အမျိုးအစား ၁ ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ လမစေ့ဘဲ မွေးဖွားနိုင်ခြေများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်တွေဟာ လမစေ့ခင်မွေးဖွားနိုင်ခြေပိုများတယ်လို့ သုတေသနကတွေ့ရှိခဲ့ပါတယ်။သွေးတွင်းသကြားဓါတ်မြင့်တက်လာလေ ဒီအန္တရာယ်ကပိုများလာလေဖြစ်ပေမယ့် ဆီးချိုကိုပုံမှန်ထိန်းထားနိုင်တဲ့ အမျိုးသမီးတွေမှာတောင် လမစေ့ဘဲမွေးဖွားနိုင်ခြေရှိနေပါတယ်တဲ့။

ဒီတွေ့ရှိချက်က ဆွီဒင်နိုင်ငံKarolinska Institutet နဲ့ the Sahlgrenska Academy မှ သုတေသီတွေရဲ့လေ့လာမှုဖြစ်ပြီးAnnals of Internal Medicineဆေးပညာဂျာနယ်မှာဖော်ပြခဲ့တာဖြစ်ပါတယ်။

BMJမှာဖော်ပြခဲ့တဲ့ အရင်သုတေသနမှာ ဆီးချိုကိုယ်ဝန်ဆောင်တွေဟာမွေးရာပါချို့ယွင်းချက်ရှိတဲ့ ကလေးတွေမွေးဖွားလာနိုင်ခြေပိုများတယ်လို့ ပါရှိခဲ့တာပါ။ အခုတော့ သုတေသနအသစ်က လမစေ့ဘဲမွေးဖွားမှုကိုလေ့လာတွေ့ရှိခဲ့ပါတယ်။

“ ကိုယ်ဝန်ဆောင်စဉ်အတွင်း HbA1cသွေးတွင်းသကြားမြင့်တက်တာကြာရှည်လာရင် လမစေ့ဘဲမွေးဖွားခြင်းအပါအဝင်နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ခြေပိုများပါတယ်။HbA1c ၈ သို့မဟုတ် ၉ ရာခိုင်နှုန်း( အများဆုံး60-70 mmol/mol)နဲ့အထက်ရှိတဲ့သူတွေမှာ အန္တရာယ်အမြင့်ဆုံးဖြစ်ပေမယ့်HbA1c ကိုပုံမှန်ထိန်းထားနိုင်သူ(၆.၅ ရာခိုင်နှုန်းအောက်၊ 48 mmol/mol အောက်)တွေမှာပါ လမစေ့ဘဲမွေးဖွားနိုင်ခြေပိုများစေပါတယ်။” လို့ သုတေသီJonas F. Ludvigsson ကပြောပါတယ်။

ဒီသုတေသနမှာ ကိုယ်ဝန်ဆောင်ကာလအတွင်းlong-term glycosylated haemoglobin levels (HbA1c)သွေးစစ်ထားတဲ့အမျိုးသမီးတွေရဲ့မွေးကင်းစကလေး ၂၄၇၄ ဦးကိုလေ့လာဆန်းစစ်ခဲ့တာပါ။ ဆီးချိုမရှိတဲ့မိခင်တွေကနေမွေးဖွားလာတဲ့ကလေးတွေနဲ့ နှိုင်းယှဉ်လေ့လာခဲ့ကြပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါရှိတဲ့ မိခင်တွေကနေမွေးဖွားလာတဲ့ကလေးတွေထဲမှာ၂၂ ရာခိုင်နှုန်းလောက်က လမစေ့ဘဲမွေးဖွားခဲ့တာဖြစ်ပြီး ဆီးချိုမရှိတဲ့မိခင်တွေဆီက ကလေးတွေထဲမှာတော့ လမစေ့ဘဲမွေးလာသူ ၅ ရာခိုင်နှုန်းသာရှိပါတယ်။ ဆီးချိုမိခင်တွေထဲက ၃၇ ရာခိုင်နှုန်းဟာ HbA1clevel ၉ ရာခိုင်နှုန်းရှိနေတာဖြစ်ပါတယ်။သွေးတွင်းသကြားဓါတ်ထိန်းပြီးကျင့်သားရနေတဲ့သူ ၁၃ ရာခိုင်နှုန်းတောင်မှ လမစေ့ဘဲမွေးဖွားခဲ့တာတွေ့ရပါတယ်။

“ ဒါဟာ HbA1c level ကွာခြားမှုတွေနဲ့ လမစေ့ဘဲမွေးဖွားတာတွေကြားက ဆက်နွှယ်မှုကို တွေ့ရှိတဲ့ ပထမဆုံးကျယ်ကျယ်ပြန့်ပြန့်သုတေသနပါ။ ဒီသုတေသနက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်ခဲ့တာဖြစ်တဲ့အတွက် ရလဒ်က အမျိုးအစား ၁ ဆီးချိုရှိတဲ့ အမျိုးသမီးတွေ ပျမ်းမျှအားဖြင့် အကျုံးဝင်ပါတယ်။ “ လို့Jonas F. Ludvigsso ကပြောပါတယ်။

ဒီကလေးတွေမှာလည်း မိခင်ဝမ်းထဲမှာတည်းက ဆီးချိုအန္တရာယ်ပိုများသလိုမွေးဖွားရာမှာထိခိုက်မှု၊ အသက်ရှူလမ်းကြောင်းပြဿနာ၊သွေးတွင်းသကြားဓါတ်ကျခြင်း၊အောက်ဆီဂျင်ပြတ်လပ်မှုတွေဖြစ်နိုင်ခြေရှိပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်း ဆီးချိုတအားတက်သွားတာမျိုးဖြစ်ခဲ့တဲ့ကလေးတွေမှာမွေးပြီးမကြာခင်သေဆုံးမှုနှုန်းပိုများတယ်လို့လေ့လာတွေ့ရှိခဲ့ပါတယ်။ HbA1c မြင့်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကလေးအသေမွေးခြင်းအန္တရာယ်လည်းရှိနေပါတယ်။

ဒါ့ကြောင့် အန္တရာယ်နည်းနိုင်သမျှနည်းအောင်သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပြီး ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာနေထိုင်သင့်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

ဆီးချိုရောဂါက အဖြစ်များတဲ့ရောဂါတစ်မျိုးပါ။ ဒီလိုရောဂါဆိုးကြီးဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်မျိုးဖြစ်တဲ့ အထီးကျန်ခြင်းဝေဒနာနဲ့ ဆက်စပ်နေပါတယ်တဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကြောက်လန့်ဖွယ်ရာ စိတ်ကျဝေဒနာ

စိတ်ကျရောဂါ ဟာ စိတ်ပိုင်းဆိုင်ရာရောဂါပဲ မဟုတ်ပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးမှာ တခြားရောဂါတွေကိုပါ ဖြစ်လာစေပါတယ်။ မိမိကိုယ်ကို သတ်သေခြင်းလည်း ဖြစ်စေနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဆီးချိုရောဂါရှိသူများ အနာကျက်နှေးရခြင်းအကြောင်း

ဆီးချိုရောဂါရှိသူတွေဟာ ကိုယ်ခန္ဓာမှာ ထိခိုက်ဒဏ်ရာ ရှိ၊ မရှိ ပုံမှန်စစ်ဆေးရပါမယ်။ အနာဖြစ်တာကို စောစောသိလေလေ နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေနည်းလေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ဒါတွေကြောင့် အူမကြီးကင်ဆာ ဖြစ်တတ်ပါတယ်။

အူမကြီးကင်ဆာ အဖြစ်များတဲ့ကင်ဆာ ဆီးချိုရောဂါ အရက် ဆေးလိပ် အနီရောင်အသား အဝလွန် အူမကြီးအသားပို အူမကြီးရောင်ရမ်းတဲ့ရောဂါ ကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
အူမကြီးကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 1, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုအနာများ အကျက်မြန်စေရန်

ဆီးချိုအနာများ အကျက်မြန်စေရန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 18, 2020 . 2 mins read
အမျိုးအစား (၁) ဆီးချိုရောဂါရှိနေတဲ့ ကလေးကို ဘယ်လို ပျိုးထောင်ပေးမလဲ။

အမျိုးအစား (၁) ဆီးချိုရောဂါရှိနေတဲ့ ကလေးကို ဘယ်လို ပျိုးထောင်ပေးမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 4, 2020 . 3 mins read
သွေးတွင်းအချိုဓာတ်ကို များစေနိုင်သည့် လူသိနည်းသော အချက်များ

သွေးတွင်းအချိုဓာတ်ကို များစေနိုင်သည့် လူသိနည်းသော အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 3, 2020 . 2 mins read
ခြေဖနောင့်အက်ကွဲ ခြင်း ပြဿနာ

ခြေဖနောင့်အက်ကွဲ ခြင်း ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read