သားဆက်ခြားတဲ့ နည်းလမ်းတွေအများကြီးရှိတဲ့ထဲကမှ သားအိမ်ထဲကို ပစ္စည်းထည့်တာကလည်း ရွေးချယ်စရာ တစ်ခုပါပဲ။ ရေရှည်ခံတယ်၊ သန္ဓေတားနှုန်း မြင့်တယ်၊ ထုတ်လိုက်တာနဲ့ ကလေးချက်ချင်းတန်းရနိုင်တယ်၊ ဟော်မုန်းမပါတာလည်း ရှိတဲ့အတွက် ဟော်မုန်းအပြောင်းအလဲဒဏ်လည်း ခံစရာမလိုဘူးဆိုတဲ့ အချက်ကြောင့် ရွေးချယ်လာကြတာပါ။