backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Epidural Anaesthetic (ခါးရိုးထုံဆေး)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

ခါးရိုးထုံဆေးဆိုတာ ဘာလဲ။

ခါးရိုးထုံဆေးတွင် ထုံးဆေးနှင့် တခြားအနာသက်သာဆေးများကို ကျောရိုးအာရုံကြောမအနီးရှိ ဂျူရယ်အပေါ်လွှာဆီသို့ ထိုးသွင်းခြင်းဖြစ်သည်။ ထိုမှနေ၍ ခန္ဓါကိုယ်ရှိ နာကျင်မှုကိုသယ်ဆောင်ပေးသော အာရုံကြောများအား ထုံသွားစေနိုင်ပါသည်။

ခါရိုးထုံဆေးအား သူချည်းလဲသုံးနိုင်သလို မေ့ဆေး အိပ်ဆေးများနှင့်လည်း အသုံးပြုနိုင်ပါသည်။ ခွဲစိတ်ပြီးနောက် အနာသက်သာစေရန်လည်း ခါရိုးထုံးဆေးကို သုံးနိုင်ပါ၏။

ခါရိုးထုံဆေးအာနိသင်တောက်လျှောက်ရစေရန် အပိုဆောင်းဆေးပမာဏထိုးခြင်း သို့မဟုတ် ဆေးပမာဏနည်းနည်းကို တောက်လျှောက်သွင်းနေခြင်း ပြုလုပ်နိုင်ပါသည်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

ခါးရိုးထုံဆေး ကို ဘာကြောင့်လုပ်ရသလဲ။

အောက်ပါအခြေအနေများတွင် အနာသက်သာစေရန် ခါးရိုးထုံဆေးကို သုံးနိုင်ပါသည်။

  • ကလေးမွေးစဉ်
  • ခွဲစိတ်မှုတစ်ခုတွင် ခွဲစိတ်ပြီးနောက် အနာသက်သာစေရန် မေ့ဆေးအစား သုံးနိုင်ပါသည်။
  • ခါရိုးထုံဆေးအား သုံးလာသည်မှာ နှစ်များစွာကြာပြီဖြစ်သည်။ ခွဲစိတ်ပြီးနောက် နှင့် ကလေးမွေးစဉ် အနာသက်သာစေရန် ထိရောက်သည့်နည်းတစ်ခုဖြစ်ကြောင်း လက်ခံထားကြပါသည်။ သို့သော် တခြားနည်းလမ်းများကဲ့သိုပင် အန္တရာယ်များ ရှိနိုင်ပါသည်။ မပြင်းထန်ဟုဆိုသော်လည်း ထုံဆေးထိုးမထိုး ဆုံးဖြတ်ရန်အတွက် သိထားသင့်၏။

    ဖြစ်နိုင်သည့် အန္တရာယ်နှစ်မျိုးမှာ

    • ဂျူရာအလွှာကို ဖောက်မိခြင်း – ကျောရိုးအာရုံကြောမနှင့် ဦးနှောက်ကို ကာကွယ်ပေးထားသော အမာဆုံး အပြင်ဖက်အလွှာဖြစ်သည်။ လူတစ်ရာတွင် တစ်ယောက် ပေါက်နိုင်ပါသည်။
    • အာရုံကြော ထိခိုက်မိခြင်း – အလွန့်အလွန် အဖြစ်နည်းပါသည်။

    ခါးရိုးထုံဆေး ရဲ့ အန္တရာယ်တွေက ဘာတွေလဲ။

    တခြားမေ့ဆေးထုံဆေးများလို ခါရိုးထုံဆေးသည်လည်း မှန်ကန်စွာ မထိုးတတ်ပါက အန္တရာယ်များ ရှိသည်သာပင်။

    • ထုံဆေးထိုးမရခြင်း
    • သွေးပေါင်ကျခြင်း
    • ခေါင်းကိုက်ခြင်း
    • အသက်ရှုစနစ်ကို ဖိနှိပ်ခြင်း
    • ယားယံခြင်း
    • ဆီးသွားရခက်ခြင်း
    • ခြေထောက်အားနည်းခြင်း
    • နောက်ကျောအောင့်ခြင်း
    • ထုံးဆေးကြောင့် တက်ခြင်း
    • မမျှော်လင့်ပဲ High block ဖြစ်သွားခြင်း
    • ခါရိုးတစ်ဝိုက် ပိုးဝင်ခြင်း
    • နှလုံးနှင့်သွေးကြောတွင် သွေးပေါင်ထိုးကျခြင်း
    • ခါးရိုးတစ်ဝိုက် သွေးခဲခြင်း
    • အာရုံကြောများအား ထိမိခြင်း
    • လေဖြတ်ခြင်း သို့မဟုတ် သေခြင်း

    ခွဲစိတ်မှုကိုမလုပ်ခင် အန္တရာယ်နှင့် နောက်ဆက်တွဲ ပြဿနာများကို သိထားရန် အရေးကြီး၏။ မေးချင်သည်များရှိပါက ဆရာဝန် သို့မဟုတ် ခွဲစိတ်ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါသည်။

    ကြိုတင်ပြင်ဆင်ခြင်း

    ခါးရိုးထုံဆေးအတွက် ဘာတွေပြင်ထားရမလဲ။

    မေ့ဆေးဆရာဝန်မှ သင့်ကျန်းမာရေးနှင့် ပါတ်သတ်ပြီး မေးပါလိမ့်မည်။ ထုံဆေးမထိုးခင် လက်ရှိကျန်းမာရေးပြဿနာများကို ပြောပြပါ။ ထိုမှ ထုံဆေးနှင့်တည့်မတည့် ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

    ခွဲစိတ်ကုသခြင်း

    ခါးရိုးထုံဆေး ထိုးစဉ် ဘာဖြစ်နိုင်မလဲ။

    မေ့ဆေးဆရာဝန်သည် ထုံဆေးပြွန်ကို ဆေးထိုးအပ်သုံးပြီး သွင်းပါမည်။ ပြွန်မှတစ်ဆင့် ထုံဆေးအနည်းငယ်ထိုးကြည့်မည်။ ထိုးရပြီဆိုပါမှ အာနိသင်ပြမည့်ပမာဏကို ထိုးမည်ဖြစ်သည်။

    ပေးသည့်ဆေးအမျိုးအစား ပမာဏပေါ်မူတည်ပြီး ထုံဆေးအာနိသင် ကွာခြားနိုင်ပါသည်။

    စိတ်ပူသည်များ မေးချင်သည်များရှိပါက သင်၏ဆရာဝန် သို့မဟုတ် ခွဲစိတ်ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါသည်။

    ခွဲစိတ်ပြီးနောက် အခြေအနေ

    ခါးရိုးထုံဆေး ထိုးပြီးနောက်ဘာဖြစ်နိုင်မလဲ။

    ခါးရိုးထုံဆေးထိုးပြီးနောက် လှဲနေသည့်ပုံစံ သို့မဟုတ် ထိုင်လျက်ဖြင့် ခြေထောက်များကို ပြန်ခံစားနိုင်သည်အထိ အနားယူရန် အကြံပေးပါလိမ့်မည်။ ထိုသိုပြန်ခံစားနိုင်ရန် နာရီအနည်းငယ် ကြာနိုင်ပါသည်။ ထုံဆေးပြယ်သည်နှင့် အရေပြားများကျင်သလို စတင်ခံစားရမည်ဖြစ်သည်။

    နာကျင်မှုကိုခံစားရပါက ဆရာဝန် သို့ သူနာပြုကို ပြောပါ။ နာကျင်မှုသက်သာစေရန် ဆေးပေးပါလိမ့်မည်။ ခါးရိုးထုံဆေးထိုးပြီးနောက် ကလေးကို နို့တိုက်နိုင်ပါသည်။

    Hello Health Group သည် ကျန်းမာရေးအကြံပေးမှု, စမ်းသပ်မှုနှင့် ကုသမှုတို့ လုပ်ဆောင်မည်မဟုတ်ပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement