၃။ ပြန်ကပ်ခြင်း – ဆဲလ်အတွင်းတွင် ပိုးမွှားများ လွှတ်၍ အင်ဇိုင်းတစ်မျိုး ထုတ်ပါသည်။ ထိုအင်ဇိုင်းသည် HIV ARN ကို HIV DNA သို့ ပြောင်းလဲသွားစေပါသည်။ ထိုမှတစ်ဆင့် ဆဲလ် ဗဟိုသို့ ရောက်သွားပြီး DNA ဖြစ်သွားစေပါသည်။
၄။ ကွဲခြင်း – ဆဲလ်ဗဟိုတွင် HIV သည် အင်ဇိုင်းထုတ်ပြီး ပိုးမွှား၏ DNA ကို ဆဲလ်၏ DNA ဖြစ်အောင် ပြောင်းလိုက်ပါသည်။
၅။ ပုံတူကူးခြင်း – ဆဲလ်၏ DNA အဖြစ် ပြောင်းလဲပြီးပါက ပိုးမွှားသည် ပရိုတင်း ကွင်းဆက် အရှည်တစ်ခု ဖန်တီးလိုက်ပါသည်။ ထိုမှတစ်ဆင့် တဖြည်းဖြည်း ပွားများလာပါသည်။
၆။ ပေါင်းခြင်း – HIV ပရိုတင်းများသည် တခြားသော HIV ပိုးမွှားများကို သွား၍ပေါင်းနိုင်ပါသည်။
၇။ အတက်ထွက်ခြင်း – အသစ်ဖြစ်ပေါ်လာသော HIV ပိုးမွှားသည် ဆဲလ်အပြင်ဘက်သို့ ထွက်လာပါသည်။ Protease ဟုခေါ်သော အင်ဇိုင်းတစ်မျိုး ထွက်လာပါသည်။ ထိုအင်ဇိုင်းက ပရိုတင်း ကွင်းဆက်ကို ဖြတ်၍ ဖြစ်လာသော ကွင်းဆက်ငယ်များသည် တခြားသော ဗိုင်းရပ်စ်ပိုးမွှားများကို သွားပေါင်းပါသည်။
HIV ရောဂါပိုးမွှားများ၏ ဘဝသံသရာနှင့် ဆေးများ
ART သည် HIV ရောဂါများအတွက် သုံးသောဆေး ဖြစ်ပါသည်။ ခုခံအားကို တိုးမြှင့်ပေးပါသည်။
ဆေးအမျိုးအစား များစွာ ရှိပါသည်။ ဆေးအမျိုးအစားအလိုက် ပိုးမွှား၏ ကြီးထွားဖြစ်စဉ် တစ်ခုချင်းတွင် တားမြစ်ပါသည်။
လူနာများသည် အနည်းဆုံး ဆေးနှစ်မျိုးတွဲ၍ သုံးစွဲကြပါသည်။
အဘယ်ကြောင့်ဆိုသော် ဆေးတစ်မျိုးချင်းစီသည် ပိုးမွှား၏ ကြီးထွားမှု အဆင့်မတူသည့် နေရာများတွင် သွားရောက် သက်ရောက်မှု ရှိသောကြောင့် ဖြစ်ပါသည်။ ကိုယ်ခံအား တိုးမြှင့်ခြင်းဖြင့် HIV ရောဂါ ပြန့်ပွားမှုကို ကာကွယ်ပေးသည့်အပြင် AIDS ရောဂါ ဖြစ်ပွားမှုနှုန်းကိုလည်း လျော့ကျစေပါသည်။ ART ဆေးများသည်လည်း ဆေးယဉ်ပါးခြင်းကို လျော့ကျစေပါသည်။
ART ဆေးသည် HIV ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်ပါ။ အပြီးအပြတ် မကုသနိုင်သော်လည်း သက်တမ်းစေ့ နေနိုင်အောင် ပြုလုပ်ပေးပါသည်။ ကာမစပ်ယှက်မှုမှ ရသော ရောဂါပိုးမွှားများကိုလည်း လျော့ကျစေပါသည်။
ရေးသားသူ- Dr Zin Thu Thu Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။