backup og meta

စိတ်အချရဆုံးသော သန္ဓေတားသောက်ဆေး


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်အချရဆုံးသော သန္ဓေတားသောက်ဆေး

    ခေတ်စနစ်တွေတိုးတက်လာမှုနဲ့အတူဆေးပညာနယ်ပယ်မှာလည်း တိုးတက်မှုတွေအတော်လေးများလာနေပါတယ်။ ဒီလိုတိုးတက်လာတဲ့ဆေးပညာတွေထဲမှာ ကုသမှုနည်းလမ်းတွေပါဝင်နေသလို ကာကွယ်တဲ့နည်းလမ်းတွေလည်းပါဝင်လို့နေပါတယ်။ တိုးတက်လာမှုထဲမှာ အိမ်ထောင်သည်အမျိုးသမီးတွေအတွက် အဓိကကျတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်လို့ဆိုရမယ့် သားဆက်ခြားနည်းတွေပါ ပါဝင်နေပါတယ်။

    သန္ဓေတားသောက်ဆေး အကြောင်းတစေ့တစောင်း

    သန္ဓေတားသောက်ဆေး (OCP) က ကိုယ်ဝန်မရရှိအောင်ကာကွယ်ပေးတဲ့ဆေးဝါးတစ်မျိုးပါ။ သန္ဓေတားသောက်ဆေးတွေမှာ အက်စထရိုဂျင်ဟော်မုန်းပါဝင်တဲ့ သန္ဓေတားသောက်ဆေးရှိသလို ၊ အက်စထရိုဂျင်ရော ပရိုဂျက်စတင်ပါပါဝင်နေတဲ့ သန္ဓေတားသောက်ဆေးလည်းရှိပါတယ်။ သန္ဓေတားသောက်ဆေးတွေကိုသေသေချာချာသောက်သုံးမယ်ဆိုရင် မမျှော်လင့်ဘဲကိုယ်ဝန်ရရှိတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

    သန္ဓေတားသောက်ဆေးကို ၁၉၆၀ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးအတည်ပြုပေးခဲ့တာဖြစ်ပြီး သန္ဓေတားသောက်ဆေးက လူကြိုက်အများဆုံး သားဆက်ခြားနည်းတစ်ခုဖြစ်လာခဲ့ပါတယ်။ အခုလက်ရှိ ကမ္ဘာတစ်လွှားက အမျိုးသမီး သန်း ၁၀၀ကျော်က သန္ဓေတားသောက်ဆေးကို အသုံးပြုနေကြပါတယ်။ ၂၀၁၂ ခုနှစ်ကကောက်ယူခဲ့တဲ့ စာရင်းတွေအရ အမေရိကန်ပြည်ထောင်စုက အမျိုးသမီး ၁၆ ရာခိုင်နှုန်းက သန္ဓေတားသောက်ဆေးကိုသောက်သုံးနေကြပြီး အသက် ၁၆ နှစ် ကနေ ၄၉ နှစ်ကြားအရွယ်ရှိတဲ့ ယူကေအမျိုးသမီး ၃ ပုံ ၁ ပုံခန့်နဲ့ ဂျပန်အမျိုးသမီး ၁ ရာခိုင်နှုန်းတို့လည်း သန္ဓေတားသောက်ဆေးကို အသုံးပြုနေကြတယ်၊လို့ သိရပါတယ်။

    သန္ဓေတားသောက်ဆေးကိုစတင်ပေါ်လာတဲ့အချိန်ကစလို့ လိုအပ်ချက်တွေကိုပြုပြင်ရင်းကောင်းသထက်ကောင်းအောင်ပြင်ဆင်ထုတ်လုပ်လာခဲ့ကြတာဖြစ်ပြီး လက်ရှိအချိန်မှာဆိုရင် သန္ဓေတားသောက်ဆေးတွေကဘေးထွက်ဆိုးကျိုးနည်းပြီး ထိရောက်တဲ့ သားဆက်ခြားနည်းတစ်မျိုးဖြစ်လို့လာပါတယ်။

    လေဒီယာ ရိုစာလိုမျိုး သန္ဓေတားသောက်ဆေးဆိုရင် ဆေးဝါးပမာဏအနည်းငယ်သာပါတဲ့ သားဆက်ခြားသောက်ဆေးဖြစ်ပြီး သန္ဓေတားဖို့အတွက် အသုံးပြုလို့ရသလို ရာသီလာချိန်အလွန်အမင်းကိုက်ခဲခြင်းဝေဒနာများအတွက်ပါ သောက်သုံးလို့ရပါတယ်။

    နေ့စဉ်သန္ဓေတားသောက်ဆေးဆိုတာ

    နေ့စဉ်သန္ဓေတားသောက်ဆေးဆိုတာက တစ်နေ့တစ်လုံးပုံမှန်သောက်ပေးရုံနဲ့ အမျိုးသမီးတွေကို ကိုယ်ဝန်မရအောင်ကာကွယ်ပေးနိုင်တဲ့သောက်ဆေးတစ်မျိုးပါ။ သန္ဓေတားသောက်ဆေးတွေက သားအိမ်ခေါင်းအချွဲတွေကို ထူစေပြီး မျိုးဥအိမ်တွေကနေ မျိုးဥတွေထုတ်လုပ်မှုကို တားဆီးပေးပါတယ်။ သန္ဓေတားဆေးသောက်ဆေးမှာprogestin နဲ့ estrogenဟော်မုန်း နှစ်မျိုးပါတဲ့ဆေးရှိသလိုprogestinဟော်မုန်းတစ်မျိုးထဲပါတဲ့ဆေးလည်းရှိပါတယ်။ တတ်သိနားလည်တဲ့သူနဲ့ တိုင်ပင်ပြီးမှသောက်သုံးဖို့တော့ မမေ့ပါနဲ့။

    သန္ဓေတားသောက်ဆေးတွေက အမျိုးသမီးတိုင်းနဲ့သင့်တော်ရဲ့လား

    သန္ဓေတားသောက်ဆေးက အကောင်းဆုံးသော သားဆက်ခြားနည်းဆိုပေမယ့် အခုလိုမျိုး လက္ခဏာတွေရှိရင်တော့ မသောက်သုံးသင့်ပါဘူးလို့ပြောပါရစေ။

    ဒီအချက်လေးသိထားဖို့လိုပါမယ်

    estrogen နဲ့ progestinဟော်မုန်းတွေပါဝင်နေတဲ့ သန္ဓေတားဆေးတွေသောက်သုံးနေချိန်မှာဆေးလိပ်သောက်သုံးမယ်ဆိုရင် နှလုံးထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။ အသက် ၃၅ နှစ်နဲ့အထက်ဖြစ်နေပြီးဆေးလိပ်သောက်သုံးတဲ့ လေဒီတွေအနေနဲ့ကတော့estrogen နဲ့ progestinဟော်မုန်းတွေပေါင်းစပ်ပါဝင်နေတဲ့ သန္ဓေတားဆေးမျိုးကိုသောက်သုံးမယ်ဆိုရင် ရုတ်တရက် နှလုံးရပ်တာ၊သွေးခဲတာနဲ့လေဖြတ်တာတွေဖြစ်နိုင်တာကြောင့် မသောက်သုံးသင့်ပါဘူး။

    အမျိုးသမီးတွေအနေနဲ့ သန္ဓေတားသောက်ဆေးသောက်သုံးမယ်ဆိုရင် ဆရာဝန်ထံသွားပြီး ကိုယ့်ရဲ့ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ မိသားစုမှာ နှလုံးရောဂါဖြစ်ဖူးတဲ့ ရာဇဝင်ရှိလားဆိုတာနဲ့ ဆေးလိပ်သောက်တတ်တယ်ဆိုရင် တစ်နေ့ကို စီးကရက်ဘယ်လောက်ထိသောက်လဲဆိုတာတွေကိုပြောပြဖို့ လိုပါလိမ့်မယ်။

    သန္ဓေတားသောက်ဆေးက ဘယ်လောက်ထိ ထိရောက်မှုရှိသလဲ

    သန္ဓေတားသောက်ဆေးတွေကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်းသေသေချာချာသောက်သုံးမယ်ဆိုရင်တော်တော်လေးထိရောက်မှုရှိပါတယ်။ သန္ဓေတားသောက်ဆေးကို အချိန်မှန် တစ်နေ့တစ်လုံးပုံမှန်သောက်သုံးမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေကို ၉၉ ရာခိုင်နှုန်းလောက်အထိကာကွယ်ပေးနိုင်ပါတယ်။နေ့စဉ်ပုံမှန်သောက်ပေမယ့် အချိန်မှန်မသောက်မိတာ၊ တစ်ရက်တလေလောက်မေ့လျော့တာမျိုးရှိခဲ့ရင်တောင်မှ ၉၃ ရာခိုင်နှုန်းကနေ ၉၇ ရာခိုင်နှုန်းလောက်အထိ ကာကွယ်မှုပေးနိုင်ပါတယ်။ သန္ဓေတားဆေးကို ပုံမှန်မသောက်ဖြစ်တာကြောင့် ကိုယ်ဝန်ရရှိသွားတဲ့ လက္ခဏာမျိုးရှိခဲ့ရင်တော့ ဆရာဝန်နဲ့သွားရောက်တိုင်ပင်ဖို့လိုပါမယ်။

    သန္ဓေတားသောက်ဆေးကို ဒါတွေအတွက်လည်းသုံးလို့ရပါတယ်

    သန္ဓေတားသောက်ဆေးတွေကို ကိုယ်ဝန်မရရှိအောင်ကာကွယ်ဖို့တင်မဟုတ်ဘဲ ဒီလိုလည်းသုံးလို့ရပါတယ်။

    • ရာသီလာစဉ်ကိုက်ခဲနာကျင်တာသက်သာစေဖို့
    • ရာသီထိန်နေတာကိုပြန်ပေါ်စေဖို့
    • ဝက်ခြံတွေသက်သာစေဖို့
    • မျိုးဥအိမ် နဲ့ သားအိမ်ကင်ဆာတွေဖြစ်နိုင်ခြေကို ကျဆင်းစေဖို့
    • သားအိမ်ထဲမှာ အလုံးတည်တာ၊ မျိုးဥအိမ်ထဲမှာ အလုံးအဖုလေးတွေဖြစ်တာ၊ ရင်သားမှာဖြစ်တဲ့ အကျိတ်အဖုတွေအတွက်လည်း သန္ဓေတားသောက်ဆေးကို သုံးလို့ရပါတယ်။

    သန္ဓေတားသောက်ဆေးကိုသောက်သုံးပေးတာကနေ့စဉ်သောက်သုံးရတာဖြစ်တာကြောင့် သတိထားဖို့လိုတယ်ဆိုပေမယ့် ကိုယ်ဝန်ရနိုင်ခြေကိုတော်တော်လေးနည်းစေနိုင်ပါတယ်။နောက်ထပ်အားသာချက်တစ်ခုက လိင်ဆက်ဆံရာမှာ အနှောင့်အယှက်လုံးဝမဖြစ်တာပါ။ဈေးနှုန်းလည်းသင့်တင့်ပြီး အသုံးပြုရတာလည်းလွယ်ကူလှပါတယ်။ နှစ်ပေါင်း ၄၀ကျော်လေ့လာသုတေသနပြုမှုတွေအရ သန္ဓေတားသောက်ဆေးတွေကရေရှည်အတွက်လည်းကောင်းသလို ခန္ဓါကိုယ်မှာထိခိုက်တာမျိုးလည်းမရှိပါဘူး။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement