ခွဲစိတ်ခြင်းဟာ အဆုတ်သွေးကြောပိတ်ဆို့နိုင်ခြေ များစေသလား
အဆုတ်သွေးကြောသွေးခဲပိတ်ဆို့ခြင်း (Pulmonary Embolism) ဟာ ခြေထောက်ပိုင်းက သွေးကြောတွေထဲမှာ စတင်ဖြစ်ပေါ်လာတဲ့ သွေးခဲများ အဆုတ်ဆီကို ရောက်လာရာကနေ ဖြစ်ပွားပါတယ်။ ကိုယ်ခန္ဓာရဲ့ တခြားအစိတ်အပိုင်းတွေတွေကနေလည်း ရောက်လာနိုင်ပါတယ်။ အဲဒီလိုမျိုး ကိုယ်ခန္ဓာ အစိတ်အပိုင်းတနေရာရာမှာ ဖြစ်ပေါ်နေတဲ့ သွေးခဲဟာ သူ့နေရာကနေ ပြုတ်ထွက်ပြီး သွေးလည်ပတ်မှုစနစ်ထဲရောက်လာတတ်ပါတယ်။ နောက်ဆုံး အဆုတ်သွေးကြောတွေဆီကို ရောက်ရှိပြီး ပိတ်ဆို့သွားတဲ့အခါ အသက်အန္တရာယ်ကြုံနိုင်ပါတယ်။ အဆုတ်သွေးကြောပိတ်ဆို့တဲ့အခါ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ သတိလစ်ချင်သလိုဖြစ်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ အဆုတ်သွေးကြောပိတ်ဆို့ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ များစွာရှိပါတယ်။ ဆေးရုံတက်ရောက်ချိန် အထူးသဖြင့် ခွဲစိတ်ကုသပြီးချိန်မှာ ကြုံတွေ့ရတတ်ပါတယ်။ ယေဘုယျအားဖြင့် ခွဲစိတ်ပြီးချိန်မှာ ဆေးရုံမှာရော အိမ်မှာပါ သေချာစွာ ဂရုတစိုက်ပြုစုကုသရင် ကာကွယ်နိုင်ပါတယ်။ အဓိကဖြစ်ပေါ်ရခြင်းဟာ အိပ်ရာထဲမှာ အချိန်အတော်ကြာ လဲလျောင်းနေရလို့ ဖြစ်ပါတယ်။ လမ်းမလျှောက်ဘဲ၊ ခြေထောက်များကို မလှုပ်ရှားဘဲနေတာ ကြာလာတဲ့အခါ သွေးလည်ပတ်မှု သိပ်မကောင်းတော့ပါဘူး။ […]