- အထက်ဖော်ပြပါ ရောဂါများရှိခြင်း
- ခန္ဓါကိုယ်တွင်း အရည်ထိန်းသိမ်းမှုကို ထိခိုက်စေသော ဆေးဝါးများနှင့် ကင်ဆာရောဂါကုသမှု ခံယူနေခြင်းတို့ ဖြစ်ပါတယ်။
အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ အဆုတ်ထဲရေဝင်ခြင်းမဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Pleural Effusion (အဆုတ်ထဲရေဝင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆရာဝန်က စမ်းသပ်ခြင်းဖြင့် သိနိုင်ပါတယ်။ နားကြပ်ဖြင့်နားထောင်ခြင်း၊ ရင်ဘတ်ကို ပုတ်ကြည့်ခြင်းတို့ ပြုလုပ်ပါလိမ့်မယ်။ ဓါတ်မှန်၊ CT ကဲ့သို့ စစ်ဆေးမှုများဟာ အဆုတ်ထဲမှာ အရည်ဘယ်လောက်စုမိနေလဲ သိနိုင်ပါတယ်။
အဆုတ်အမြှေးပါးကို အပ်ကလေးနဲ့ဖောက်ပြီး အရည်ကို နမူနာယူ စစ်ဆေးကြည့်နိုင်ပါတယ်။ ဒီစစ်ဆေးမှုကနေ အရည်ဟာ ရောဂါပိုးကြောင့်စုသလား အခြားအကြောင်းကြောင့်လားဆိုတာ သိနိုင်ပါတယ်။ အရည်နမူနာကို ကင်ဆာဆဲလ်ရှိမရှိနဲ့ ပရိုတင်းပမာဏစစ်ဆေးမှုလည်း ပြုလုပ်နိုင်ပါတယ်။
Pleural Effusion (အဆုတ်ထဲရေဝင်ခြင်း) ကို ဘယ်လိုကုသပါသလဲ
ကုသမှုမှာ ရောဂါရဲ့အကြောင်းရင်းခံကို ကုသခြင်းနဲ့ လူနာကို ဝေဒနာသက်သာအောင် ကူညီခြင်းတို့ ပါဝင်ပါတယ်။ ရောဂါရဲ့ အကြောင်းအရင်းပေါ်မူတည်ပြီး ကုသပုံ ကွဲပြားပါတယ်။ ရောဂါပိုးကြောင့်ဖြစ်လျှင် ပဋိဇီဝဆေးကို သုံးပြီး အရည်ပမာဏကို တဖြည်းဖြည်းလျှော့ချဖို့ ဆီးဆေးများကို သုံးပါတယ်။
အကြောင်းအရင်းခံဖြစ်တဲ့ရောဂါ ကုသပြီးလျှင် ရေဝင်ခြင်းက အလိုလိုသက်သာသွားမှာ ဖြစ်တဲ့အတွက် သူ့ကို သက်သက်ကုသဖို့ မလိုပါ။ အရည်တွေစုခြင်းကြောင့် နေရခက်လာခဲ့လျှင် ဆရာဝန်က အရည်ကိုစုပ်ထုတ်ပေးပါလိမ့်မယ်။
အဆုတ်ထဲရေဝင်ခြင်းအတွင် အခြားကုသမှုတွေကတော့
- အဆုတ်ဖုံးမြှေးကို ကပ်စေခြင်း။ အနည်းငယ်ရောင်ရမ်းစေတဲ့ အထူးဆေးရည်တမျိုးကို သင့်အဆုတ်ဖုံးမြှေးထဲထိုးထည့်ပြီး အရည်များနောက်ထပ်စုလာခြင်းကို ကာကွယ်နိုင်ပါတယ်။ အသုံးများတဲ့ ပါဝင်ပစ္စည်းများကတော့ tetracycline, bleomycin နဲ့ ပိုးသတ်ထားတဲ့ပေါင်ဒါမှုန့်တို့ ဖြစ်ပါတယ်။ ကင်ဆာကြောင့် မကြာခဏပြန်ဖြစ်တတ်တဲ့ အဆုတ်ထဲရေဝင်ခြင်းတွေမှာ ဒီကုသမှုကို သုံးပါတယ်။
- ပိုက်တစ်ခုကို အမြဲတပ်ထားပြီး အရည်များစုလာပါက စီးဆင်းစေခြင်း
- ရင်ဘတ်ထဲမှ ဗိုက်ထဲသို့ လမ်းလွှဲပိုက်ဖြင့် ခွဲစိတ်ပြီး ဆက်သွယ်ပေးခြင်း
- အဆုတ်ဖုံးမြှေးကို ဖြတ်ထုတ်ခြင်း။ ကင်ဆာရောဂါသည်များနှင့် အခြားနည်းလမ်းများနှင့် ကုသမရတဲ့သူတွေမှာ အဆုတ်ဖုံးမြှေးကို ခွဲစိတ်ဖြတ်ထုတ်ခြင်းဖြစ်ပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အဆုတ်ထဲရေဝင်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် အဆုတ်ထဲရေဝင်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။
- အရက်နှင့် မူးယစ်ဆေးများကို ရှောင်ကြဉ်ပါ။
- သင်ဟာ ကင်ဆာရောဂါကုသမှု ခံယူနေသူဖြစ်ပါက ဖြစ်လာနိုင်တဲ့ဘေးထွက်ဆိုးကျိုးများနဲ့ ဘယ်လိုကာကွယ်ကုသရမယ်ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။