ချောင်းဆိုးပြီဆိုမှတော့ ချောင်းအစိုပဲ ဆိုးဆိုး၊ ချောင်းခြောက်ပဲ ဆိုးဆိုး တော်တော်လေးကို နေရထိုင်ရ ခက်စေမှာပါ။ ချောင်းအစိုကျတော့လည်း နှာရည်က တတောက်တောက်ကျ၊ ချောင်းဆိုးရင်လည်း ချွဲသလိပ်တွေ ကပ်ပါ၊ စကားပြောတော့လည်း ချွဲသံနဲ့ စိတ်ညစ်စရာကြီးနော်။ ချောင်းခြောက်ကျတော့လည်း လည်ချောင်းက တစ်ခုခု ကပ်ပြီး ယားနေသလို၊ အရေပြားမဟုတ်တော့ ကုတ်လို့လည်း မရ၊ ဆိုးဖန်များလာတော့ လည်ချောင်းကနာ၊ ဘေးလူတွေကိုလည်း အားနာရသေးတယ်မလား။