အန္တရာယ်များတဲ့ ကိုယ်ဝန်ဆိုတာဘာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 10, 2020 . 2 mins read
Share now

အန္တရာယ်များတဲ့ ကိုယ်ဝန်ဆောင်ခြင်းဆိုတာဘာလဲ။

ကိုယ်အန္တရာယ်ရှိတဲ့ ကိုယ်ဝန်ဆောင်ခြင်းဆိုတာ မိခင်ရော သန္ဓေသားရော ၂ဦးလုံးမှာ ကိုယ်ဝန်ဆောင်နေစဉ်သာမက မဆောင်ခင်ရော၊ မွေးဖွားပြီးချိန်မှာပါ ကျန်းမာရေးပြဿနာဖြစ်နိုင်ချေ ပုံမှန်ထက် များနေတဲ့အခြေအနေကိုခေါ်ပါတယ်။

ဒီလိုကိစ္စတိုင်းမှာတော့ မိခင်နဲ့ ကလေး တွေကို အသက်အန္တရာယ်ပေးနိုင်တဲ့ အခြေအနေမရှိပေမယ့် ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တွေကို လျှော့ချနိုင်ဖို့နဲ့ ၂ဦးလုံး ကျန်းမာစေဖို့ အထူးဂရုစိုက်စောင့်ကြည့်ရမှာပါ။

အန္တရာယ်များတဲ့ ကိုယ်ဝန်ဆောင်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။

တကယ်လို့ မိခင်ရဲ့ကျန်းမာရေးအခြေအနေက ဒီ ၃မျိုးထဲက တစ်မျိုးဖြစ်နေမယ်ဆိုရင် အန္တရာယ်များတဲ့ ကိုယ်ဝန်ဆောင်ခြင်း ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

၁။ လက်ရှိဖြစ်နေသော သို့မဟုတ် ဖြစ်နိုင်ဖွယ်ရာရှိသော ရောဂါများ

  • ဆီးချိုရောဂါ/ ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ သို့မဟုတ် ကိုယ်အလေးချိန် ပြဿနာ (အလေးချိန်များနေခြင်း သို့မဟုတ် အလေးချိန်မပြည့်ခြင်း)
  • နှလုံးရောဂါ
  • သိုင်းရွိုက်ရောဂါ
  • ကျောက်ကပ်ရောဂါ
  • သွေးဖိအားများခြင်း
  • ခုခံအားပြဿနာ (Autoimmune disease)
  • လိင်မှတစ်ဆင့် ကူးစက်ပိုးဝင်ခြင်း HIV/AIDS အပါအဝင်
  • ကိုယ်ဝန်ရနိုင်ချေ နည်းခြင်း သို့မဟုတ် မြုံခြင်း
  • Pre-eclampsia
  • ရှေ့တွင် ကိုယ်ဝန်ပျက်ကျဖူးခြင်း သို့မဟုတ် ကိုယ်ဝန်ပြဿနာရှိခဲ့ခြင်း (အလေးချိန်မပြည့်သောကလေးမွေးဖွားခြင်း၊ လမစေ့ဘဲ မွေးဖွားခြင်း၊ သို့မဟုတ် ဗိုက်ခွဲမွေးခြင်း)
  • အမြွာကိုယ်ဝန်ဆောင်ခြင်း
  • အချင်းနှင့်ဆိုင်သော ပြဿနာများ(ဥပမာ- အချင်းနေရာမမှန်ခြင်း)

၂။ ဘဝနေထိုင်မှုပုံစံ

  • ဆေးလိပ်သောက်ခြင်း
  • အရက်နှင့် မူးယစ်ဆေးဝါး
  • ပြင်းထန်သော စိတ်ဖိစီးမှုများ

၃။ အသက်အရွယ်

  • ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ခြင်း (၁၇နှစ်ထက် ငယ်သော မိခင်များ)
  • မိခင်နဲ့ ဖခင် အသက်ကြီးခြင်း(မိခင် အသက် ၃၅နှစ်နှင့်အထက် ဖခင်အသက် ၅၀နှင့်အထက် )

အန္တရာယ်များတဲ့ ကိုယ်ဝန်ဆောင်ခြင်းအတွက် ကာကွယ်ခြင်းနှင့် ကုသခြင်း

ကိုယ်ဝန်မဆောင်ခင် ဆရာဝန်နဲ့ တွေ့ဖို့ အရင်ပြင်ဆင်ပါ။ သင့်အတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ ဆောင်ရန်ရှောင်ရန်တွေကို သိဖို့ပေါ့။ တကယ်လို့များ သင်က ဆေးဝါးကုသမှုတစ်ခုခုလုပ်နေရတယ်ဆိုရင် သင့်ကလေးအန္တရာယ်ကင်းဖို့အတွက် ဘာတွေချိန်ညှိရမယ်ဆိုတာ သိဖို့ လိုအပ်လာမှာပါ။

ကိုယ်ဝန်ဆောင်ကာလ ဂရုစိုက်ရမယ့်အရာတွေကို စောစောလုပ်ပါ။ အချိန်မှန်ဆေးခန်းသွားရဖို့ ချိန်းထားတာတွေကို တစ်ခုမှ မပျက်ပါစေနဲ့။ ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုကို ဂရုတစိုက်စောင့်ကြည့်ပါ။ ဒါမှသာ ဖြစ်လာနိုင်ချေရှိတဲ့ပြဿနာတွေကို စောစောသိရပြီး တတ်နိုင်သမျှ အမြန်ဆုံး ကုသလို့ရနိုင်မှာပါ။

သတ်မှတ်ထားတဲ့ နှုန်းအတွင်းသာ ကျန်းမာရေးနဲ့ညီညီညွတ်ညွတ်နေပြီး အလေးချိန်တိုးလာပါစေ။ ဒါမှပဲ ကိုယ်ဝန်ဆောင် ဆီးချိုမဖြစ်အောင် ကာကွယ်နိုင်မှာပါ။

ကိုယ်ဝန်ဆောင်တွေ စားသင့်တာတွေကို ပုံမှန်စားပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးခြင်းအားဖြင့် ခုခံအား (ကိုယ်ခံအား)တိုးလာဖို့ အာရုံစိုက်ပါ။

ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ တရားမဝင်ဆေးဝါးသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။

ကလေးရဲ့ ချက်ကြိုးမှာ ချွတ်ယွင်းချက်တွေမရှိစေဖို့အတွက် တစ်ရက်ကို ဖောလစ်အက်ဆစ် အနည်းဆုံး ၄၀၀မီလီဂရမ် နေ့စဉ် ပုံမှန်သောက်ပေးပါ။

ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကိုသာ သုံးစွဲပါ။ (အားဆေးတွေနဲ့ OTC ဆေးတွေ အပါအဝင်)

သင့်ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး သင့်ရဲ့ ကျန်းမာရေးအကြံပေးက prenatal screening tests တွေကို သင့်လျော်သလို အကြံပေးသွားမှာဖြစ်ပြီး သင့်ရဲ့ကိုယ်ဝန်အခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်နေမှာပါ။

ဒီမှာတော့ ပုံမှန်အားဖြင့် သားအိမ်ခေါင်းအလျားတိုင်းတာခြင်း (Cervical length measurement)၊ ဓာတ်ခွဲစမ်းသပ်ခြင်း၊ percutaneous umbilical blood sampling (မမွေးဖွားခင် ချက်သွေးနမူနာယူပြီး စစ်ဆေးခြင်း) ၊ Chorionic villus sampling(သန္ဓေသားမှာ မွေးရာပါချွတ်ယွင်းချက်ရှိမရှိ ကိုယ်ဝန်အစောပိုင်းကာလမှာ စစ်ဆေးရသော စမ်းသပ်မှု) Amniocentesis သို့မဟုတ် Targeted Ultrasound စတဲ့ စမ်းသပ်မှုတွေပါဝင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေ Detox Water သောက်လို့ရလား။

ကိုယ်ဝန်ဆောင်မေမေ Detox Water သောက်လို့ ရလား။ ကိုယ်ဝန်ဆောင်မေမေ Detox Water မသောက်ပါနဲ့လို့ ပြောရတဲ့ အကြောင်းအရင်း။ ကိုယ်ဝန်ဆောင်နဲ့Detox Water။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်ကလေးကို စကားပြောတတ်အောင် ဘယ်လိုသင်ပေးမလဲ

စကားပြော ဖွံ့ဖြိုးမှုမှတ်တိုင် ဦးနှောက်ဖွံ့ဖြိုးမှု ကိုယ်ဝန်ဆောင် ကလေးကိုမြူ စာဖတ်ပြ ဘာသာစကား သီချင်းသံ အသက်၂နှစ် မွေးစကလေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကယ်လ်ဆီယမ်အကြောင်းသိသင့်သမျှ

ကယ်လ်ဆီယမ် ကိုယ်ခန္ဓာ ကျန်းမာရေးပြဿနာတွေ ဗီတာမင် D အသက်အရွယ် ဘေးထွက်ဆိုးကျိုး ကိုယ်ဝန်ဆောင် အရပ်အမောင်း ဆီးကျောက်တည် သွေးတွင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ကိုယ်ဝန်ဆောင်မေမေ နဲ့ သကြား

ကျန်းမာရေး အစားအစာတွေ ကိုယ်ဝန်ဆောင် ဘေဘီလေး လေဒီတွေ ခန္ဓာကိုယ် သကြား ကိုယ်အလေးချိန် ပျားရည် အချိုရည် ထန်းလျက် ကိုယ်ဝန်ဆောင် ဆီးချို

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ

ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 10, 2020 . 2 mins read
ဘိုင်အိုတင် (Biotin) အကြောင်း သိသင့်သမျှ

ဘိုင်အိုတင် (Biotin) အကြောင်း သိသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 7, 2020 . 2 mins read
ကျွန်မဖျောက်ဖျက်ပစ်ခဲ့တဲ့ မိဘအမွေ

ကျွန်မဖျောက်ဖျက်ပစ်ခဲ့တဲ့ မိဘအမွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 1, 2020 . 3 mins read

ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းဝေဒနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 30, 2020 . 3 mins read