ကိုယ်ဝန်ဆောင်ချိန်စားသင့်သော အသီးအနှံများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးအတွက် အာဟာရဖြစ်မဖြစ်ဆိုတာ မိခင်စားသမျှပေါ် မူတည်ပါတယ်။ ဒါကြောင့်မို့ ကိုယ်ဝန်ဆောင်မိခင်လောင်းများအနေနဲ့ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ အပါအဝင် အာဟာရမျှတအောင် ရွေးချယ်စားသုံးနိုင်ဖို့ အရေးကြီးပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ စာသုံးပြီးကယ်လိုရီတွေကို တတ်နိုင်သလောက် ရှောင်ရှားဖို့ လိုအပ်ပါတယ်။ များသောအားဖြင့် ကိုယ်ဝန်ရှိချိန်မှာ အသင့်စားသရေစာတွေ စားသုံးတတ်ကြတာ များပါတယ်။ ဒါဟာ ကျန်းမာရေးအတွက် မကောင်းတဲ့ အမူအကျင့် ဖြစ်ပါတယ်။

အသီးအနှံများဟာ အာဟာရပြည့်ဝစွာ ပါဝင်တာ များပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ များများစားရင် ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ကာလမှာ ကြုံရတတ်တဲ့ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။

ယခုဆက်လက်ဖော်ပြသွားမှာကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးပေးသင့်တဲ့ အသီးအနှံများအကြောင်းပဲ ဖြစ်ပါတယ်။

၁။ လိမ္မော်သီး

လိမ္မော်သီးဟာ သင့်ကို ရေဓာတ်ပြည့်ဝနေအောင် ကူညီပေးနိုင်ပါတယ်။ ဖောလိတ်ဓာတ်လည်း ကောင်းစွာ ကြွယ်ဝပါတယ်။ ဖောလိတ်ဟာ ဗီတာမင်ဘီတမျိုးဖြစ်ပြီး မွေးလာမယ့်ကလေးတွေမှာ ဦးနှောက်နဲ့ အာရုံကြောတွေကို ချို့ယွင်းမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ ဗီတာမင်စီကြွယ်ဝပါတယ်။ ဗီတာမင်စီဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး ဆဲလ်တွေမပျက်စီးရအောင် ကာကွယ်ပေးပါတယ်။ သံဓာတ်ကို စုပ်ယူရာမှာလည်း အထောက်အကူပြုပါတယ်။

၂။ သရက်သီး

သရက်သီးဟာလည်း ဗီတာမင်စီ ကြွယ်ဝပါတယ်။ သရက်သီးတခွက်စာမှာ တနေ့တာလိုအပ်တဲ့ ဗီတာမင်စီ ရာနှုန်းပြည့်ပါဝင်ပါတယ်။ သရက်သီးမှာ ဗီတာမင်အေလည်း ကြွယ်ဝပါတယ်။ မွေးခါစမှာ ဗီတာမင်အေ ချို့တဲ့ရင် ကိုယ်ခံစွမ်းအားနည်းပြီး ဝမ်းပျက်လွယ်ခြင်း၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သရက်သီးဟာ ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးသင့်တဲ့ အသီးအနှံ ဖြစ်ပါတယ်။

၃။ ထောပတ်သီး

ထောပတ်သီးမှာ ဖောလိတ်ဓာတ်ဟာ တခြားအသီးတွေထက် ပိုမိုပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင်စီ၊ ဗီတာမင်ဘီ၊ ဗီတာမင်ကေ၊ အမျှင်ဓာတ်၊ ကိုလင်း၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် စတာတွေလည်း ကြွယ်ဝပါတယ်။

သံဓာတ်လည်း ကြွယ်ဝပါတယ်။ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့အတွက် ကိုယ်ဝန်ဆောင်ကာလမှာ ဖြစ်တတ်တဲ့ ပျို့အန်ခြင်းကို သက်သာစေပါတယ်။ ပိုတက်ဆီယမ်ဟာ ခြေထောက်ကြွက်သားများ ကြွက်တက်ခြင်းကို သက်သာစေပါတယ်။ ကိုလင်း (Choline) ဟာ ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောဖွံ့ဖြိုးကြီးထွားမှုအတွက် အရေးကြီးပါတယ်။ ကိုလင်းဓာတ် ချို့တဲ့ရင် အာရုံကြောဖွဲ့စည်းဖြစ်ပေါ်ရာမှာ ချို့ယွင်းပြီး တသက်တာ မှတ်ဉာဏ်ချို့ယွင်းသွားနိုင်ပါတယ်။

၄။ သံပုရာသီး

သံပုရာရည်သောက်ခြင်း၊ သံပုရာသီးစိတ်စုပ်ခြင်း စတာတွေဟာ ကိုယ်ဝန်ဆောင်ကာလမှာဖြစ်တတ်တဲ့ ပျို့အန်ချင်စိတ်ကို သက်သာစေပါတယ်။ သံပုရာသီးမှာ ဗီတာမင်စီလည်း ကြွယ်ဝပြီး ကိုယ်ခံစွမ်းအားကို မြင့်တက်တက်စေပါတယ်။ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ ဒါပေမယ့် သွားများရဲ့ အပေါ်ယံကြွေလွှာတွေကို တိုက်စားနိုင်တဲ့အတွက် စားသုံးပြီးရင်တော့ ပလုတ်ကျင်းသင့်ပါတယ်။

၅။ ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်ဆီယမ် ကြွယ်ဝပါတယ်။ ဗီတာမင် B6၊ ဗီတာမင် C နဲ့ အမျှင်ဓာတ် ကြွယ်ဝပါတယ်။ ငှက်ပျောသီးမှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ ဗီတာမင် B6 ဟာ ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းမှာ ဖြစ်တတ်တဲ့ ပျို့အန်ချင်စိတ်ကို သက်သာစေပါတယ်။

၆။ ဘယ်ရီသီး

ဘယ်ရီသီးမှာ ကာဘိုဟိုက်ဒရိတ်၊ ဗီတာမင် စီ၊ အမျှင်ဓာတ်နဲ့ ဖောလိတ်ဓာတ်ကြွယ်ဝပါတယ်။ အပင်များမှာပဲ ရရှိနိုင်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ flavonoids နဲ့ anthocyanins ကြွယ်ဝပါတယ်။ အကယ်၍ ဆီးချိုသာမရှိဘူးဆိုရင် ကာဘိုဟိုက်ဒရိတ်ဟာ ကိုယ်ဝန်ဆောင်ကာလမှာ ကယ်လိုရီကောင်းကောင်းရဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်။

ဘယ်ရီသီးကနေ ရတဲ့ ကာဘိုဟိုက်ဒရိတ်ဓာတ်ကို ဒိုးနတ်မုန့်၊ ကိတ်မုန့်၊ ကွတ်ကီး စတာတွေကနေရရှိတဲ့ အဆင့်ဆင့်ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်များထက် ပိုမိုစားသုံးဖို့ အရေးကြီးပါတယ်

၇။ ပန်းသီး

ပန်းသီးမှာ အမျှင်ဓာတ်အပြင် ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ ပိုတက်ဆီယမ်တို့ ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ပန်းသီးကို ပုံမှန်စားသုံးပေးခြင်းဟာ ကလေးကျန်းမာရေးအတွက် ကောင်းပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ ပန်းနာရင်ကြပ်နဲ့ ဓာတ်မတည့်ခြင်းကို သက်သာစေပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင် မေမေ စိတ်ဖိစီးရင် ကလေးကို ဘယ်လိုထိခိုက်နိုင်လဲ ဘယ်လောက်ထိခိုက်နိုင်လဲ

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက စိတ်ရောကိုယ်ပါ ကျန်းမာမှ မွေးလာမယ့် သားသားမီးမီးလေးတွေကလည်း စိတ်ရောကိုယ်ပါ ကျန်းမာမှာပါ။ ကိုယ်ဝန်ဆောင်ချိန်စိတ်ဖိစီးမှုကင်းပါစေ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ အလက်ဂျီဖြစ်တာက ဘေဘီလေးကိုပါ ကူးစက်နိုင်သတဲ့။

လေ့လာမှုတွေအရ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက ဓာတ်မတည့်တာကို ခံစားရမယ်ဆိုရင် မွေးလာမယ့် ဘေဘီလေးမှာလည်း ဓာတ်မတည့်မှု ခံစားရနိုင်ခြေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်တွင်းခရီးစွန့်စားခန်း

ရောဂါပိုးမွှားတွေကို ကာကွယ်ဖို့၊ ကိုယ်ခံအားတက်စေဖို့ ..ကိုယ်တွင်းအင်္ဂါတွေက လုပ်ပေးတာတွေလည်းအများကြီး။ကျန်းမာနေမှုအတွက် ကျေးဇူးတင်ထိုက်သူတွေပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Phyo Wai Lynn

ဝက်ခြံရှိသူတိုင်း စားပေးသင့်တဲ့ အသီးများ

ဝက်ခြံ ကြားရတာတောင် စိတ်ကုန်နေပြီ။ ဝက်ခြံ တွေသက်သာချင်လိုက်တာဆိုတဲ့ ဆန္ဒက ဝက်ခြံအဖြစ်လွယ်တဲ့ အသားအရေ ပိုင်ဆိုင်ထားသူတိုင်းမှာ ရှိပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ခြေသည်းလက်သည်းလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ။

ခြေသည်းလက်သည်းလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 3 mins read
ဝမ်းဗိုက်လေး ကျန်းမာစေဖို့ နေ့တိုင်း ထောပတ်သီးစားပါ

ဝမ်းဗိုက်လေး ကျန်းမာစေဖို့ နေ့တိုင်း ထောပတ်သီးစားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read
ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။

ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 23, 2020 . 2 mins read
မေမေတိုင်း ရင်ခုန်စွာ စောင့်ဆိုင်းကြတဲ့ ဘေဘီလေး မွေးဖွားမယ့်အချိန်

မေမေတိုင်း ရင်ခုန်စွာ စောင့်ဆိုင်းကြတဲ့ ဘေဘီလေး မွေးဖွားမယ့်အချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 15, 2020 . 2 mins read