backup og meta

Pleural Effusion (အဆုတ်ထဲရေဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pleural Effusion (အဆုတ်ထဲရေဝင်ခြင်း) ကဘာလဲ။

အဆုတ်ထဲရေဝင်ခြင်းဆိုတာ သင့်အဆုတ်နဲ့ ရင်ခေါင်းကြားထဲမှာ အရည်များစုလာခြင်းဖြစ်ပါတယ်။ အဆုတ်ကို ရင်ခေါင်းထဲမှာ ချောမွေ့စွာလှုပ်ရှားနိုင်စေဖို့ အဆုတ်ထဲမှာအရည်နည်းနည်းရှိတာဟာ ပုံမှန်ဖြစ်ပါတယ်။ အရည်တွေအများကြီးစုပုံလာရင်တော့ အဆုတ်အပေါ်ဖိအားသက်ရောက်ပြီး အသက်ရှူရခက်ခဲနိုင်ပါတယ်။

Pleural Effusion (အဆုတ်ထဲရေဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Pleural Effusion (အဆုတ်ထဲရေဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဆုတ်ထဲရေဝင်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • ချောင်းခြောက်ဆိုးခြင်း
  • ဖျားခြင်း
  • လှဲအိပ်နေစဉ် အသက်ရှူရခက်ခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • အသက်ရှူမဝခြင်းတို့ဖြစ်ပါတယ်။

အရည်တွေစုပုံစေတဲ့ အကြောင်းရင်းရောဂါရဲ့ လက္ခဏာများလည်း ခံစားရနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Pleural Effusion (အဆုတ်ထဲရေဝင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အဆုတ်မှာရောဂါပိုးဝင်ခြင်း/ထိခိုက်မိခြင်းတို့ကြောင့် အဆုတ်ထဲရေဝင်နိုင်ပါတယ်။ အဆုတ်ထဲရေဝင်စေတဲ့ ရောဂါတွေကတော့

  • အဆုတ်ရောဂါပိုးဝင်ခြင်း(နမိုးနီးယား)၊ တီဘီနှင့် ကင်ဆာတို့တွင် အဆုတ်နဲ့ အဆုတ်ဖုံးမြှေးကို ရောင်ရမ်းစေပါတယ်။
  • နှလုံးအမောဖောက်ခြင်း
  • အသည်းခြောက်ခြင်း(အသည်းမကောင်းခြင်း)
  • အဆုတ်သွေးလွှတ်ကြောပိတ်ခြင်း
  • ခန္ဓါကိုယ်တွင်း အရည်ထိန်းသိမ်းမှုကို ထိခိုက်စေသော ကျောက်ကပ်ရောဂါများ
  • အရေပြားလေးဘက်နာနှင့် အခြားခုခံအားစနစ်ဖောက်ပြန်သော ရောဂါများ ဖြစ်ပါတယ်။

ကင်ဆာဆေးသွင်းကုသခြင်း၊ ဓါတ်ရောင်ခြည်ပြခြင်း၊ နှလုံးခွဲစိတ်ခြင်းစတဲ့ ကုသမှုတွေကြောင့်လည်း အဆုတ်ထဲ ရေဝင်စေနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

Pleural Effusion (အဆုတ်ထဲရေဝင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အဆုတ်ထဲရေဝင်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အထက်ဖော်ပြပါ ရောဂါများရှိခြင်း
  • ခန္ဓါကိုယ်တွင်း အရည်ထိန်းသိမ်းမှုကို ထိခိုက်စေသော ဆေးဝါးများနှင့် ကင်ဆာရောဂါကုသမှု ခံယူနေခြင်းတို့ ဖြစ်ပါတယ်။

အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ အဆုတ်ထဲရေဝင်ခြင်းမဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pleural Effusion (အဆုတ်ထဲရေဝင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က စမ်းသပ်ခြင်းဖြင့် သိနိုင်ပါတယ်။ နားကြပ်ဖြင့်နားထောင်ခြင်း၊ ရင်ဘတ်ကို ပုတ်ကြည့်ခြင်းတို့ ပြုလုပ်ပါလိမ့်မယ်။ ဓါတ်မှန်၊ CT ကဲ့သို့ စစ်ဆေးမှုများဟာ အဆုတ်ထဲမှာ အရည်ဘယ်လောက်စုမိနေလဲ သိနိုင်ပါတယ်။

အဆုတ်အမြှေးပါးကို အပ်ကလေးနဲ့ဖောက်ပြီး အရည်ကို နမူနာယူ စစ်ဆေးကြည့်နိုင်ပါတယ်။ ဒီစစ်ဆေးမှုကနေ အရည်ဟာ ရောဂါပိုးကြောင့်စုသလား အခြားအကြောင်းကြောင့်လားဆိုတာ သိနိုင်ပါတယ်။ အရည်နမူနာကို ကင်ဆာဆဲလ်ရှိမရှိနဲ့ ပရိုတင်းပမာဏစစ်ဆေးမှုလည်း ပြုလုပ်နိုင်ပါတယ်။

Pleural Effusion (အဆုတ်ထဲရေဝင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုမှာ ရောဂါရဲ့အကြောင်းရင်းခံကို ကုသခြင်းနဲ့ လူနာကို ဝေဒနာသက်သာအောင် ကူညီခြင်းတို့ ပါဝင်ပါတယ်။ ရောဂါရဲ့ အကြောင်းအရင်းပေါ်မူတည်ပြီး ကုသပုံ ကွဲပြားပါတယ်။ ရောဂါပိုးကြောင့်ဖြစ်လျှင် ပဋိဇီဝဆေးကို သုံးပြီး အရည်ပမာဏကို တဖြည်းဖြည်းလျှော့ချဖို့ ဆီးဆေးများကို သုံးပါတယ်။

အကြောင်းအရင်းခံဖြစ်တဲ့ရောဂါ ကုသပြီးလျှင် ရေဝင်ခြင်းက အလိုလိုသက်သာသွားမှာ ဖြစ်တဲ့အတွက် သူ့ကို သက်သက်ကုသဖို့ မလိုပါ။ အရည်တွေစုခြင်းကြောင့် နေရခက်လာခဲ့လျှင် ဆရာဝန်က အရည်ကိုစုပ်ထုတ်ပေးပါလိမ့်မယ်။

အဆုတ်ထဲရေဝင်ခြင်းအတွင် အခြားကုသမှုတွေကတော့

  • အဆုတ်ဖုံးမြှေးကို ကပ်စေခြင်း။ အနည်းငယ်ရောင်ရမ်းစေတဲ့ အထူးဆေးရည်တမျိုးကို သင့်အဆုတ်ဖုံးမြှေးထဲထိုးထည့်ပြီး အရည်များနောက်ထပ်စုလာခြင်းကို ကာကွယ်နိုင်ပါတယ်။ အသုံးများတဲ့ ပါဝင်ပစ္စည်းများကတော့ tetracycline, bleomycin နဲ့ ပိုးသတ်ထားတဲ့ပေါင်ဒါမှုန့်တို့ ဖြစ်ပါတယ်။ ကင်ဆာကြောင့် မကြာခဏပြန်ဖြစ်တတ်တဲ့ အဆုတ်ထဲရေဝင်ခြင်းတွေမှာ ဒီကုသမှုကို သုံးပါတယ်။
  • ပိုက်တစ်ခုကို အမြဲတပ်ထားပြီး အရည်များစုလာပါက စီးဆင်းစေခြင်း
  • ရင်ဘတ်ထဲမှ ဗိုက်ထဲသို့ လမ်းလွှဲပိုက်ဖြင့် ခွဲစိတ်ပြီး ဆက်သွယ်ပေးခြင်း
  • အဆုတ်ဖုံးမြှေးကို ဖြတ်ထုတ်ခြင်း။ ကင်ဆာရောဂါသည်များနှင့် အခြားနည်းလမ်းများနှင့် ကုသမရတဲ့သူတွေမှာ အဆုတ်ဖုံးမြှေးကို ခွဲစိတ်ဖြတ်ထုတ်ခြင်းဖြစ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အဆုတ်ထဲရေဝင်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် အဆုတ်ထဲရေဝင်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

  • အရက်နှင့် မူးယစ်ဆေးများကို ရှောင်ကြဉ်ပါ။
  • သင်ဟာ ကင်ဆာရောဂါကုသမှု ခံယူနေသူဖြစ်ပါက ဖြစ်လာနိုင်တဲ့ဘေးထွက်ဆိုးကျိုးများနဲ့ ဘယ်လိုကာကွယ်ကုသရမယ်ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Pleural Effusion. http://www.emedicinehealth.com/pleural_effusion/article_em.htm. Accessed July 24, 2016.
Pleural Effusion. http://patient.info/health/pleural-effusion-leaflet. Accessed July 24, 2016.
Pleural Effusion. http://www.webmd.com/lung/pleural-effusion-symptoms-causes-treatments. Accessed July 24, 2016.
Fluid in the Chest (Pleural Effusion). http://www.healthline.com/health/pleural-effusion. Accessed July 24, 2016.

ယခုပုံစံ

01/07/2022

Dr. May Myat Hnin Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေပြွန်ရောင်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးအချို့

အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်ခြင်းအကြောင်း သိကောင်းစရာ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. May Myat Hnin Aung မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement