နှစ်ကိုယ်ကြားဆက်ဆံရေးက ဒီလိုကောင်းကျိုးလေးတွေရနိုင်ပါသတဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 23, 2020 . 3 mins read
Share now

လိင်မှုကိစ္စဆိုတာ ကျွန်တော်တို့ လူသားတွေရဲ့ နေ့စဉ်ဘဝအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာမှာ ပါဝင်နေတယ်ဆိုတာတော့ ငြင်းလို့မရပါဘူး။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လိင်မှုဘဝသာယာမှ ပိုပိုပြီး ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေထိုင်နိုင်မှာပါ။ ဒါဆိုရင် လိင်မှုဘဝက ကိုယ့်ရဲ့ နေ့စဉ်ကျန်းမာရေးကို ဘယ်လိုသက်ရောက်မှုရှိစေနိုင်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ အအေးမိ၊ တုပ်ကွေးဖျားနာခြင်း ကင်းဝေးစေတယ်။

တစ်ပတ်မှာ အနည်းဆုံး ၃ကြိမ်ခန့် လိင်ဆက်ဆံခြင်း ပြုတဲ့ သူတွေမှာ ကိုယ်ခံအားစနစ်ပိုကောင်းပြီး antibody immunoglobulin A လို့ ခေါ်တဲ့ ရောဂါ၊ ဘက်တီးရီးယားတွေကို ခုခံတားဆီးပေးတဲ့ ပဋိပစ္စည်းတွေ အများအပြား ထွက်ရှိပါတယ်။ လူတစ်ယောက်က ခုခံအားကောင်းနေပြီဆိုမှတော့ အလွယ်တကူ အအေးမိဖျားနာတာတွေ မဖြစ်နိုင်တော့ဘူးပေါ့။

၂။ ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်။

လိင်ဆက်ဆံနေချိန်မှာ သွေးလည်ပတ်မှုကောင်းစေပြီး နှလုံးခုန်နှုန်းကို မြန်စေတယ်။ ၂ယောက်အတူ လုပ်ဆောင်ရတဲ့ လေ့ကျင့်ခန်းမျိုးဖြစ်တဲ့အတွက် ပိုပြီး ပျော်ဖို့ကောင်းတဲ့အပြင် သွေးထဲမှာရှိတဲ့ မကောင်းတဲ့ ကယ်လိုရီတွေကိုပါ လောင်ကျွမ်းစေနိုင်ပါတယ်။ တီဗီရှေ့မှာ ထိုင်ပြီး ရုပ်ရှင်တွေပဲ ကြည့်နေမယ့်အစား ကိုယ်ချစ်ရတဲ့သူနဲ့ ကြည်ကြည်နူးနူး လိင်ဆက်ဆံလိုက်ပါ။

၃။ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်။

ကျန်းမာတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ထားကြသူတွေဟာ တခြားသူတွေထက် ပိုပြီး အသက်ရှည်ရှည်နေနိုင်တယ်လို့ ဆိုထားပါတယ်။ ဘာကြောင့်လဲဆိုတော့ နှလုံးက ပုံမှန်အလုပ်လုပ်နေရတဲ့အပြင် သွေးစီးဆင်းမှု မြန်စေတဲ့အတွက် နှလုံးအမောဖောက်တာ၊ ရုတ်တရက်သတိလစ်တာ၊ နှလုံးအားနည်းတာအပြင် တခြားသော နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်လို့ပါပဲ။

၄။ ဟော်မုန်းမျှခြေကို ထိန်းညှိပေးတယ်။

ကိုယ်ခန္ဓာက ဟော်မုန်းတွေ ပုံမှန်ထုတ်လုပ်ပေးနေတဲ့အခါ စိတ်နဲ့ ခန္ဓာကျန်းမာရေးအတွက်သာမက ကိုယ်တွင်းဆဲလ်တွေ၊ တစ်ရှူးတွေကို ပြုပြင်ပေးတယ်။ မိန်းကလေးတွေမှာ ပုံမှန်ရာသီစက်ဝန်းမှန်စေဖို့၊ သွေးဆုံးချိန်မှာ မကောင်းတဲ့ လက္ခဏာတွေ သိပ်မဖြစ်စေဖို့ ကူညီပေးတယ်။ ဒါ့အပြင် ကျန်းမာသွက်လက်စေဖို့၊ လိင်ဆက်ဆံချင်စိတ်ကို ဖြစ်စေဖို့ ဟော်မုန်းတွေကိုလည်း ပိုမိုထုတ်လွှတ်ပေးနိုင်ပါတယ်။

၅။ ခေါင်းကိုက်တာ၊ နာကျင်ကိုက်ခဲတာကို ပျောက်ကင်းသက်သာစေတယ်။

လိင်ဆက်ဆံနေစဉ်မှာ ကိုယ်ခန္ဓာက နာကျင်မှုကို သက်သာစေတဲ့ အောက်စီတိုစင်ဟော်မုန်း (Oxytocin) တွေကို ထုတ်လွှတ်ပေးပါတယ်။ ဒီဟော်မုန်းတွေ ခန္ဓာကိုယ်ထဲမှာ များလာတဲ့အခါ ခေါင်းမူးခေါင်းကိုက်တာ၊ ကြွက်သားနာကျင်ကိုက်ခဲတဲ့ ဝေဒနာကို သက်သာစေပြီး လျင်မြန်စွာ ပျောက်ကင်းစေနိုင်ပါတယ်။

၆။ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပြီး သွေးတိုးကျစေတယ်။

စိတ်နဲ့ လိင်ကျန်းမာရေးဟာ အမြဲဆက်စပ်မှုရှိတယ်ဆိုတာ သိထားကြမယ်ထင်ပါတယ်။ စိတ်ကျန်းမာမှ လိင်မှုကိစ္စကို ကောင်းစွာ ထမ်းဆောင်နိုင်မယ်။ လိင်မှုဘဝသာယာမှ ကျွန်တော်တို့ နေ့စဉ် ကြုံတွေ့နေရတဲ့ စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေ၊ စိတ်ဝေဒနာတွေကို လျှော့ချပေးနိုင်မှာပါ။ ဒါ့အပြင် ညဘက်တွေမှာ ကောင်းစွာအိပ်ပျော်နိုင်စေတယ်။ သွေးလည်ပတ်မှုကောင်းစေလို့ သွေးတိုးရောဂါရှင်တွေအနေနဲ့လည်း ပုံမှန်လိင်ဆက်ဆံခြင်းဖြင့် သွေးတိုးကျစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။

၇။ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ နည်းစေတယ်။

လေ့လာတွေ့ရှိချက်အရ အသက် ၂၀ မှ ၅၀ အတွင်း ပုံမှန်လိင်ဆက်ဆံပြီး သုက်လွှတ်လေ့ရှိတဲ့ အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ ဆီးကျိတ်ကင်ဆာ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်မှာ ၅ကြိမ်ခန့် ကိုယ့်ချစ်သူနဲ့ လိင်ဆက်ဆံတာဖြစ်စေ၊ တစ်ကိုယ်ရေ အာသာဖြေတာဖြစ်စေ သုက်လွှတ်ပေးနိုင်ရင် ပိုကောင်းပါတယ်။

၈။ ရင်သားကင်ဆာကို ကာကွယ်ပေးတယ်။

အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါတွေထဲမှာ ရင်သားကင်ဆာဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ဒီလိုရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ဖို့ ပုံမှန် မိန်းမကိုယ်နဲ့ လိင်ဆက်ဆံခြင်း ပြုပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

၉။ စိတ်ပျော်ရွှင်စေတယ်။

လိင်မှုဘဝသာယာရင် ကိုယ်ခန္ဓာအတွက်သာမက စိတ်ကျန်းမာရေးအတွက်ပါ ကောင်းကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။ စိတ်ကို ပေါ့ပါးလန်းဆန်းစေတယ်။ စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး လူကို ပျော်ရွှင်စေတယ်။ အလုပ်ခွင်မှာလည်း ပိုပြီး အာရုံစူးစိုက်လာနိုင်စေတယ်။ အထီးကျန်စိတ်ရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တဲ့အပြင် မိမိကိုယ်ကိုယ် ပိုတန်ဖိုးထားတတ်လာမှာပါ။

၁၀။ ကိုယ်ဝန်ဆိပ်မတက်ခင် ရှေ့ပြေးအဆင့်ကို ကာကွယ်ပေးနိုင်တယ်။

အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နေစဉ် ရက်သတ္တပတ် ၂၀ နောက်ပိုင်းမှာ ကိုယ်ဝန်ဆိပ်တက်တဲ့ အခြေအနေ ဖြစ်ပွားတတ်ပါတယ်။ ကိုယ်ဝန်ကာလ အစောပိုင်းနဲ့ မီးဖွားပြီး ၄၅ရက်အတွင်းမှာလည်း ကိုယ်ဝန်ဆိပ်တက်နိုင်ပါတယ်။ လေ့လာတွေ့ရှိချက်အရ အမျိုးသားနဲ့ လိင်ဆက်ဆံမှု ပုံမှန်ပြုလုပ်တဲ့အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်စဉ် ကိုယ်ဝန်ဆိပ်တက်ခြင်း မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

၁၁။ အနံ့ခံအာရုံကို ကောင်းစေတယ်။

အမျိုးသားရော၊ အမျိုးသမီးတွေမှာ လိင်စိတ်ဆန္ဒ အထွတ်အထိပ် ရောက်ပြီးချိန်မှာ ပရိုလက်တင်ဟော်မုန်း (Prolactin) တွေကို ထုတ်လွှတ်ပေးပါတယ်။ ဒီဟော်မုန်းဟာ ဦးနှောက်အတွင်းမှာ ရှိတဲ့ အနံ့ခံအာရုံနဲ့ ဆက်စပ်နေတဲ့ ပင်မဆဲလ်တွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါ့အပြင် ပရိုလက်တင်ဟော်မုန်း မြင့်တက်လာမှုဟာ ကိုယ့်အတိတ်မှာ ဖြစ်ဖူးတဲ့ အမှတ်တရ၊ အခိုက်အတန့်လေးတွေကို သိမ်းဆည်းပေးရာမှာလည်း ကူညီပေးပါတယ်။

၁၂။ ဆီးထိန်းနိုင်စွမ်း ကောင်းစေတယ်။

အသက်ကြီးလာတာနဲ့အမျှ ဆီးကို သေချာမထိန်းနိုင်တော့ဘဲ ဆီးထွက်ကျတာ၊ ဆီးယိုစိမ့်မှု ဖြစ်တာ၊ ဆီးသွားပြီးပေမယ့် ဆီးမကုန်ဘဲ ကျန်နေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ပုံမှန်လိင်ဆက်ဆံတဲ့သူတွေမှာ အသက်ကြီးလာရင် ဖြစ်တတ်တဲ့ ဆီးမထိန်းနိုင်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ပြီး ဆီးနိုင်စေဖို့ ကူညီပေးပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ရေဓာတ်ခန်းခြောက် ခြင်းက လူတိုင်းအတွက် မကောင်းပေမယ့် ဆီးချို နဲ့ ရောဂါအခံရှိသူတွေအတွက် ထိခိုက်မှုက ပိုများပါတယ်။ သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော (malt) လို့ ပြောလိုက်ရင် အရင်ဆုံး ပြေးမြင်တာ ဘာလဲ။ malted milk လား။ မုယော အားဖြည့်အချိုရည်တွေလား .......................................

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်။ အုန်းသီးကတင် စားလို့ရပြီး ဆေးဖက်ဝင်တာ မဟုတ်ပါဘူး။ အုန်းလက်၊ အုန်းမြစ်တွေကရော ဘယ်လို ဆေးဖက်ဝင်တာလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး တွေက ဘာတွေများ ဖြစ်မလဲ။ မျက်လုံး ဓာတ်မတည့်မှုကို မြန်မြန် သက်သာစေနိုင်ဖို့အတွက် ......

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 11, 2021 . 2 mins read
ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 10, 2021 . 2 mins read
ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read