အိမ်ထောင်သက်တမ်းကလည်း ကြာပြီ။ သားဆက်ခြားနည်း တစ်ခုခုလည်း မသုံးထားပါဘဲနဲ့ ဘေဘီလေး လိုချင်တာကို အခုထိ မရသေးဘူး ဆိုတဲ့ စုံတွဲလေးတွေ ရှိလား …….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။
ရာသီစက်ဝန်းကို တွက်ချက်ပါ။
ထွက်မှာ သေချာပြီလား။
အိမ်ထောင်သက်တမ်းကလည်း ကြာပြီ။ သားဆက်ခြားနည်း တစ်ခုခုလည်း မသုံးထားပါဘဲနဲ့ ဘေဘီလေး လိုချင်တာကို အခုထိ မရသေးဘူး ဆိုတဲ့ စုံတွဲလေးတွေ ရှိလား …….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။
ဘေဘီလေး လိုချင်တဲ့ စုံတွဲတိုင်း အနေနဲ့ အနေအထိုင် အစားအသောက်လေးတွေကို သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေး လိုချင်တဲ့ စုံတွဲတိုင်း စားပေးသင့်တာလေးတွေက ဘာလေးတွေ ဖြစ်မလဲဆိုတာကို ပြောပြပေးသွားပါမယ်။
Fertility expertတွေရဲ့ ပြောကြားချက်အရ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရမျှတတဲ့ စားသောက်မှုတွေက သားသမီးရရှိနိုင်စွမ်းအပေါ်မှာ အများကြီး သက်ရောက်မှု ရှိနေတယ်လို့ သိရပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရမျှတတဲ့ အစားအသောက်တွေ၊ ဗီတာမင် နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတဲ့ အစားအစာတွေက မမျိုးဥနဲ့ သုက်ပိုးတွေရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်ပါတယ်။
စိတ်ဖိစီးမှု များတာ၊ ဘဝနေထိုင်မှုပုံစံ ပြောင်းလဲတာတွေက မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ အာဟာရဓာတ်တွေ ဖြစ်တဲ့ omega-3၊ ဗီတာမင် C၊ co-enzyme Qတို့က ဘေဘီလေး ရရှိစေဖို့ ကူညီပေးနိုင်ပါတယ်။
နောက်ထပ် ဇာတ်လိုက် တစ်ဦးကတော့ ဖောလစ်အက်ဆစ်ပါ။ သွေးကြောထဲမှာ ဖောလစ်အက်ဆစ် ပြည့်ဝစွာ ရှိနေတာက ဘေဘီလေးကို မွေးရာပါ ချို့ယွင်းချက် မဖြစ်စေဖို့ပါ ထောက်ကူပေးပါတယ်။
ဘေဘီလေး လိုချင်တဲ့ စုံတွဲတိုင်း အနေနဲ့ ဘေဘီလေး ရရှိနိုင်ခြေ တိုးစေဖို့အတွက် အခုပြောပြမယ့် အစားအစာလေးတွေကို စားပေးဖို့ လိုပါမယ်။ ဒါတွေက ဘာတွေများ ဖြစ်မလဲ …….
အစေ့အဆန် နဲ့ သစ်သီးခြောက်တွေမှာ အရေးပါတဲ့ ပရိုတင်း၊ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ သစ်ကြားသီးမှာ မမျိုးဥတွင်းက ခရိုမိုဆုမ်း ပျက်စီးမှုကို လျှော့ချပေးနိုင်တဲ့ selenium ကြွယ်ဝစွာ ပါဝင်နေပါတယ်။
မျိုးအောင်နိုင်ခြေကို မြှင့်တင်ပေးပြီး မမျိုးဥ ထုတ်လုပ်မှုကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေး ရရှိဖို့ဆိုရင် အစေ့အဆန်နဲ့ သစ်သီးခြောက်တွေကို စားပေးဖို့ လိုပါမယ်။
ဘေဘီလေးလိုချင်တဲ့ လေဒီလေးတွေအနေနဲ့ နေ့စဉ် စားသုံးမှုရဲ့ ပမာဏ ထက်ဝက်ကို ကောက်နှံတွေ စားသုံးပေးဖို့ လိုပါမယ်။ အပင်ကနေ ရရှိတဲ့ ပရိုတင်းတွေက ဘေဘီလေး ရရှိနိုင်ခြေကို မြှင့်တင်ပေးနိုင်ပါတယ်။
ဒါကြောင့် quinoa ကို စားသုံးပေးတာက နည်းလမ်းကောင်း တစ်ရပ်ပါ။ ဒီ ကောက်နှံလေးက ရာသီစက်ဝန်း မှန်စေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။
ငှက်ပျောသီးမှာ မျိုးဥကြွေခြင်း ဖြစ်စဉ်ကို အဓိကထောက်ပံ့ပေးတဲ့ ဗီတာမင် B6 ပါဝင်နေပါတယ်။ ဒါတင်မကသေးပါဘူး။ ဗီတာမင် C နဲ့ ပိုတက်ဆီယမ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။
ပိုတက်ဆီယမ် နဲ့ ဗီတာမင် B6 ချို့တဲ့မှုက မမျိုးကိုရော သုက်ပိုးရဲ့ အရည်အသွေးကိုပါ ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေး လိုချင်တဲ့ စုံတွဲတိုင်း အနေနဲ့ မနက်စာမှာ ငှက်ပျောသီး ပါအောင် စားပေးပါ။
ကဲ ….. အခုပြောခဲ့တဲ့ အစားအစာလေးတွေက ဘေဘီလေး ရရှိစေဖို့ အကောင်းဆုံး ထောက်ကူပေးမှာ ဖြစ်ပါတယ်။
ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။
ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။
ရာသီစက်ဝန်း ရက်အရေအတွက်
(days) ရက်
ရာသီရက်စုစုပေါင်း
(days) ရက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Make note of these 5 superfoods to deal with infertility https://www.healthshots.com/healthy-eating/superfoods/5-superfoods-to-help-you-increase-and-improve-fertility/ Accessed Date 8 October 2021
Fertility Foods to Boost Your Odds of Conception https://www.verywellfamily.com/fertility-foods-recipes-1959903 Accessed Date 8 October 2021