အအေးမိတုပ်ကွေးရောဂါတွေကို အမြစ်ပြတ်ဖယ်ရှားပေးမယ့်လျှို့ဝှက်ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ရာသီဥတုအပြောင်းအလဲဖြစ်တဲ့အခါ အအေးမိတုပ်ကွေးဖြစ်တာက မဖိတ်ခေါ်ဘဲနဲ့ကိုရောက်လာတတ်တဲ့အရာပါ။ အအေးမိတာ တုပ်ကွေးဖြစ်တာတွေဖြစ်တဲ့အခါ ခန္ဓါကိုယ်မှာ မအီမသာခံစားရတာတွေရှိနိုင်သလို နှာရည်တရွှဲရွှဲ၊ အသက်ရှူမရပြုမရနဲ့ အလုပ်အကိုင်တွေလည်းပျက်၊ အိပ်ရေးပျက်လူပင်ပန်းဖြစ်ရပါတယ်။ စိတ်ညစ်စရာပေါ့။ ဒီတစ်ခေါက်တော့ အအေးမိဖျားနာတာဖြစ်ခဲ့တဲ့အခါ မြန်မြန်ဆန်ဆန်နဲ့ပဲအဖျားတာတိုအောင် လုပ်နိုင်တဲ့ လူသိနည်းသေးတဲ့ နည်းလမ်းတစ်ခုအကြောင်းပြောပြချင်တယ်။ လျှို့ဝှက်ချက်တစ်ခုဆိုကြပါစို့။

အအေးမိတာနဲ့တုပ်ကွေးဖြစ်တာ ဆိုတာက

အအေးမိတာနဲ့တုပ်ကွေးဖြစ်တာက တစ်ခုနဲ့တစ်ခု မတူပါဘူး။ ရိုးရိုးလေးတွေးရင်တော့ ခန္ဓါကိုယ်မှာနေထိုင်မကောင်းတာချင်းက အတူတူပဲလို့ထင်စရာရှိပါတယ်။ လည်ချောင်းနာတာနှာခေါင်းပိတ်တာ၊နှာချေတာ၊ချောင်းဆိုးတာ၊ခေါင်းကိုက်တာလိုမျိုး လက္ခဏာတွေက အတူတူပဲဆိုပေမယ့် တုပ်ကွေးြဖစ်တဲ့အခါ ခံစားရတဲ့ဝေဒနာတွေက အအေးမိတဲ့အခါခံစားရတာထက် ပိုပြင်းထန်ပြီးရောဂါတိုးတက်မှုနှုန်းကတော့မြန်ပါတယ်။

တုပ်ကွေးဖြစ်တဲ့အခါ အဖျားတက်တာ၊ ကြွက်သားတွေနာကျင်ကိုက်ခဲတာ၊ချွေးထွက်တာ၊ခြေကုန်လက်ပန်းကျတာ၊ချောင်းခြောက်ဆိုးတာနဲ့ နှာမွှန်တာတွေပိုလာနိုင်ပါတယ်။ အအေးမိတဲ့အခါ လှုပ်ရှားသွားလာနိုင်သေးပေမယ့် တုပ်ကွေးဖြစ်တဲ့အခါ လှုပ်ရှားသွားလာနိုင်ဖို့မဖြစ်နိုင်သလို အိပ်ရာထဲက ထနိုင်ဖို့တောင်မလွယ်ကူပါဘူး။

နှာချေလိုက်တဲ့အခါ တုပ်ကွေးဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေ က လေထဲမှာပြန့်နှံ့ပြီး အခြားသူတွေကိုကူးစက်စေနိုင်ပါတယ်။ ကိုယ်တိုင်တင်မကဘဲ မိသားစုဝင်တွေနဲ့ အခြားသူတွေကိုပါ ကူးစက်စေနိုင်တဲ့ အအေးမိ၊တုပ်ကွေးဗိုင်းရပ်စ်တွေကို အမြစ်ပြတ်ဖယ်ရှားနိုင်မယ့် လူသိနည်းသေးတဲ့ နည်းလမ်းလေးတစ်ခုကိုပြောပြမယ်။

ယေဘူယျအားဖြင့်တော့ အအေးမိတုပ်ကွေးဖြစ်တဲ့အခါမှာရေဓါတ်ပြည့်ဝအောင်နေရမယ်၊ အာဟာရပြည့်ဝအောင်စားရမယ်၊ကောင်းကောင်းအနားယူမယ်၊ သူများတွေကို မကူးစက်အောင် နှာချေတဲ့အခါချောင်းဆိုးတဲ့အခါ ကာကွယ်မယ်စာတွေက သိပြီးသားဖြစ်မှာပါ။ အဲဒါတွေကို အသေးစိတ်မပြောတော့ဘဲ အခုပြောပြမယ့် နည်းလမ်းတစ်ခုက Nasal Spray (နှာခေါင်းဖြန်းဆေး) အသုံးပြုတဲ့နည်းပါ။

အအေးမိ၊တုပ်ကွေး နဲ့ nasal spray

Nasal spray သုံးတာရဲ့ ပထမဆုံးအားသာချက်ကတော့ အအေးမိတုပ်ကွေးဖြစ်တဲ့အခါ တစ်ခါတည်းပါလာတတ်တဲ့ နှာခေါင်းပိတ်တာ၊ နှာရည်ယိုတာနဲ့ အသက်ရှူမရဖြစ်နေတာတွေကို ချက်ချင်းသက်သာစေနိုင်တာပါ။ ဒီတစ်ခုတည်းတော့မဟုတ်ပါဘူး။ Nasal spray က အအေးမိနဲ့ တုပ်ကွေးကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေကို အပြီးသတ်အမြစ်ပြတ်ဖယ်ရှားနိုင်တဲ့အစွမ်းက အဓိကပါဝင်တဲ့အတွက် အဖျားတာကို ချက်ချင်းဆိုသလို တိုစေနိုင်ပါတယ်။

nasal sprayတွေကအအေးမိဖျားနာတာနဲ့ နှာခေါင်းပိတ်တာတွေကိုသက်သာစေနိုင်သလို ဒီရောဂါတွေကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို အမြစ်ပြတ်ဖယ်ရှားပေးနိုင်တာကြောင့် အအေးမိ၊ တုပ်ကွေးရောဂါကို အမြန်ဆုံးသက်သာစေပြီး အဖျားတာကိုတိုစေနိုင်တာပါ။ ဒါကတော့ အအေးမိတုပ်ကွေးဖျားနာတာတွေကိုမြန်မြန်ဆန်ဆန်သက်သာစေမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ဘယ်လိုအသုံးပြုမလဲ

အဖျားသက်သာစေဖို့ nasal spray အသုံးပြုချင်ပေမယ့် ဘယ်လိုအသုံးပြုရမှန်းမသိတဲ့သူတွေအတွက် အသုံးပြုနည်းလေးလည်းတစ်ပါတည်းဖော်ပြပေးလိုက်ပါတယ်။

  • နှာခေါင်းထဲမှာရှိနေတဲ့ ချွဲသလိပ်တွေကိုအရင်ဆုံးရှင်းထုတ်လိုက်ပါ။
  • ပုလင်းကိုအရင်လှုပ်ပြီး အဖုံးဖွင့်လိုက်ပါ။ပြီးရင်ဆေးပုလင်းမှာပါတဲ့ အညွှန်းအတိုင်း အသုံးပြုပေးပါ။
  • နှာခေါင်းထဲကို ဆေးမဖြန်းခင်မှာ နှာခေါင်းပေါက်တစ်ဖက်ကို လက်မလေးနဲ့ ဖွဖွလေးဖိထားပေးရပါမယ်။
  • ပြီးရင်ဆေးဖြန်းလိုက်ပြီး လေကိုရှုသွင်းလိုက်ပါ။
  • ပြီးရင်တော့နောက်ထပ်နှာခေါင်းပေါက်တစ်ဖက်ကိုခပ်ဖွဖွလေးဖိပေးပြီး အလားတူလုပ်ဆောင်ပေးလိုက်ပါ။
  • နှာခေါင်းကလေကိုရှုထုတ်ဆိုတဲ့နေရာမှာလည်း နှာခေါင်းထဲဆေးတွေထွက်လာတဲ့အထိ ခပ်ပြင်းပြင်းညှစ်တာမျိုးမလုပ်ဖို့ သတိရပါ။

အခုပြောပြခဲ့တဲ့နည်းလမ်းတွေအတိုင်း nasal sprayလေးကို နည်းစနစ်မှန်မှန် အသုံးပြုမယ်ဆိုရင် အအေးမိ၊တုပ်ကွေးရောဂါပိုးတွေကို အမြစ်ပြတ်တိုက်ဖျက်နိုင်ပြီး ခဏခဏဖျားတာမျိုးမဖြစ်အောင် ကာကွယ်နိုင်မှာပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

    ရေဓာတ်ခန်းခြောက် ခြင်းက လူတိုင်းအတွက် မကောင်းပေမယ့် ဆီးချို နဲ့ ရောဂါအခံရှိသူတွေအတွက် ထိခိုက်မှုက ပိုများပါတယ်။ သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    မုယော ရဲ့ကျန်းမာရေး အာနိသင်

    မုယော (malt) လို့ ပြောလိုက်ရင် အရင်ဆုံး ပြေးမြင်တာ ဘာလဲ။ malted milk လား။ မုယော အားဖြည့်အချိုရည်တွေလား .......................................

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

    အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်။ အုန်းသီးကတင် စားလို့ရပြီး ဆေးဖက်ဝင်တာ မဟုတ်ပါဘူး။ အုန်းလက်၊ အုန်းမြစ်တွေကရော ဘယ်လို ဆေးဖက်ဝင်တာလဲ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

    မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး တွေက ဘာတွေများ ဖြစ်မလဲ။ မျက်လုံး ဓာတ်မတည့်မှုကို မြန်မြန် သက်သာစေနိုင်ဖို့အတွက် ......

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    သင့်အတွက် ရွေးချယ်ထားသည်

    ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

    ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
    ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

    ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် မတ် 11, 2021 . 2 mins read
    ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

    ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် မတ် 10, 2021 . 2 mins read
    ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

    ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read