ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်ငွေ့ရှူတဲ့အခါ
ဆေးလိပ်ငွေ့ရှူရှိုက်မိရင်
ကိုယ်ဝန်မဆောင်ခင် ဆေးလိပ်ဘယ်လို ဖြတ်မလဲ
- ဆေးလိပ်ပြာခွက်၊ မီးခြစ် စတဲ့ ပစ္စည်းတွေကို မမြင်အောင်ထားပါ။ ကိုယ့်ရဲ့အိမ်ကို ဆေးလိပ်ကင်းစင်နေရာအဖြစ်သတ်မှတ်
ပါ။ - ဆေးလိပ်သောက်တဲ့ သင့်မိတ်ဆွေအပေါင်းအသင်းတွေကို သင့်အနားမှာ ဆေးလိပ်မသောက်ဖို့ပြောပါ။
- လက်ဖက်ရည်၊ကော်ဖီ၊လက်ဖက်၊ green tea စတဲ့ ကဖင်းပါတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှရှောင်ပါ။ ကဖင်းက ဆေးလိပ်သောက်ချင်စိတ်ကိုဖြစ်စေ
တတ်လို့ပါပဲ။ - ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေသူတွေ
အနေနဲ့ အရက်ကိုလဲ ရှောင်ကြဉ်သင့်ပါတယ်။ အရက်ဟာ သင့်ကိုယ်သင်ရော၊ ရင်သွေးအတွက်ပါ လုံးဝကောင်းကျိူး မပေးတဲ့အပြင် အရက်သောက်ခြင်းက ဆေးလိပ်သောက်ချင်စိတ်ကိုပိုတွန်းအားပေးပါတယ်။ - အရင်ဆေးလိပ်သောက်တာနဲ့အတူတွဲလု
ပ်နေကျအပြုအမူတွေကိုပါဖြတ်ပါ။ ဥပမာ သင်က အရင်က ကားမောင်းတဲ့အချိန်၊ ဒါမှမဟုတ် စိတ်ဖိစီးတဲ့အချိန်မျိုးမှာ ဆေးလိပ်သောက်တတ်တဲ့သူဆိုရင် ဒါတွေလုပ်နေတဲ့အချိန်မှာ တခြား အလေ့အကျင့်နဲ့ အစားထိုးစလုပ်ကြည့်ပါ။ ဆေးလိပ်သောက်ချင်စိတ် ပေါက်လာတဲ့ အခါတိုင်း ပူရှိန်း ဒါမှမဟုတ် ပီကေဝါးကြည့်ပါ။အလွယ်တကူရနိုင် အောင် ဆောင်ထားပါ။ - လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ
နေပါ။ လမ်းလျှောက်တာဖြစ်ဖြစ်၊စာဖတ်တာ ဖြစ်ဖြစ် ကိုယ်ဝါသနာပါတဲ့အရာတွေကိုပြောင်းလဲလုပ်ဆောင်ကြည့်ပါ။ - လူတွေအများ
ကြီး ဆေးလိပ်သောက်တတ်တဲ့နေရာတွေ ဖြစ်တဲ့ ဘား၊ကလပ်၊ အရက်ဆိုင်၊ တချို့သောစားသောက်ဆိုင်တွေကို သွားတာကနေ ရှောင်ကြဉ်လိုက်ပါ။