ခန္ဓာကိုယ်တစ်ခုလုံးမှာ အစိတ်အပိုင်းတစ်ခုအဖြစ်သာ ပါဝင်နေတဲ့ လိင်အင်္ဂါက ဆွဲဆောင်မှုအတွက်သာ သက်ရောက်မှု တချို့တဝက်ရှိနေပုံရတယ်လို့ ၂၀၁၂ ခုနှစ်က လေ့လာမှုတစ်ခုမှာ ပါရှိပါတယ်။ တကယ်တော့ အမျိုးသမီးတွေက အမျိုးသားတွေရဲ့ အရပ်အနိမ့်အမြင့်နဲ့ ခန္ဓာကိုယ် အချိုးအဆစ်ကျနမှုကို ပိုဂရုစိုက်ကြတာ ဖြစ်ပါတယ်။
အမျိုးသားတွေအများစုက လိင်တံအရွယ်အစားအတွက် စိတ်ပင်ပန်းနေ
သုတေသနများစွာအရ အမျိုးသားအများစုက လိင်တံအရွယ်အစားနဲ့ပတ်သက်ပြီး အားမလိုအားမရ ဖြစ်နေကြတာတွေ့ရပါတယ်။ အရွယ်အစားသေးတာ၊ ကြီးတာ၊ တိုတာ၊ ရှည်တာကို တိုင်းဆတွေးပူနေတာက ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်အပေါ်အမြင်နဲ့ လိင်မှုကိစ္စစိတ်ကျေနပ်မှုရရှိနိုင်စွမ်းမှာ ထိခိုက်စေပါတယ်။ အရွယ်အစား တွေဆိုတာက တကယ်မှာ ကွာခြားသွားတာမျိုးမရှိတာကြောင့် ညစ်ညမ်းဗီဒီယိုတွေမှာ မဟုတ်ရင် အရွယ်အစားကိုဘယ်သူမှ သိသိသာသာကြီးမြင်နေနိုင်တာမဟုတ်ကြပါဘူး။
သေးလွန်းနေပြီလို့ စိတ္တဇဖြစ်တဲ့ရောဂါ (Small penis syndrome)
ကိုယ်က ပုံမှန်အရွယ်အစားရှိနေပေမယ့် သေးလွန်းနေပြီလို့တွေးပူနေတဲ့ Small penis syndrome ဖြစ်နေသူတွေ ရှိတတ်ပါတယ်။ ဒီလိုစိတ်ပူပန်နေပြီး အလိုမကျဖြစ်နေတာနဲ့ပဲ အရွယ်အစားပိုကြီးစေ၊ ပိုရှည်စေမယ်ဆိုတဲ့ ထုတ်ကုန်ပစ္စည်းတွေကိုအားကိုးကြပါတယ်။ သံသယရှိလောက်တဲ့အတိုင်းပဲ ဒီလိုထုတ်ကုန်တွေ အတော်များများဟာ အလိမ်အညာတွေပါဝင်နေတတ်ပါသေးတယ်။ တချို့ဆို အန္တရာယ်ပါဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့်သိထား သင့်တာက –
ပိုကြီးဖို့မဖြစ်မနေ လိုအပ်တာမဟုတ်
အရွယ်အစားဆိုတာ လိင်မှုရေးရာ စွမ်းဆောင်ရည်ကို အဆင့်သတ်မှတ်ဖို့ မလုံလောက်တဲ့နည်းလမ်းတစ်ခု ဖြစ်နေပါပြီ။ လိင်ဆက်ဆံဖော်တွေအတွက် အရေးကြီးတဲ့အချက်က အရွယ်အစားမဟုတ်ဘဲ ကျေနပ်သာယာမှုသာဖြစ်တယ်လို့ သုတေသနစစ်တမ်းတွေက ဖော်ပြပါတယ်။ အမျိုးသားလိင်အင်္ဂါတွေဟာ ပျမ်းမျှအားဖြင့် မထောင်မတ်တဲ့အချိန်မှာ ၃ လက်မကနေ ၅ လက်မအထိ ရှည်ပြီး ထောင်မတ်ချိန်မှာ ၅ လက်မကနေ ၇ လက်မအထိ ရှိနိုင်တယ်လို့ University of Michigan Medical Center မစ်ချီကန်ဆေးတက္ကသိုလ် မှ Dr. Mark A. Moyad (ဒေါက်တာ မက်ခ်အေ.မိုရတ်ဒ်) ကပြောပါတယ်။
လိင်အင်္ဂါကြီးထွားစေတဲ့ သောက်ဆေးတွေက အန္တရာယ်ရှိနိုင်
အလွယ်တကူဝ ယ်ယူလို့လည်းရ၊ အများအားဖြင့် ဈေးလည်းသင့်တင့်ပြီး သဘာဝပါဝင်ပစ္စည်းတွေနဲ့ဖော်စပ်တာတွေလည်း ရှိတာကြောင့် ဒီလိုအားဆေးတွေကို အတော်များများက အားကိုးကြပါတယ်။ မကောင်းတဲ့အချက်ကတော့ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေနဲ့ လုပ်တယ်ဆိုတိုင်းလည်း ဆေးအများစုက တရားဝင်ခွင့်ပြုချက်နဲ့ စစ်ဆေးပြီးမှထုတ်ထားတာ မဟုတ်ကြပါဘူး။ အလွယ်တကူဝယ်လို့ရနေတဲ့ လိင်အင်္ဂါထောင်မတ်ခြင်းနဲ့ လိင်ကိစ္စပြဿနာဆိုင်ရာ ဆေးဝါးတွေဟာ ဘူးမှာ ပါဝင်ကြောင်းဖော်ပြမထားတဲ့ ပစ္စည်းတွေထည့်သွင်းထားတာ တွေ့ရလေ့ရှိတယ်လို့ သိရပါတယ်။ ၂၀၀၉ ခုနှစ်က အင်တာနက်စစ်တမ်းတစ်ခုအရ လိင်အားဆေးတွေရဲ့ သုံးပုံတစ်ပုံဟာ ဖော်ပြမထားတဲ့ ဆေးဝါးဓာတ်ပစ္စည်းတွေ ပါဝင်နေပြီး ၎င်းတို့က ကျန်းမာရေးအန္တရာယ်ရှိစေနိုင်တဲ့အရာတွေဖြစ်တယ်လို့ သိရပါတယ်။
နှလုံးကျန်းမာရင် ထောင်မတ်မှုအားကောင်းနိုင်
လိင်အင်္ဂါကို သွေးပို့လွှတ်ပေးတဲ့ နှလုံးသွေးကြောက အအေးသောက်တဲ့ ပိုက်အရွယ်အစားလောက်နီးနီးရှိပါတယ်။ နှလုံးသွေးကြောကျန်းမာရေးမကောင်းရင် လိင်အင်္ဂါမှာလည်း ရလဒ်မကောင်းနိုင်ဘူးလို့ သုတေသီတွေက ပြောပါတယ်။ အရင်ဆုံး နှလုံးရောဂါဖြစ်နိုင်ခြေနည်းအောင် အတတ်နိုင်ဆုံး ဆင်ခြင်နေထိုင်ဖို့ ဂရုစိုက်ရလိမ့်မယ်လို့ Dr. Mark A. Moyad (ဒေါက်တာ မက်ခ်အေ.မိုရတ်ဒ်) ကအကြံပြုပါတယ်။
ဈေးချိုချိုနဲ့ ရနိုင်တဲ့ သဘာဝဆေးဝါးလေးသောက်ရုံနဲ့ အရွယ်အစားပိုကြီးစေပြီး ပိုထောင်မတ်စေဖို့ဆိုတာ ဆွဲဆောင်နိုင်လောက်တဲ့အချက်ဖြစ်ပေမယ့် လိင်မှုစွမ်းဆောင်ရည်ပိုကောင်းစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကျန်းမာကြံ့ခိုင်ပြီး ရောဂါကင်းအောင်နေထိုင်ကာ ဆရာဝန်နဲ့တိုင်ပင် အကြံဉာဏ် တောင်းခံတာပဲဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။