ကလေးတစ်ယောက်ကို ကြီးပြင်းအောင် စောင့်ရှောက်ရာမှာ အလုပ်လုပ်ခြင်းဟာ မိခင်တွေကို အချက်အလက်တွေ၊ အတွေးအခေါ်တွေနဲ့ နည်းလမ်းတွေ တိုးတက်စေနိုင်ပါတယ်။ အလုပ်လုပ်ခြင်းဟာ မိခင်တွေကို ပြဿနာဖြေရှင်းခြင်း၊ မတူညီတဲ့ ရှုထောင့်တွေကို ကိုင်တွယ်ဖြေရှင်းခြင်းနဲ့ ကိုယ်ရည်ကိုယ်သွေးမတူညီမှုကို ဖြေရှင်းခြင်း အစရှိတဲ့ မိခင်တစ်ယောက်ရဲ့ အဓိကလိုအပ်ချက်တွေကို တိုးတက်စေပါတယ်။ သုတေသနက အလုပ်လုပ်တဲ့ မိခင်တွေဟာ အိမ်မှာနေတဲ့ မိခင်တွေထက် ကျောင်းမတက်မီအရွယ် ကလေးတွေကို ပိုမိုဂရုစိုက်နိုင်ကြတယ်လို့ ဆိုပါတယ်။ အချိန်ပိုင်းအလုပ်လုပ်တဲ့ မိခင်တွေဟာ အိမ်မှာနေတဲ့ မိခင်တွေထက် ကလေးရဲ့ ကျောင်းကိစ္စတွေမှာ ပိုမို ပါဝင်ဆောင်ရွက်နိုင်ပြီး အချိန်ပြည့်အလုပ်လုပ်တဲ့ မိခင်တွေထက်လည်း အချိန်ပိုပေးနိုင်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ ကလေးတွေကို အိမ်တွင်းအိမ်ပြင်မှာ သင်ယူမှု အခွင့်အလမ်းတွေကို ပေးနိုင်ပါတယ်။ စာအုပ်ဖတ်ခြင်း၊ ပန်းခြံကို အလည်သွားခြင်းနဲ့ ပြတိုက်သွားခြင်းတွေ ပါဝင်ပါတယ်။
ဘော်စတွန်ကောလိပ်က An assistant director of the Boston College Center for Work & Family in Chestnut Hill ဖြစ်တဲ့ Jennifer Fraone က အချိန်ပိုင်းအလုပ်လုပ်တဲ့ မိခင်တွေဟာ အလုပ်နဲ့ အိမ်ညီမျှမှုကို ပေးနိုင်ပြီး ကလေးကို ပြုစုပျိုးထောင်ဖို့ ကိစ္စတွေကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့ ဆိုပါတယ်။ လေ့လာမှုက မေးခွန်းတစ်ခုကို သေချာစွာ မေးနိုင်ခဲ့ပါတယ်။ အလုပ်လုပ်တဲ့ မိခင်တွေဟာ ပိုမိုပျော်ရွှင်ပါသလားဆိုတာပဲ ဖြစ်ပါတယ်။ အဖြေကတော့ ဟုတ်ပါတယ်။ ဒီလိုမိခင်တွေဟာ ပိုမိုကျန်းမာပျော်ရွှင်ကြပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။