အမြွှာကိုယ်ဝန်ဆောင် မေမေတိုင်း ကြုံတွေ့ရမယ့် လက္ခဏာတွေ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အမြွှာကိုယ်ဝန်လေးဆို မလိုချင်တဲ့သူမရှိပါဘူး။ ကိုယ်လည်းတစ်ခါပဲ ဗိုက်နာရတယ်၊ ကလေးအချင်းချင်းလည်း အဖော်ရတယ်မလား။ ပြီးတော့ နှစ်ယောက်လုံးကို ဆင်တူလေးတွေ ဝတ်ပေး၊ ချစ်စရာလေး ဘယ်လောက်ကောင်းလိုက်လဲ။ ဒါပေမယ့် ဒီလို ပျော်စရာကောင်းတာတွေက ကလေးမွေးပြီး နောက်ပိုင်းမှပါ။ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာတော့ မေမေတို့ ခံစားရတဲ့ ဝေဒနာတွေက မသေးလှပါဘူး။

အမြွှာကိုယ်ဝန်ဆောင်ထားတဲ့ မေမေတိုင်း ဘယ်လို လက္ခဏာတွေ ကြုံတွေ့ရနိုင်လဲ။ ။

ကိုယ်ဝန်ဆောင်ချိန် ဗိုက်ထဲ ရင်သွေးလေး တစ်ယောက်တည်းရှိတာတောင် ပျို့ချင် အန်ချင်တာ၊ ဗိုက်အောင့်ဗိုက်နာတာတွေ ခြေလက်ဖောရောင်တာတွေ ဖြစ်တာ နှစ်ယောက်တောင် ရှိတယ်ဆိုရင် ပြောမနေနဲ့တော့။ ကဲ ဘယ်လို တွေ ကြုံတွေ့ရမလဲ။

Morning Sickness

ကိုယ်ဝန်စစချင်းရဲ့ အစောပိုင်း လက္ခဏာတွေထဲမှာ Morning Sickness မနက်ပိုင်းပျို့အန်ခြင်းက အဖြစ်အများဆုံးနဲ့ အခံစားရဆုံးပါ။ ရင်သွေးလေးတစ်ယောက်တည်းရှိတုန်းကတောင် စားချင်းသောက်ချင်စိတ်လည်းမရှိ တစ်ချိန်လုံးလည်း ပျို့အန်ချင်နေတာ ဗိုက်ထဲ ရင်သွေးလေး နှစ်ယောက်သာဆိုရရင် Morning sickness ပိုဆိုးသွားပါလိမ့်မယ်။

ကိုယ်အလေးချိန်တက်လာခြင်း

ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်တက်လာတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ရင်သွေးလေးနှစ်ယောက်တောင် ဆောင်ထားရတဲ့ကိုယ်ဝန်သည်တွေဆို ကိုယ်အလေးချိန် နှစ်ဆပိုတက်လာပါလိမ့်မယ်။ နှစ်ယောက်စာပိုစားရမယ့်အပြင် ရေမြွှာရေအလေးချိန် ရင်သွေးလေးတွေရဲ့အလေးချိန်နဲ့ သွေးပမာဏများသွားတာတွေကြောင့် ကိုယ်အလေးချိန် တက်လာရတာ ဖြစ်ပါတယ်။

နေ့မစေ့ လမစေ့ဘဲ မီးဖွားနိုင်ခြင်း

အမြွှာကိုယ်ဝန်ဆောင်ထားတဲ့သူတိုင် းနေ့မစေ့ လမစေ့မီးဖွားနိုင်တယ်လို့ မဆိုလိုပေမယ့် ဒါကလည်း ရှားလှတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါ့ကြောင့် အမြွှာကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်သေချာ အပ်ထားဖို့လိုအပ်ပါတယ်။

ရင်ပူခြင်း

ကြီးလာတဲ့သားအိမ်နဲ့ ကိုယ်ဝန်ဆောင်ချိန် ပြောင်းလဲလာတဲ့ ဟော်မုန်းတွေကြောင့် အစာခြေအက်ဆစ်တွေ အထွက်များတတ်ပြီး ရင်ပူတဲ့ ပြဿနာကို အမြွှာကိုယ်ဝန်ဆောင် မေမေတို့ ကြုံတွေ့ရနိုင်ပါတယ်။

နာကျင်ကိုက်ခဲခြင်း

ရင်သွေးလေးတွေ ကြီးထွားလာတဲ့အချိန် လိုက်ကြီးလာတဲ့သားအိမ်ကြောင့် ဘေးက သားအိမ်ဘေးတွက်ဆက် အရွတ်တွေ တင်းလာပြီ းဗိုက်နာသလိုဖြစ်မယ်၊ ခြေလက်ကိုက်ခဲတာတွေ ရှိလာမယ်၊ ခါးနာပြီး ခေါင်းကိုက်တဲ့ ပြဿနာတွေလည်း ဆက်တိုက် ကြုံရနိုင်ပါတယ်။

carpal tunnel syndrome ( လက်ချောင်းကွေးရဆန့်ရခက်ခြင်း)

ကိုယ်ဝန်ဆောင်ချိန် တင်းနေတဲ့ အရွတ်တွေကြောင့်ရယ်၊ ခြေလက်မှ ာအရည်တွေစုပြီး ဖောလာတာကြောင့်ရယ် လက်ကောက်ဝတ် အတွင်းမှာရှိတဲ့ median nerve ကို သွားဖိလိုက်သလိုဖြစ်တာကြောင့် လက်ကောက်ဝတ်နဲ့ လက်ချောင်းတွေ နာကျင်ကိုက်ခဲပြီး အားမရှိတဲ့ ပြဿနာ carpal tunnel syndrome ကို ကိုယ်ဝန်ဆောင် မေမေတို့ ကြုံရတတ်ပါတယ်။

အကြောပြတ်ရာများ

ကိုယ်ဝန်ဆောင်တိုင်း အကြောပြတ်ရာတွေနဲ့ မကင်းပါဘူး။ ရင်သွေးတစ်ယောက်တည်း ကိုယ်ဝန်ဆောင်တုန်းကတောင် အကြောပြတ်ရာတွေ များနေတာ ခုလို အမြွှာ နှစ်ယောက်တောင်ဆိုရင်တော့ အကြောပြတ်ရာတွေ ပိုများနေမှာ အသေအချာပါ။

အိပ်ရတာလည်း သက်တောင့်သက်သာ မရှိဖြစ်နေတတ်ပါတယ်။

အိပ်တဲ့အချိန် ဗိုက်ထောက်နေတာကြောင့် အိပ်ရတာ သက်တောင့်သက်သာ မရှိမှာကတစ်ကြောင်း၊ ဗိုက်ထဲက ရင်သွေးလေးကို စိတ်ပူနေမှာကတစ်ကြောင်းနဲ့ အိပ်ရာတာ သက်တောင့်သက်သာမရှိဖြစ်နေတတ်ပါတယ်။

ဒါတွေကတော့ အမြွှာကိုယ်ဝန်ဆောင်ထားတဲ့ မေမေတိုင်းကြုံတွေ့ရတတ်တဲ့ ပြောင်းလဲမှုနဲ့ ဝေဒနာတွေအကြောင်းပါ။ အရေးကြီးတာက တစ်ယောက်တည်းပဲ ကိုယ်ဝန်ဆောင်ဆောင် အမြွှာလေးပဲ ကိုယ်ဝန်ဆောင်ဆောင် ကိုယ်ဝန်မှန်မှန် အပ်ဖို့ လုံးဝ မမေ့သင့်ပါဘူး ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ရာသီလာခြင်းနဲ့ ပတ်သက်ပြီး ကြားရအများဆုံး ချင်း(ဂျင်း) စကားကြီး (၄)ခွန်း

အမျိုးသမီးလေးတွေ ရာသီလာစောရတာ ကိုယ်ဝန်ရနိုင် အပျိုဖော်ဝင် လေ့ကျင့်ခန်း သားအိမ် ရာသီသွေး ရာသီလာချိန် လစဉ်သုံး ခေါင်းမလျှော်ရဘူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

 ဆီးထဲအချိုဓာတ်များတာ ကြောက်စရာလား

 ဆီးထဲအချိုဓာတ်များတာ ကြောက်စရာလား ကျောက်ကပ် ဆီးချိုရောဂါ ကျောက်ကပ်ရောဂါ ဆီးမထိန်းနိုင်ဖြစ်ခြင်း လည်ပင်း   အနာကျက်နှေး အမြင်အာရုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

အဖြစ်များတဲ့ မွေးရာပါ နှလုံးရောဂါများ

congenital heart disease မွေးရာပါနှလုံးရောဂါ နှလုံး ကလေး အစားအစာ နေထိုင်မှုပုံစံ ကျန်းမာရေး ကုသမှုပုံစံ နေ့စဉ်ဘဝ ပြေးလွှားဆော့ကစား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သွေးတိုးရောဂါခံစားနေရတဲ့ ကိုယ်ဝန်ဆောင်မေမေတွေအတွက် စားသောက်နည်းလမ်းညွှန်

သွေးတိုးရောဂါ ကိုယ်ဝန်ဆောင် ကျန်းမာရေးပြဿနာ ကိုယ်ဝန်ဆောင်မေမေ နာတာရှည် သွေးတိုးရောဂါ မိခင် ကလေး သွေးပေါင်ချိန် ကျန်းမာတဲ့ စားသောက်မှုပုံစံ သလဲသီး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

သင့်ကလေးကို စကားပြောတတ်အောင် ဘယ်လိုသင်ပေးမလဲ

သင့်ကလေးကို စကားပြောတတ်အောင် ဘယ်လိုသင်ပေးမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 4, 2020 . 3 mins read
ကယ်လ်ဆီယမ်အကြောင်းသိသင့်သမျှ

ကယ်လ်ဆီယမ်အကြောင်းသိသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 4, 2020 . 2 mins read
ကိုယ်ဝန်ဆောင်မေမေ နဲ့ သကြား

ကိုယ်ဝန်ဆောင်မေမေ နဲ့ သကြား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 28, 2020 . 2 mins read
ကိုယ်ဝန်ဆောင်မေမေ အချို လျှော့စားပါ

ကိုယ်ဝန်ဆောင်မေမေ အချို လျှော့စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 28, 2020 . 2 mins read