သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကျန်းမာတဲ့ အစားအစာတွေက ကိုယ်ဝန်ရနိုင်အောင် ဘယ်လို အကူအညီပေးနိုင်သလဲ

ကျန်းမာတဲ့ အစားအစာတွေက ကိုယ်ဝန်ရနိုင်အောင် ဘယ်လို အကူအညီပေးနိုင်သလဲ

စုံတွဲတွေအတွက် တချို့ ကိုယ်ဝန်တွေက အံ့သြမှုတစ်ခုအနေနဲ့ လာတတ်ကြပေမယ့် တချို့စုံတွဲတွေမှာ အားထုတ်မှုနဲ့အတူ အချိန်အတော်ကြာ ယူရတတ်ပါတယ်။ တကယ်လို့ သင်ဟာ ကိုယ်ဝန်ရဖို့ အခက်အခဲ ရှိနေပြီး အဲ့ကိစ္စနဲ့ ဆေးရုံဆေးခန်း မသွားချင်ပါက အစားအသောက်ပုံစံ ပြောင်းဖို့ စဉ်းစားသင့်ပါပြီ။

ကျန်းမာတဲ့ အစားအသောက်ပုံစံက သင့်ကိုယ်ဝန်ရချေ မြင့်တက်စေမှာပါ။

သင်ကိုယ်ဝန်ရရှိဖို့ တိုက်ရိုက်သက်ရောက်မှုရှိတဲ့ မဟော်မုန်းကို သင့်ရဲ့ မျိုးဥအိမ်နဲ့ အဆီဆဲလ်တွေက စနစ်တကျဖြစ်စေပါတယ်။ အရမ်းပိန်နေတဲ့အချိန်မှာ လုံလောက်တဲ့ မဟော်မုန်းပမာဏကို ထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး။

အဝလွန်ပြန်ရင်လဲ အဆင်ပြေမှာ မဟုတ်ပါဘူး။ သင့်မျိုးဆက်ပွားစနစ်ကို ကောင်းမွန်လိုတယ်ဆိုရင် သင့်ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာက အကောင်းဆုံးပါ။ Body Mass Index (BMI) အဆင့် ၁၉ ကနေ ၂၄ အတွင်းရှိရပါမယ်။

တကယ်လို့ သင်ဟာ ကောင်းမွန်သင့်တော်တဲ့ ကိုယ်အလေးချိန် ရှိပြီးသားဆိုရင် အစားအသောက်ပုံစံကို ထိန်းညှိပေးခြင်းဖြင့် သင့်ရဲ့ ကိုယ်ဝန်ဆောင်နိုင်ချေကို မြှင့်တင်နိုင်ပါတယ်။

လေ့လာထားချက်တွေအရ trans fat ၊ အသားဓါတ်၊ ကစီဓာတ် ပမာဏများများ စားသုံးတဲ့ အမျိုးသမီးတွေမှာ မျိုးဥအိမ် မူမမှန်တာ ဖြစ်လေ့ရှိပါတယ်။ ဒါက အမျိုးသမီးတွေ မြုံရတဲ့ အကြောင်းအရင်းထဲမှာ ၂၀% လောက် ရှိပါတယ်။

အဟာရဆိုင်ရာ အချက်အလက်တချို့ကို အောက်မှာ ဖော်ပြထားပါတယ်။

၁။ အသားဓာတ်ကို ဘယ်ကရယူမလဲဆိုတာ သေချာ ရွေးချယ်ပါ။ အမဲသား၊ ဝက်သားကနေ ပဲ၊ အခွံမာသီးတို့ကို ပြောင်းလဲစားသောက်ပါ။ ဟင်းသီးဟင်းရွက်ကရတဲ့ အသားဓာတ်က စားသောက်တဲ့ ကယ်လိုရီပမာဏရဲ့ ၅% လောက် ရှိမယ်ဆို ကိုယ်ဝန်မရနိုင်မယ့် အန္တရာယ်ကို တစ်ဝက် လျော့ကျသွားပါမယ်။

၂။ တစ်ရက်ကို တစ်ခါ အဆီများတဲ့ နို့ထွက် အစားအသောက်တစ်မျိုး စားသုံးပါ။ အဆီများများစားသုံးတာ တကယ်တော့ အန္တရာယ်များပေမယ့် အဆီပြည့်ဝတဲ့ နွားနို့တစ်ဖန်ခွက်က အဆီနည်းတဲ့ဟာထက် သင့်ကိုယ်ဝန်ဆောင်နိုင်ချေကို ပိုပြီး မြင့်တက်စေပါတယ်။

၃။ ဗီတာမင် ဖြည့်စွက်စာ စားသုံးပါ။ ရှာဖွေတွေ့ရှိချက်တွေမှာ သံဓာတ်၊ folic acid နဲ့ တခြား ဗီတာမင်တွေ လုံလုံလောက်လောက်ရှိတဲ့ အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်နိုင်ချေ နည်းပါးတာမျိုး သိပ်မတွေ့ရပါဘူး။

၄။ choline တချို့ စားသုံးပါ။ choline ကို ကလေးမွေးဖွားတာကို ထိခိုက်စေတဲ့ ဗီဇသက်ရောက်မှုတွေကို လျှော့ချပေးတယ်လို့ သိထားကြပါတယ်။ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းကိုလည်း မြင့်တက်စေပါတယ်။ choline ကို ဥအနှစ်၊ အမဲအသည်းနဲ့ ပန်းဂေါ်ဖီတို့မှာ တွေ့နိုင်ပါတယ်။

၅။ ဆေးဖက်ဝင်လက်ဖက်ရည် စမ်းသောက်ကြည့်ပါ။ တကယ်လို့ သင်ဟာ ကိုယ်ဝန်ရဖို့ ကြိုးစားနေသူဆိုရင် licorice ၊ sassafras ၊ ginseng ၊ St. John’s wort နဲ့ ephedra လိုမျိုး ဆေးဖက်ဝင်အပင်တချို့ သုံးကြည့်ဖို့ အကြံဉာဏ် ပေးနိုင်ပါတယ်။

၆။ ကဖိန်း ရှောင်ပါ။ ကဖိန်း စားသုံးတာက ကိုယ်ဝန်ရဖို့ ခက်ခဲစေပါတယ်။ ကိုယ်ဝန်ရပြီးသား ဆောင်နေစဉ်မှာတောင် ကဖိန်းက ရန်သူပါ။ ဘာလို့လဲဆိုတော့ သူက အချင်းကနေတဆင့် သန္ဓေသားအထိ ရောက်သွားနိုင်ပြီး တချို့ ကိစ္စတွေမှာ ကိုယ်ဝန်ပျက်ကျတဲ့အထိ ဖြစ်စေနိုင်လို့ပါ။

အစားအသောက်ဟာ ကိုယ်ဝန်မရနိုင်တဲ့ ကိစ္စအမျိုးမျိုးအတွက် အံ့ဖွယ်အဖြေမဟုတ်တာတောင်မှ ကျန်းမာတဲ့ အစားအသောက် ပုံစံက အတော်အတန် အကူအညီပေးနိုင်ပါတယ်။ လေ့လာထားချက်တွေက ကျန်းမာတဲ့ အစားအသောက်ပုံစံ ပြောင်းလဲပေးခြင်းက မျိုးဆက်ပွားကျန်းမာရေးကို တိုးတက်စေနိုင်တယ်ဆိုတာ သက်သေပြပြီးသားပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

သားဥကြွေခြင်းကို တွက်ချက်ခြင်း

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်း ရက်အရေအတွက်

(days) ရက်

28

ရာသီရက်စုစုပေါင်း

(days) ရက်

7

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

1. 8 Ways to Boost Your Fertility. http://www.webmd.com/baby/guide/8-ways-to-boost-your-fertility#1 Assessed September 7, 2016
2. Fertility-Boosting Foods. http://www.healthywomen.org/content/article/fertility-boosting-foods Assessed September 7, 2016

စာရေးသူ ဓာတ်ပုံbadge
Wathun Myat Chal မှ ရေးသားသည်။ 13/05/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။