ကိုယ်ဝန်ဆောင်ခြင်းနှင့် အထီးကျန်စိတ်ဝေဒနာ။ မိခင်ကိုယ် အလေးချိန်၊ ဆီးချိုသွေးချို နှင့် ဖောလစ်အက်စစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

မိခင်ကိုယ်အလေးချိန်သည် ကလေးတွင် အထီးကျန်စိတ်ဝေဒနာဖြစ်နိုင်ချေကို လွှမ်းမိုးမှုရှိသလား။

Utah တက္ကသိုလ်မှ ၂၀၁၃ နိုဝင်ဘာထုတ် ကလေးဆေး ပညာ လေ့လာမှုအရ ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန် တက်ခြင်း နှင့် အထီးကျန်စိတ်ဝေဒနာ ဖြစ်နိုင်ချေသည် ဆက်နွယ်မှုရှိ သည်ဟု ဆိုသည်။ အရင်ကလေ့လာမှုများအရ မိခင်၏ ကိုယ်ဝန်မဆောင်စဉ် ကိုယ်အလေးချိန် (BMI)၊ ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန် တက်ခြင်း နှင့် ကလေးတွင် အထီးကျန် စိတ်ဝေဒနာ ဖြစ်နိုင်စွမ်း သည် ဆက်နွယ်မှုရှိသည်ဟု ညွှန်ပြသည်။

သီအိုရီတစ်ခုမှာ ခန္ဓါကိုယ် တွင် အဆီပိုလျှံခြင်း သည် မိခင်၏ ဟော်မုန်း ပမာဏကို သက်ရောက်ခြင်း ရှိနိုင်သည် သို့မဟုတ် ရောင်ရမ်းပြီး သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှုကို လွှမ်းမိုးခြင်း ရှိနိုင်သည်။ အဝလွန်နှုန်းနှင့် အထီးကျန်စိတ်ဝေဒနာ ဖြစ်နှုန်းသည် ပြီးခဲ့သော ဆယ်စုနှစ် များအတွင်း မြင့်တက် လာသည်။ သို့သော် ထိုနှစ်ခုသည် ဆက်စပ်သည်ဟု မဆိုလိုနိုင်သေးပါ။ အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဉ် အတွင်း ဆီးချိုသွေးချို နှင့် သွေးတိုးခြင်း စသော ပြဿနာများ မဖြစ်အောင် ကိုယ်အလေးချိန်ကို ထိန်းထားသင့်သည်။

ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော ဆီးချိုသွေးချိုနှင့် အထီးကျန် စိတ်ဝေဒနာသည် အပြန်အလှန်ဆက်စပ်မှု ရှိသလား။

အမေရိကန် ဆေးပညာအဖွဲ့ ဂျာနယ် (JAMA) ၏ ဧပြီ ၂၀၁၅ သုတေသနတစ်ခုအရ ကိုယ်ဝန် ၂၆ပတ်တွင် ဆီးချိုသွေးချိုရှိသည်ဟု စစ်ဆေးတွေ့ရှိသော မိခင်လောင်း များသည် အထီးကျန်စိတ်ဝေဒနာရှိသော ကလေးများ ကို မွေးနိုင်ချေ ၆၃ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။ ဆိုလိုသည်မှာ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုသွေးချိုဖြစ်သော အမျိုးသမီး ၁၀၀၀ တိုင်းတွင် ၇ယောက်သည် အထီးကျန်စိတ်ဝေဒနာရှိသော ကလေး မွေးနိုင်သည်။

သားအိမ်အတွင်း သွေးတွင်းသကြား ဓါတ်များခြင်းကို ထိတွေ့ခြင်းသည် ကလေး၏ ဦးနှောက် ဖွံ့ဖြိုးမှုကို လွှမ်းမိုးနိုင်ပြီး ဖွံ့ဖြိုးမှုဆိုင်ရာ ရောဂါများ ဖြစ်နိုင်ချေ မြင့်သည်ဟု သုတေသနပြုလုပ်သူများက ယုံကြည်သည်။

ပို၍စောသော လေ့လာမှုများအရ ကိုယ်ဝန်ဆောင်စဉ် သွေးတွင်းသကြားဓါတ် များခြင်းနှင့် အထီးကျန်စိတ်ဝေဒနာ ဖြစ်နိုင်ချေသည် ဆက်စပ်မှုရှိသည်ဟုဆိုသည်။ အဓိကအချက် မှာ သွေးတွင်းသကြား ပမာဏ ဘယ်လောက် မြင့်တက်သွား သလဲ ဖြစ်သည်။

JAMA လေ့လာမှုအရ ကိုယ်ဝန်မဆောင်မီ ဆီးချိုသွေးချို အမျိုးအစား ၂ ရှိသော မိခင်များမှ မွေးဖွားသော ကလေးများသည် အထီးကျန်စိတ်ဝေဒနာ ဖြစ်နိုင်ချေ မမြင့်ပါ ဟုဆိုသည်။ အဘယ်ကြောင့်ဆိုသော် မိခင်များသည် သွေးတွင်းသကြား ပမာဏကို ထိန်းရန် ဆေးသောက်နေ သောကြောင့် ဖြစ်သည်။

ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော ဆီးချိုသွေးချိုသည် မွေးကင်း စကလေးများတွင် ပြဿနာများစွာ ဖြစ်စေနိုင်သည်။ ဥပမာ- လမစေ့ဘဲ မွေးခြင်း၊ မွေးခါစ ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်းနှင့် အသက်ကြီးလာပါက ဆီးချိုသွေးချို အမျိုးအစား ၂ ဖြစ်နိုင်ချေ မြင့်ခြင်းတို့ဖြစ်သည်။

မိခင်လောင်း များတွင် သွေးတိုးရောဂါ၊ တက်ခြင်း နှင့် ဆီးချိုသွေးချို အမျိုး အစား ၂ ဖြစ်နိုင်ချေ မြင့်ပါသည်။ ကိုယ်ဝန်ဆောင် အားလုံး သည် လေ့လာမှု တွေ့ရှိချက်များကို ဂရုမထားဘဲ သွေးတွင်း သကြားဓါတ်ကို ထိန်းချုပ်ရန် ကြိုးစားသင့်ပါသည်။

ဖောလစ်အက်စစ်သည် အထီးကျန်စိတ်ဝေဒနာ ဖြစ်နိုင်ချေကို နည်းစေနိုင်သလား။

၂၀၁၁ ခုနှစ် epidemiology လေ့လာမှုအရ ကိုယ်ဝန်မရမီ သုံးလအလိုနှင့် အနည်းဆုံး ကိုယ်ဝန်ပထမလတွင် ဗီတာမင် သောက်သုံးခြင်းသည် ကလေးတွင် အထီးကျန်စိတ်ဝေဒနာ ဖြစ်နိုင်ချေကို နည်းစေသည်ဟု ဆိုသည်။ အခြားလေ့လာမှုများ အရ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်သော ဗီတာမင် ဘီ ပုံစံ တစ်မျိုးဖြစ်သော ဖောလစ်အက်စစ် ပမာဏများစွာသည် အဓိကဖြစ်သည်ဟု ဆိုသည်။

ကလေးမွေးနိုင်သော အရွယ် အမျိုးသမီးတိုင်း (ကိုယ်ဝန် မယူသော သူများအပါ) သည် နေ့စဉ် ဖောလစ်အက်စစ် ၄၀၀ မှ ၈၀၀ မိုက်ခရိုဂရမ် သောက်သင့်သည်။ အမျိုးသမီး အများစု သည် ပေါင်မုန့်၊ ကောက်ပဲသီးနှံစသော သန်မာစေသော အစာ များမှ တစ်နေ့လျှင် ပျမ်းမျှ ဖော်လစ်အက်စစ် ၁၅၀ မိုက်ခရို ဂရမ် ရရှိသည်။

၂၀၁၂ American Journal of Clinical Nutrition လေ့လာမှုအရ အမျိုးသမီးများသည် အထီးကျန် စိတ်ဝေဒနာ ဖြစ်နိုင်ချေ လျော့ချရန် ထိုပမာဏ၏ အနည်းဆုံး ၄ဆ (၆၀၀ မိုက်ခရိုဂရမ်) လိုအပ်သည်ဟု ဆိုသည်။ ဗီတာမင် အာဟာရ အမျိုးအမည်ကို စစ်ဆေးပါ။ လိုအပ်ပါက သင်၏ ဖောလစ်အက်စစ် သောက်သုံးမှု မြင့်တင်ရန် ဆရာဝန် ဖြင့် တိုင်ပင်ပါ။ ဖောလစ် ကြွယ်ဝသော အစားအစာများ ( ပဲနီ ကလေး၊ ဟင်းနုနွယ်၊ ပန်းမုန်လာ) စားသုံးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

ဒါတွေလည်းဆက်ဖတ်ပါ: