လိင်တံပေါ်မှာ ပေါက်တဲ့ ဝဲခြောက် ယားနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
Share now

သာမန်လူတစ်ယောက်ရဲ့ မျက်လုံးနဲ့ မမြင်နိုင်တဲ့ Sarcoptes Scabiei ဆိုတဲ့ ကပ်ပါးရောဂါပိုးဟာ အရေပြားထဲ ဝင်ရောက်ကူးစက်ရာကနေ ဝဲခြောက် ယားနာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ရဲ့ လိင်တံပေါ်မှာ ယားယံတဲ့ အကွက်တွေထတာဆိုရင် ဝဲခြောက်ပေါက်တာ ဖြစ်နိုင်ပါတယ်။

လိင်တံပေါ်က ဝဲခြောက် ယားနာရဲ့ လက္ခဏာက ဘာတွေလဲ။

လိင်တံအရေပြား ပတ်လည်မှာ အလွန်အမင်း ယားယံတဲ့ ဝေဒနာကို ခံစားရမယ်။ ယားနေတဲ့ အရေပြားပေါ်မှာ သေးပြီး ဝက်ခြံလိုပုံစံဖြစ်နေတဲ့ အဖုလေးတွေ ထနေမယ်။ လိင်တံသာမက ကပ္ပာယ်အိတ်၊ ပေါင်ခြံတွေအထိပါ ကူးစက်နိုင်ပါတယ်။ ကပ်ပါးရောဂါပိုးတွေ ကူးစက်ခံရပြီး ၄ပတ် မှ ၆ပတ်အတွင်း ဝဲခြောက် စတင် ဖြစ်ပေါ်လာပါတယ်။

ဝဲခြောက်တွေက ဘာလို့ အရမ်းယားတာလဲ။

ကပ်ပါးရောဂါပိုးတွေဟာ အရေပြားထဲကို ထိုးဖောက်ဝင်ရောက်ပြီး တစ်ကောင်နဲ့ တစ်ကောင် မျိုးပွားပါတယ်။ မျိုးပွားပြီးနောက် အသားထဲမှာ ဥတွေ ချန်ထားခဲ့ပါတယ်။ ဒီဥတွေကြောင့် ဝက်ခြံလိုမျိုး သေးငယ်ပြီး ယားတဲ့ အဖုပုံစံ ဖြစ်လာရတာပါ။ အထူးသဖြင့် ကပ်ပါးပိုးတွေ ထိုးဖောက်ထားတဲ့ လမ်းကြောင်းတစ်လျှောက်မှာ အဖြူရောင်မျဉ်းလေးတွေကို မြင်ရပါတယ်။ ဝဲခြောက် တွေဟာ အလွန်အမင်းယားယံစေပြီး မကြာခဏ ကုတ်တဲ့အခါ အရေပြားပွန်းပဲ့ပြီး လက်သည်းကနေ ပိုးဝင်ကာ အနာပိုဆိုးသွားနိုင်ပါတယ်။ အထူးသဖြင့် ညဘက်အချိန်တွေမှာ ကပ်ပါးပိုးတွေ ပိုမိုလှုပ်ရှားတဲ့အတွက် ယားယံမှုဟာ ပိုပြီး ပြင်းထန်ပါတယ်။

လိင်တံပေါ်မှာ ပေါက်တဲ့ ဝဲခြောက် ယားနာ

ဝဲခြောက် တွေဟာ သင့်ဆီကို ဘယ်လိုနည်းနဲ့ ကူးစက်နိုင်လဲ။

အရေပြားချင်းထိတွေ့မှုကနေ အဓိကကူးစက်ပြီး ပျံ့နှံ့မှုနှုန်း အရမ်းမြန်ပါတယ်။ ပိုးမွှားရှိတဲ့သူနဲ့ လိင်ဆက်ဆံမိတာ၊ တစ်ဦးထက် မကသော လိင်ဆက်ဆံဖော်တွေနဲ့ အမြဲလိုလို ဆက်ဆံမှုရှိတဲ့သူတွေမှာ ကူးစက်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ကပ်ပါးပိုးရှိသူရဲ့ အဝတ်အစား၊ အတွင်းခံဘောင်းဘီတွေကို ယူဝတ်တာ၊ အိပ်ရာခင်းတစ်ခုထဲမှာ အတူတူအိပ်တာကြောင့်လည်း ကူးစက်နိုင်ပါတယ်။

သိထားရမှာကတော့ ဝဲခြောက်ကို ဖြစ်စေတဲ့ ကပ်ပါးပိုးဟာ တိရစ္ဆာန်ကနေ လူကို ကူးစက်တာမဟုတ်ဘဲ လူအချင်းချင်းသာ ကူးစက်နိုင်တာ ဖြစ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိတဲ့ အမျိုးသားတွေမှာ ယားယံတဲ့ ဝေဒနာ ပိုပြင်းထန်တတ်ပြီး ဝဲခြောက်ထဲကို ဘက်တီးရီးယားပိုးဝင်ရာကနေ အရေပြားရောဂါတွေ ဖြစ်ပြီး ကုသဖို့ ပိုမိုခက်ခဲနိုင်ပါတယ်။

ဝဲခြောက် ရှိတယ်ဆိုတာ ဘယ်လိုစစ်ဆေးမလဲ။

အကောင်းဆုံးကတော့ လိင်တံနေရာတစ်ဝိုက်မှာ မခံမရပ်နိုင်အောင် ယားယံနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်သင့်ပါတယ်။ ဝဲခြောက်ကြောင့်လည်း ဖြစ်နိုင်သလို တခြားအရေပြားရောဂါတွေ ဖြစ်တဲ့ နှင်းခူ၊ မွေးညှင်းပေါက် ရောင်ရမ်းခြင်း၊ ဆီးခုံမွေး သန်း၊ မွှားကောင် တွယ်ခြင်း၊ ကာလသားရောဂါ၊ လိင်အင်္ဂါအနာပေါက်တာ၊ ပေါင်ခြံပွေးပေါက်တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

လိင်တံပေါ်မှာ ပေါက်တဲ့ ဝဲခြောက် ယားနာ

ဝဲခြောက်ယားနာတွေကို ကုသပျောက်ကင်းနိုင်လား။

အချိန်ပေးပြီး ဆရာဝန်ညွှန်းပေးတဲ့ ဆေးအညွှန်းအတိုင်း သောက်ဆေး၊ လိမ်းဆေး မှန်မှန်သုံးစွဲပေးမယ်ဆိုရင်တော့ ပျောက်ကင်းနိုင်တဲ့ အရေပြားပြဿနာဖြစ်ပါတယ်။ နေ့စဉ် ရေပူရေနွေးနဲ့ ရေချိုး၊ ရေစိမ်ပေးပါ။ ယားယံမှုကို သက်သာစေဖို့ လိမ်းဆေးလိမ်းပါ။ မလိမ်းခင်မှာ လိင်တံနဲ့ ပေါင်ခြံတစ်ဝိုက်ကို ရေခြောက်သွားအောင် သေချာသုတ်ပေးဖို့ လိုအပ်ပါတယ်။

ကုသမှုခံယူနေစဉ် ကိုယ့်ရဲ့ အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ အိပ်ရာခင်းတွေကို အပူချိန် ၅၀ ဒီဂရီ ဆဲလ်စီးယပ်ရှိတဲ့ ရေပူထဲမှာ ၁၀ မိနစ်ခန့် စိမ်ပြီးမှ လျှော်ပါ။ လျှော်ဖွပ်လို့မရတဲ့ ကြမ်းခင်း၊ ကော်ဇော်တွေကို အမြဲဖုန်စုပ်စက်နဲ့ သန့်ရှင်းရေးလုပ်ပါ။ သန့်ရှင်းပြီးတာနဲ့ ဖုန်တွေ၊ အမှိုက်တွေအကုန်လုံးကို အိတ်နဲ့ အလုံပိတ်ပြီး ပစ်ရပါမယ်။ ကပ်ပါးပိုးတွေဟာ ခန္ဓာကိုယ်ပြင်ပမှာ ၇၂နာရီထိ အသက်ရှင်နိုင်တဲ့အတွက် အမှိုက်ကို စနစ်တကျ စွန့်ပစ်ဖို့တော့ လိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဖွားဘက်တော်လေး ထွားဖို့ သန်ဖို့ P-Shot ဆေးထိုးသင့်သလား

P-Shot ဆိုတာက သွေးတွင်း platelet-rich plasma (PRP) ကိုရယူပြီး လိင်အင်္ဂါဆီ ထိုးသွင်းတာပါ။ ဒီနည်းဟာ လိင်အင်္ဂါ ပိုဖွံ့ထွားစေပြီး စွမ်းဆောင်ရည်း မြင့်စေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအကြောင်း တစေ့တစောင်း

ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း ကျန်းမာရေးက လူတစ်ယောက် ကျန်းမာဖို့အတွက် အတော်လေး ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

COVID-19 က အမျိုးသားတွေကို ပိုပြီး ထိခိုက်စေနိုင်မလား။

COVID-19 က အမျိုးသားတွေမှာ ပိုဖြစ်နိုင်သလား။ အမျိုးသားတွေ ကြားထဲမှာ ဖြစ်နှုန်းတွေ၊ သေနှုန်းတွေ များနေတာ၊ နောက်ဆက်တွဲတွေ ခံစားရတာ ဘာကြောင့်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

COVID-19 ကြောင့် ညိုးနွမ်းသွားနိုင်တဲ့ အမျိုးသားတို့ဘဝ

COVID-19 ရဲ့ ကူးစက်ခံရပြီး ပြန်ကောင်းလာတဲ့ အမျိုးသားတွေမှာ လိင်တံမထောင်မတ်တာကို တွေ့လာရပါတယ်။ ကိုဗစ်ကြောင့်လား တခြားကြောင့်လားဆိုတာ ဆက်လက်လေ့လာရပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အမျိုးသားတွေရော ချဉ်ခြင်းတပ် ကြသလား

အမျိုးသားတွေရော ချဉ်ခြင်းတပ် ကြသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 2 mins read
ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 27, 2021 . 2 mins read
ကူးစက်နိုင်သည့် အရေပြားရောဂါများ

ကူးစက်နိုင်သည့် အရေပြားရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 12, 2021 . 3 mins read