backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

တုပ်ကွေးကာကွယ်ဆေးထိုးဖို့ အချိန်ဆွဲနေတော့မှာလား


Ye Myo Myat မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

တုပ်ကွေးကာကွယ်ဆေးထိုးဖို့ အချိန်ဆွဲနေတော့မှာလား

ခုလိုရာသီအကူးအပြောင်းကာလမှာ လူတွေကြည့်လိုက်ရင် တုပ်ကွေးဖြစ်တာနဲ့၊ အအေးမိတာနဲ့၊ ကိုယ်လက်တွေ ကိုက်ခဲရတာနဲ့ စိတ်မချမ်းသာစရာတွေပဲနော်။ တုပ်ကွေးအတွက် တုပ်ကွေးကာကွယ်ဆေးထိုးရင် ထိထိရောက်ရောက်ကာကွယ်နိုင်တယ်ဆိုတာ သိပေမယ့်လည်း အချိန်မပေးနိုင်တာ၊ ပျင်းတာ၊ ဆေးထိုးခံရမှာကြောက်တာတွေကြောင့် ကာကွယ်ဆေးထိုးဖို့ကို လူတွေက လက်တွန့်တတ်ပါတယ်။ အဲ့တော့ တစ်မိနစ်လောက်လေး အနာခံရတာနဲ့ ရက်ပေါင်းများစွာ အစာမစားနိုင်၊ ကိုက်ခဲပြီး ချမ်းသလိုလိုဖြစ်၊ ကိုယ်ပူ၊ ချောင်းဆိုးနေရတာ ဘယ်ဟာက ပိုဝေဒနာခံရတာသက်သာမလဲဆိုတာ ပြန်တွေးကြည့်စေချင်ပါတယ်။

တုပ်ကွေးကာကွယ်ဆေးကို ဘယ်အရွယ်မှာ စထိုးလို့ရပြီလဲ။

အသက် ၆လအထက် ကျား၊ မ မရွေး တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ထိုးဖို့ လိုအပ်ပါတယ်။ ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် စောနိုင်သမျှ စောစောထိုးတာ အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ကာကွယ်ဆေးရဲ့ အာနိသင်ဟာ ဆေးထိုးပြီး ၂ပတ် မှ ၄ပတ်အထိ ကြာမှသာ ပြတတ်ပြီး တုပ်ကွေးရောဂါကို ကာကွယ်ပေးနိုင်တာကြောင့်ပါပဲ။ ဒါကြောင့် နေ့ရွှေ့ရက်ရွှေ့မလုပ်ပါနဲ့၊ ကာကွယ်ဆေးထိုးဖို့ကို တစ်ရက်သက်သက် အချိန်ပေးပြီး နှစ်စဉ်နှစ်တိုင်း ဒီနေ့ရောက်ပြီဆိုတာနဲ့ ကာကွယ်ဆေးကို အပြေးထိုးထားဖို့ အရေးကြီးပါတယ်။

ဘယ်လိုလူတွေ တုပ်ကွေးကာကွယ်ဆေးထိုးဖို့ ပိုလိုအပ်လဲ။

လူတိုင်း တုပ်ကွေးကာကွယ်ဆေးထိုးထားသင့်တယ်။ ခုပြောပြပေးမယ့်လူတွေကတော့ တုပ်ကွေးကာကွယ်ဆေးအပြင် တခြားသူတွေထက် နေထိုင်စားသောက်မှုပုံစံကို ပိုဂရုစိုက်ပေးဖို့၊ မိသားစုဝင်ကိုယ်တိုင်ကပါ ကူညီပေးဖို့ လိုအပ်ပါတယ်။

၁။ အသက် ၅ နှစ်အောက် ကလေးငယ်တွေ

၂။ အသက် ၆၅ နှစ်အထက် အသက်ကြီးတဲ့ လူကြီးမိဘေတွ

၃။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ

၄။ ကိုယ်ခံအားနည်းတဲ့သူတွေ

၅။ ကျန်းမာရေးပြဿနာရှိတဲ့သူတွေဆိုရင် တုပ်ကွေးကာကွယ်ဆေးထိုးဖို့ ပိုပြီးတောင် လိုအပ်ပါတယ်။

အသက် ၆ လအောက် ကလေးငယ်တွေကိုတော့ တုပ်ကွေးကာကွယ်ဆေး မထိုးသင့်ပါဘူး။

တုပ်ကွေးကာကွယ်ဖို့ တခြားဘာတွေ လုပ်ပေးဖို့လိုအပ်မလဲ။

တုပ်ကွေးကာကွယ်ဆေးထိုးခြင်းဟာ ကောင်းတဲ့ အလေ့အထဆိုပေမယ့် ၁၀၀ ရာခိုင်နှုန်းကာကွယ်ပေးနိုင်တာ မဟုတ်ပါဘူး။ ဒါကြောင့် တခြားကာကွယ်ပေးဖို့အနေနဲ့

  • ခြင်ကိုက်မခံရအောင် ဂရုစိုက်ပါ
  • ကိုယ့်နေအိမ်ပတ်ဝန်းကျင်ကို ခြင်၊ ပိုးမွှားတွေ ကင်းရှင်းနေအောင် သန့်သန့်ရှင်းရှင်းထားပါ
  • အဝတ်အစားတွေကို အမြဲလျှော်ဖွပ်ပါ
  • အဝတ်အစားတွေကို လုံလုံခြုံခြုံဝတ်ဆင်ပါ၊ အကျီလက်တို၊ ဘောင်းဘီတိုဝတ်မယ်ဆိုရင်လည်း အရေပြားကို ခြင်ဆေးလိမ်းထား၊ ဖြန်းထားပေးပါ
  • ကိုယ်ခံအားကောင်းအောင် လေ့ကျင့်ခန်းလုပ်ပါ
  • ညအိပ်ချိန် ပြည့်ဝအောင် ဂရုစိုက်ပါ
  • အစားအသောက်ကိုလည်း အာဟာရပြည့်ဝစွာ ချက်ပြုတ်စားသောက်ပေးပါ

လူဆိုတာ ကျန်းမာမှ အလုပ်ကောင်းကောင်းလုပ်နိုင်မှာမို့ အလုပ်ပဲ ဖိလုပ်နေပြီး ကိုယ့်ကျန်းမာရေးကို ပစ်ထားရင်တော့ အဆင်မပြေဘူးနော်။ ဒါဆို အချိန်မလွန်ခင် စောစောစီးစီး တုပ်ကွေးကာကွယ်ဆေးထိုးထားကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Ye Myo Myat မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement