backup og meta

ရိုးရိုးမွေးရန် ပြင်ဆင်ခြင်း

သင့်ဘဝထဲသို့ ကလေးလေး ရောက်မလာခင် မိခင် အများစုသည် ကလေးမမွေးခင် ဘာလုပ်ရမည်၊ ဘာကို မလုပ်ရမည်ကို စဉ်းစားပြီး စိုးရိမ်တတ်ကြသည်။ သဘာဝအတိုင်း မွေးဖွားရန် ပြင်ဆင်ချိန်တွင် မိခင်တိုင်း စဉ်းစားရမည့် အချက်များစွာရှိသည်။ ဤဆောင်းပါးသည် သင်မွေးဖွားရန်အတွက် အရေးကြီးသော လမ်းညွှန်ချက်များကို ဖော်ပြထားပါသည်။

မွေးဖွားသည့် အဆင့်များကို သိထားခြင်း

အမျိုးသမီးတိုင်းတွင် ကလေးမွေးသည့်အခါ ခံစားရသည်များ မတူညီကြပေ။ သင်မွေးဖွားလျှင် မည်သို့ ဖြစ်မည်ကို မည်သူမျှ ကြိုတင်မခန့်မှန်းနိုင်ပေ။ သို့သော် ကလေး မွေးဖွားရာတွင် အောက်ပါ အဆင့်သုံးဆင့်ကို သင်ကြုံတွေ့ရမည်ဖြစ်သည်။

ပထမအဆင့်တွင် သင့်သားအိမ်သည် စတင်၍ တင်းလာပြီး ကျုံ့ခြင်း၊ ပြေလျော့ခြင်းကို တလှည့်စီ ဖြစ်စေမည်။ ထိုအခါ သားအိမ်ခေါင်းသည် ပါးပြီးကျယ်လာသည့် အတွက် ကလေးသည် မွေးလမ်းကြောင်း မှတဆင့် တိုးထွက်လာနိုင်သည်။ ဤအစောဆုံး အဆင့်သည် နာရီအနည်းငယ်မှ ရက်ပိုင်းအထိ ကြာနိုင်သည်။ နောက်ပိုင်းတွင် သားအိမ်ညှစ်ခြင်းသည် ပုံမှန် အကြိမ်ရေ စိတ်လာပြီး တစ်မိနစ်ခန့် ကြာလာနိုင်သည်။

ဒုတိယအဆင့်တွင် သားအိမ်ခေါင်းသည် ကျယ်လာပြီး သင့်ကလေးကို ထွက်စေရန် သင်စတင် ညှစ်ထုတ်ရသည်။

တတိယအဆင့်တွင် သင့်ကလေး ထွက်လာပြီးနောက် အချင်းထွက်စေရန် ဆက်ပြီး ညှစ်ရပါသည်။

နာကျင်မှုအတွက် ပြင်ဆင်ခြင်း

မွေးဖွားစဉ်တွင် နာကျင်မှုကို သက်သာစေရန် ကိုယ်ဝန် ဆောင်နေချိန်တွင် အောက်ပါတို့ကို ပြင်ဆင်နိုင်ပါသည်။

ခန္ဓါကိုယ် အောက်ပိုင်းကို နှိပ်နယ်ပေးခြင်းသည် မိန်းမကိုယ်နှင့် စအိုတဝိုက်တွင် ရှိသော အရေပြားနှင့် တစ်သျှူးများကို ဖြည်းညင်းစွာ ဆန့်ထုတ်စေသည်။ ပုံမှန်အားဖြင့် ကိုယ်ဝန် ၃-၄ ပတ် နောက်ပိုင်းတွင် ထိုလေ့ကျင့်ခန်းကို စတင်နိုင်သည်။ လေ့လာမှုများအရ ထိုသို့ နှိပ်နယ်ပေးခြင်းသည် ကလေးမွေးရာတွင် စုတ်ပြဲခြင်းကို သက်သာစေသည်။

တင်ပဆုံကွင်း လေ့ကျင့်ခန်းသည် သင့်ကလေးကို ထွက်စေရန် ညှစ်ထုတ်သည့် အခါတွင် သင့်ကြွက်သားများ အလုပ်လုပ်နိုင်စေရန် ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် မွေးဖွားသည့် အချိန်တွင် လွယ်ကူစေသည်။ ကြွက်သားများကို သန်မာစေခြင်းဖြင့် မွေးဖွားချိန်နှင့် မွေးဖွားပြီးနောက် သင့်ကြွက်သားများကို ထိန်းချုပ်နိုင်စွမ်း ကောင်းစေသည်။

ဆီးခုံအမွေးများကို ဂရုစိုက်ပါ။

ကိုယ်ဝန်ရှိသောအခါ အထူးသဖြင့် ပထမဆုံး ကိုယ်ဝန်တွင် သင်သည် အမွေးရိတ်ခံရမည်ကို စိုးရိမ်နေနိုင်သည်။ ဆီးခုံတစ်ဝိုက်ကို သန့်ရှင်းအောင် ထားခြင်းသည် သင်နှင့် သင့်ဆရာဝန်ကို မွေးဖွားချိန်တွင် လုပ်ဆောင်ရမည်များကို အဆင်ပြေစေသည်။ အမွေးရိတ်လျှင် ကလေးမွေးသော အခါ ပိုးဝင်ခြင်းကို လျော့နည်းစေသည်။ ထို့ကြောင့် ဆေးရုံမတက်ခင် သင့်ကို ကျန်းမာရေးအတွက် ဘေးကင်းစိတ်ချရစေရန် အမွေးရိတ်လာရန် ဆေးရုံမှ ညွှန်ကြားနိုင်သည်။

ကလေးမွေးခြင်းကို ပညာပေးသည့် အတန်းများကို တက်ပါ။

တချို့သော မိခင်များတွင် နီးစပ်ရာ ဆွေမျိုး မိတ်ဆွေများထံမှ ပညာပေးအတန်းများ တက်ရန် အကြံဉာဏ်ရနိုင်ပါသည်။ အတန်းတက်ခြင်းအားဖြင့် ကလေးမွေးသည့် အခါတွင် သင့်စိုးရိမ်မှုများကို လျော့စေပြီး၊ သေသေချာချာသိပြီး ဆုံးဖြတ်ချက်ချနိုင်စေသည်။ အောက်ပါတို့သည် ပညာပေးအတန်းတွင် သင်လေ့လာရမည့် အချက်အလက်များ ဖြစ်ပါသည်။

  • မွေးဖွားချိန်တွင် ဖြစ်ပေါ်မည့် လက္ခဏာများ
  • ပုံမှန် မွေးဖွားပုံ အဆင့်ဆင့်
  • နာကျင်မှုကို ထိန်းချုပ်ခြင်း
  • မွေးဖွားချိန်တွင် သင့်အမျိုးသားက မည်ကဲ့သို့ ကူညီနိုင်မည်ကို သိရှိစေခြင်း
  • ဆရာဝန် သို့မဟုတ် သားဖွား ဆရာမကို မည်သည့် အချိန်တွင် ခေါ်သင့်သည်ဆိုသည့် အချက်များသင့်ကလေးကို အိမ်၊ ဆေးရုံ၊ သားဖွားဌာန မည်သည့်နေရာတွင် မွေးမည်ဆိုစေ အထက်ပါ အချက်အလက်များသည် သဘာဝအတိုင်း မွေးဖွားရာတွင် ပြင်ဆင်ရာတွင် အထောက်အကူ ဖြစ်စေနိုင်ပါသည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Childbirth Education Classes. http://americanpregnancy.org/labor-and-birth/childbirth-education-classes/. Accessed August 10, 2016.

ယခုပုံစံ

12/05/2020

Dr. Su Sandy မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ

မိန်းမကိုယ်ကို နှိပ်နယ်ခြင်း (Vagina massage) ဟာ ကလေးမွေးဖွားစဉ် နာကျင်မှုကိုလျှော့ပေးနိုင်ပါတယ်။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Su Sandy မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement