backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Testosterone (တက်စတိုစတီရုန်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Testosterone (တက်စတိုစတီရုန်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Testosterone ကို အရွယ်ရောက်ပြီး အမျိုးသားတွေ၊ကောင်လေးတွေမှာ အသုံးပြုရပြီး testosterone ဟော်မုန်းချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာရတဲ့ လူပျိုဖော်ဝင်နောက်ကျခြင်း၊မြုံခြင်း နဲ့ အခြားသော ဟော်မုန်းဓါတ်မညီမျှခြင်းတွေကို ကုသဖို့ရန် အသုံးပြုပါတယ်။ ဒါတင်မကသေးပါဘူး။ ခန္ဓါကိုယ်ရဲ့ အခြားသော အစိတ်အပိုင်းတွေဆီ ကင်ဆာဆဲလ်များ ပျံ့နှံ့နေပြီဖြစ်တဲ့ ရင်သားကင်ဆာကို ကုသဖို့အတွက်လည်း testosterone ကို အမျိုးသမီးတွေမှာ အသုံးပြုနိုင်ပါတယ်။

Testosterone (တက်စတိုစတီရုန်း) ဘယ်လိုသောက်သုံးသင့်သလဲ

testosterone ကို အသားထိုးဆေး ဒါမှမဟုတ် အရေပြားအောက်ထည့်ဆေးအဖြစ် သင့်ဆရာဝန်က ထိုးပေးပါလိမ့်မယ်။

Testosterone (တက်စတိုစတီရုန်း) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Testosterone ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ testosterone ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ testosterone ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Testosterone ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Testosterone ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Testosterone (တက်စတိုစတီရုန်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

testosterone နဲ့ ဓါတ်မတည့်ရင် ဒီဆေးကို မသုံးစွဲသင့်သလို အောက်ဖော်ပြပါ အချက်တွေရှိရင်လည်း မသုံးစွဲသင့်ပါဘူး။

  • ဆီးကျိတ်ကင်ဆာ။
  • အမျိုးသား ရင်သားကင်ဆာ။
  • နှလုံးရောဂါ ဆိုးဆိုးရွားရွား ရှိနေခြင်း။
  • ပြင်းထန်သော အသည်းရောဂါ၊ကျောက်ကပ်ရောဂါ ခံစားနေရခြင်း။

ကိုယ်ဝန်ရှိနေခြင်း သို့မဟုတ် ကိုယ်ဝန်ရှိလာနိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

သင့်အနေနဲ့ testosterone ကို သုံးစွဲဖို့ စိတ်ချရခြင်းရှိမရှိ သိစေနိုင်ဖို့ အောက်ဖော်ပြပါ လက္ခဏာတွေရှိရင် သင့်ဆရာဝန်ကို ကြိုပြောပါ။

  • ဆီးချိုရောဂါရှိခြင်း။
  • ဆီးကျိတ်ကြီးနေခြင်း။
  • နှလုံးရောဂါ၊နှလုံးသွေးကြောကျဉ်း ရောဂါများရှိခြင်း။
  • ရုတ်တရက် နှလုံးရပ်ဖူးခြင်း၊လေဖြတ်ဖူးခြင်း၊သွေးခဲဖူးခြင်း။
  • သွေးတွင်း ကိုလက်စထရောဓါတ် (အဆီဓါတ်များခြင်း)။
  • ရင်သားကင်ဆာ (အမျိုးသား သို့မဟုတ် သွေးတွင်းကယ်လ်ဆီယမ်ဓါတ်များပြားနေသော အမျိုးသမီးများ)။
  • အသည်းသို့မဟုတ် ကျောက်ကပ်ရောဂါရှိခြင်း။
  • အိပ်ယာထဲလဲနေခြင်း သို့မဟုတ် အခြားသော မလှုပ်မရှားနိုင်သည့် အခြေအနေများရှိခြင်း။
  • သွေးကျဲဆေးများ သုံးစွဲနေရခြင်း (warfarin, Coumadin, Jantoven စသည်)။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Testosterone (တက်စတိုစတီရုန်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Testosterone (တက်စတိုစတီရုန်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ခြေလက်များ နီရဲနာကျင်ရောင်ရမ်းခြင်း။

အရသာ ခံစားမှု ပြောင်းလဲခြင်း။

အသက်ရှုရခက်ခြင်း၊ရင်သားနာကျင်ခြင်း၊ချောင်းဆိုးခြင်း။

သွားဖုံး သို့မဟုတ် ပါးစပ်တွင်း ပြဿနာများ ဖြစ်ပေါ်လာခြင်း၊သွားဖုံးသွေးယိုခြင်း၊ငိုခြင်း။

အရေပြားတွင် အစက်အပြောက်များ ဖြစ်ပေါ်လာခြင်း၊ဝမ်းလျှောခြင်း။

မိမိကိုယ်ကို ယုံကြည်မှုနည်းပါးခြင်း၊ မူးဝေထိုင်းမှိုင်းခြင်း၊အာခြောက်ခြင်း။

ရင်သားဖွံ့လာခြင်း၊ထိတ်လန့်တုန်လှုပ်ခြင်း၊ဂဏှာမငြိမ်ဖြစ်ခြင်း။

ဝမ်းနည်းသလိုခံစားရခြင်း၊စိတ်ထဲဟာနေခြင်း၊ သွားဖုံးနာခြင်း၊အရည်ကြည်ဖုများထခြင်း။

စိတ်လိုက်မာန်ပါ တုံ့ပြန်ခြင်း၊စိတ်မြန်နေခြင်း၊ ဗိုက်နာဗိုက်အောင့်ခြင်း၊ ဗိုက်ထဲ မအီမသာဖြစ်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Testosterone (တက်စတိုစတီရုန်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Testosterone ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ဥပမာ

သွေးကျဲဆေးများ (warfarin စသည်)။

အစားအသောက်တွေနဲ့ အရက်က Testosterone (တက်စတိုစတီရုန်း) နဲ့ ဓါတ်ပြုနိုင်သလား

Testosterone က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Testosterone (တက်စတိုစတီရုန်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Testosterone ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

  • ကင်ဆာရောဂါများ (အမျိုးသား ရင်သာကင်ဆာ၊ဆီးကျိတ်ကင်ဆာ)။
  • သွေးခဲခြင်း (ခြေထောက်သွေးကြောများ သို့မဟုတ် အဆုတ်သွေးကြောများတွင်)။
  • နှလုံးရောဂါအမျိုးမျိုး(နှလုံးကောင်းစွာ အလုပ်မလုပ်တော့ခြင်း၊ရင်ဘတ်အောင့်ခြင်း၊နှလုံးထိခိုက်ခြင်း စသည်)၊လေဖြတ်ခြင်း။

အသည်းပြဿနာများ၊ကျောက်ကပ်ပြဿနာများ၊ကိုလက်စထရောဓါတ်များပြားခြင်း၊သွေးတိုးခြင်း၊ဆီးကျိတ်ကြီးခြင်း၊အိပ်နေရင်း ခေတ္တအသက်ရှုရပ်ခြင်း၊ဆီးချိုရောဂါဖြစ်ခြင်း စတဲ့ ရောဂါတွေ ရှိနေခဲ့ရင်ပေါ့။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Testosterone (တက်စတိုစတီရုန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

လူပျိုဖော်ဝင်နောက်ကျခြင်းအတွက် ယောက်ျားလေးတွေမှာ အသုံးပြုရမယ့် ပမာဏ

  • အသားထိုးဆေး : Testosterone Enanthate ၅၀ – ၂၀၀ မီလီဂရမ်ကို နှစ်ပတ်ခြား သို့မဟုတ် လေးပတ်ခြားတခါ ထိုးရမှာဖြစ်ပြီး ကာလအနေနဲ့ လေးလကနေ ခြောက်လအထိ ထိုးရမှာ ဖြစ်ပါတယ်။
  • အရေပြားအောက်ထည့်ဆေး : ဆေးပါဝင်တဲ့ အချောင်းလေး နှစ်ချောင်း (တချောင်းမှာ testosterone ၇၅ မီလီဂရမ်စီ ပါဝင်ပါတယ်)ကို သုံးလတခါ သို့မဟုတ် ခြောက်လတခါ အရေပြားအောက်ထည့်ရမှာဖြစ်ပြီး ကာလအနေနဲ့ လေးလကနေ ခြောက်လအထိ အသုံးပြုရမှာ ဖြစ်ပါတယ်။

ရင်သားကင်ဆာအတွက် :

အသားထိုးဆေး : Testosterone Enanthate ၂၀၀ – ၄၀၀ မီလီဂရမ်ကို နှစ်ပတ်တကြိမ် သို့မဟုတ် လေးပတ်တကြိမ် ထိုးနိုင်ပါတယ်။

အမျိုးသားအားနည်းခြင်း၊မြုံခြင်းအတွက် :

အသားထိုးဆေး :

  • Testosterone Undecanoate ၇၅၀ မီလီဂရမ် (သုံးစီစီ)ကို ကနဦးထိုးရမှာဖြစ်ပြီး လေးပတ်အကြာမှာ နောက်ထပ် ၇၅၀ မီလီဂရမ် (သုံးစီစီ) ထပ်ထိုးရပါမယ်။ ဒီနောက်မှာတော့ ၇၅၀ မီလီဂရမ် (သုံးစီစီ)ပမာဏကို ရက်သတ္တပတ် ဆယ်ပတ်တကြိမ် ထိုးရမှာပဲ ဖြစ်ပါတယ်။
  • Testosterone Enanthate and Cypionate : ၅၀ – ၄၀၀ မီလီဂရမ်ကို နှစ်ပတ်တကြိမ် သို့မဟုတ် လေးပတ်တကြိမ် ထိုးနိုင်ပါတယ်။

အရေပြားအောက်ထည့်ဆေး : ဆေးပါဝင်တဲ့ အချောင်းလေး နှစ်ချောင်းကနေ ခြောက်ချောင်း (တချောင်းမှာ testosterone ၇၅ မီလီဂရမ်စီ ပါဝင်ပါတယ်)ကို သုံးလတခါ သို့မဟုတ် ခြောက်လတခါ အရေပြားအောက်ထည့်ရမှာဖြစ်ပါတယ်။

ကလေးတွေအတွက် Testosterone (တက်စတိုစတီရုန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Testosterone (တက်စတိုစတီရုန်း) ကိုဘယ်လိုရရှိနိုင်သလဲ

testosterone ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ထိုးဆေး နှင့် အရေပြားအောက်ထည့်ရသည့် ပုံစံ။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။ ဆေးလွန်တဲ့ လက္ခဏာတွေကတော့

  • အမြင်အာရုံများ ဝေဝါးခြင်း။
  • ခေါင်းကိုက်ခြင်း။
  • အတက်ဝေဒနာ ခံစားရခြင်း။
  • စကားပီသစွာ မပြောနိုင်ခြင်း။
  • ရုတ်တရက် စကားမပြောနိုင်တော့ခြင်း။
  • ယာယီအမြင်အာရုံဆုံးရှုံးခြင်း။

ရုတ်တရက် ခန္ဓါကိုယ်တခြမ်း ကောင်းစွာ လှုပ်မရတော့ခြင်း စတာတွေပဲ ဖြစ်ကြပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Testosterone ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement