၁။ Diaphragmatic breathing
အသက်ကိုဝအောင်ရှူပါ။ ဒါပေမယ့် လေရှူသွင်းနေချိန်မှာ နံရိုးတွေပါ ကားမထွက်စေရပါ။ ဗိုက်ကြွက်သားကိုသာ အာရုံထားပြီး အသက်ရှူရတဲ့ အသက်ရှူလေ့ကျင့်ခန်း ဖြစ်ပါတယ်။
၂။ Marches and toe drops
ပက်လက်အနေအထားနေပြီး ခြေထောက်များကိုကွေးလျက် ထောင်ထားကာ ခြေဖဝါးကို အပြားလိုက်ကြမ်းပြင်မှာထိနေပါစေ။ ခြေထောက်တစ်ဖက်တည်းကို ကြမ်းပြင်ကနေ မပြီး ဖြည်းဖြည်းချင်းပြန်ချနေတဲ့အချိန်မှာ အသက်ကိုရှူထုတ်ပါ။ ထို့နောက် နောက်ခြေထောက်တစ်ဖက်ကို အလားတူ ပြောင်းလုပ်ပါ။ အသက် ပုံမှန်ရှူဖို့ မမေ့ပါနဲ့။ တစ်ကိုယ်လုံး တည်ငြိမ်နေပါစေ။ ဒီပုံစံအတိုင်း အဆင်ပြေပြီးဆိုရင် ခြေဖျားထောက်ပုံစံနဲ့ ပြောင်းလဲပြုလုပ်ပါ။
၃။ Hip raises
ပက်လက်အနေအထားနဲ့ ဒူးကွေးထားပါ။ ပခုံးများနဲ့ ခြေထောက်များကို မလှုပ်ရှားစေဘဲ ကြမ်းပြင်မှာ ကပ်ထားပြီး ခါးကိုပဲ မြှောက်လိုက် ဖြည်းဖြည်းချင်းပြန်ချလိုက်လုပ်ပါ။ ခါးမြှောက်တဲ့အချိန်မှာ အသက်ရှူထုတ်ပြီး တင်ပါးကြွက်သားများကို ညစ်ထားပါ။