backup og meta

မျှဝေပါ။

လိင်အပျော်အပါးလိုက်စားသူတိုင်း သိထားသင့်တဲ့ PrEP နဲ့ PEP ဆေး

PrEP နဲ့ PEP ဆေး တွေဟာ HIV ပိုး ကူးစက်ခံရခြင်း လျော့နည်းစေဖို့ ကာကွယ်ပေးတဲ့ ဆေးတွေ ဖြစ်ပါတယ်။ ကိုယ်က လိင်အပျော်အပါး မကြာခဏ လိုက်စားတဲ့သူဖြစ်စေ၊ ကိုယ့်ချစ်သူမှာ HIV ပိုးရှိတယ်ဆိုရင် ဒီဆေးတွေအကြောင်း နားလည်ထားဖို့ လိုပါတယ်။

လိင်အပျော်အပါးလိုက်စားသူတိုင်း သိထားသင့်တဲ့ PrEP နဲ့ PEP ဆေး

လိင်အပျော်အပါးလိုက်စားသူတိုင်း သိထားသင့်တဲ့ PrEP နဲ့ PEP ဆေးအကြောင်းလေး ဆက်ကြည့်လိုက်ရအောင်နော်။

PrEP ဆေးဆိုတာဘာလဲ။

  • ဆေးရဲ့ အရှည်ကောက်ကတော့ Pre-exposure prophylaxis ဖြစ်ပြီး ပုံမှန်စွဲသောက်ပေးရတဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။
  • အဓိကကတော့ HIV ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။
  • HIV ပိုးရှိသူတွေ၊ ကိုယ့်ချစ်သူမှာ HIV ပိုး ရှိလို့ ကိုယ့်ဆီကို မကူးစက်စေအောင် ကာကွယ်ပေးဖို့ သောက်ပေးရတာဖြစ်ပါတယ်။
  • နေ့စဉ် သောက်ပေးရတဲ့ ဆေးဖြစ်ပြီး ကာကွယ်မှုအာနိသင်အမြင့်ဆုံးကို ရောက်ဖို့ ဆေးသောက်တာ အနည်းဆုံး ၇ရက် ရှိဖို့ လိုအပ်ပါတယ်။
  • နေ့တိုင်း PrEP ဆေးကို မှန်မှန်သောက်ပေးမယ်ဆိုရင် အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ HIV ပိုး ကူးစက်နိုင်ခြေ ၉၀ ရာခိုင်နှုန်းထက် မနည်း လျှော့ချပေးနိုင်ပါတယ်။
  • ဆေးထိုးအပ်မျှဝေသုံးစွဲရာမှ HIV ပိုး ကူးစက်နိုင်ခြေကိုတော့ ၇၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။
  • မူးဝေတာ၊ အော့အန်တာ အစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ဆေးသောက်ကာစအချိန်မှာ တွေ့ရတတ်ပါတယ်။
  • ဆေးပညာကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်ရဲ့ ခွင့်ပြုချက်ပါတဲ့ တရားဝင် PrEP ဆေးဝါးတွေကို သုံးစွဲတာက ပိုထိရောက်တဲ့ အာနိသင်ကို ရနိုင်ပါတယ်။
  • PrEP ဆေးကို နေ့စဉ်ပုံမှန်သောက်ဖို့ လိုပါတယ်။
  • ဒီဆေးဟာ HIV ကို ရာနှုန်းပြည့် ကာကွယ်ပေးနိုင်တာ မဟုတ်တဲ့အတွက် ဆေးသောက်နေစဉ်မှာလည်း ကွန်ဒုံးအသုံးပြုပေးနိုင်ရင် ပိုကောင်းပါတယ်။
  • ၃လခြား တစ်ခါ HIV ပိုးရှိ၊ မရှိကို သွေးစစ်ကြည့်ဖို့ လိုပါတယ်။

PEP ဆေးကို ဘာအတွက် သောက်တာလဲ။

  • Post-exposure prophylaxis လို့ အမည်ရတဲ့ PEP ဆေးဟာ အရေးပေါ် သောက်ရတဲ့ HIV ပိုးကာကွယ်ဆေးဖြစ်ပါတယ်။
  • ကိုယ့်မှာတော့ HIV ရောဂါပိုးမရှိဘူး။ ဒါပေမယ့် HIV ရှိတယ်လို့ သံသယဖြစ်ရတဲ့ သူတစ်ယောက်နဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိတဲ့အခါ ဒီဆေးကို အရေးပေါ်အနေနဲ့ သောက်ဖို့ လိုပါတယ်။
  • လိင်ဆက်ဆံပြီး ၇၂နာရီအတွင်း သောက်မှ ဆေးရဲ့ အာနိသင်ကို အပြည့်အဝခံစားရမှာဖြစ်ပါတယ်။
  • အထူးသဖြင့် အလိုမတူဘဲ အဓမ္မပြုကျင့်ခံရပြီးနောက် HIV ပိုး ကူးစက်ခံရခြင်းမဖြစ်စေဖို့ PEP ဆေးကို စောနိုင်သမျှ အစောဆုံး သောက်ပေးရပါမယ်။
  • အရေးပေါ် ကာကွယ်ဆေးဖြစ်တဲ့အတွက် နေ့စဉ်သောက်ပေးဖို့ မလိုပါဘူး။
  • PrEP ဆေးလိုပဲ မူးဝေတာ၊ အော့အန်တာ၊ ခေါင်းမူးတာ၊ ကိုယ်လက်မအီမသာဖြစ်တာ အစရှိတဲ့ ဓာတ်မတည့်လက္ခဏာတချို့ကို တွေ့ရတတ်ပါတယ်။
  • ဒီဆေးကို သောက်ဖို့အတွက် ဆရာဝန်နဲ့ အရင်တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

PrEP နဲ့ PEP ဆေး ၂မျိုးလုံးကို သေချာသောက်ပေးမယ်ဆိုရင် HIV ပိုးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေဖြစ်တဲ့ လိင်အင်္ဂါကြွက်နို့၊ ဂနို၊ ကာလသားရောဂါတွေ၊ အရေပြားပြဿနာတွေ၊ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကိုတော့ ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် ဘေးကင်းအန္တရာယ်ရှင်းစွာ လိင်ဆက်ဆံနိုင်ဖို့ ကွန်ဒုံးအသုံးပြုဖို့ အကြံပေးလိုက်ချင်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Are PrEP and PEP Medications –https://www.healthline.com/health/hiv-aids/hiv-prevention/prep-vs-pep-infographic#1 (June 11, 2019)

ယခုပုံစံ

08/02/2023

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Myo Myat မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/02/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement