင်ဆက်ဆံသွားဖို့လည်း လိုအပ်ပါမယ်။

  • မောပန်းခြင်း

မောပန်းခြင်းဟာ အလွန်အကျွံ လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ သေနိုင်လောက်သော ပြဿနာ တစ်ခုတော့ မဟုတ်တာ မှန်ပေမယ့် ကိုယ့်ရဲ့ ဘဝနေထိုင်မှုမှာတော့ အကျိုးသက်ရောက်နိုင်ပါတယ်။ ဥပမာအားဖြင့် အလွန်အကျွံ လိင်ဆက်ဆံခြင်းက အာရုံလွင့်ပျံ့စေတယ်၊ အားအင်ကုန်ဆုံးစေတယ်၊ ကိုယ့်အလုပ်ချိန်၊ စာသင်ချိန်တွေမှာပါ မောပန်းနွမ်းနယ် စေပါလိမ့်မယ်။

တကယ်တော့ လိင်ဆက်ဆံနေစဉ်မှာ ခန္ဓာကိုယ်ကနေ Norepinephrine, Epinephrine, Cortisol စတဲ့ ဟော်မုန်းတွေ ထုတ်ပေးပါတယ်။ အဲဒီ ဟော်မုန်းတွေက နှလုံးခုန်နှုန်းကို မြန်စေတယ်၊ သွေးထဲကို သကြားဓာတ် ထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။ ဒီဟော်မုန်းတွေက လူတစ်ယောက်အသက်ရှင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ဟော်မုန်းတွေပါ။ ဒါပေမယ့် ဒီဟော်မုန်းတွေကို အများကြီး ထုတ်မယ်၊ ခဏခဏ ထုတ်နေမယ် ဆိုရင်တော့ အဲဒါတွေက ကိုယ့်ကို မောပန်းနွမ်းနယ်စေပါလိမ့်မယ်။

လိင်ဆက်ဆံခြင်းက ကောင်းမွန်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ဆိုရင် လုံလောက်တယ်လို့ ပြောမှာလဲ။ အဖြေမှန်ရယ်လို့ မရှိပါဘူး။ ကိုယ်ရော ကိုယ့်အဖော်ရော ဒါနဲ့ ပတ်သက်ပြီး သက်သောင့်သက်သာ ဖြစ်နေသရွေ့ စိတ်ပူစရာမလိုပါဘူး။ ဒါပေမယ့် လိင်ဆက်ဆံချင်စိတ်ကို ထိန်းချုပ်တဲ့နေရာမှာ အခက်အခဲ ဖြစ်နေတယ် ဒါမှမဟုတ် ကိုယ့်ခန္ဓာကိုယ်မှာ တခြား ပုံမမှန်တာတွေ ခံစားမိတယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသမှု၊ လမ်းညွှန်မှုတွေ ရယူဖို့ တုံ့ဆိုင်းမနေသင့်ပါဘူး။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Effect of Too Much Sex
http://www.newhealthadvisor.com/Effect-of- Too-Much- Sex.html Accessed December 22, 2016

How Much Sex Is Too Much?
http://greatist.com/health/too-much- sex-advice Accessed December 22, 2016

Can too much sex harm you?
https://www.modernghana.com/lifestyle/3608/16/can-too- much-sex- harm-you.html Accessed December 22,2016

 

ယခုပုံစံ

02/12/2022

Dr. Phio Thiha မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Phio Thiha မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/12/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။