backup og meta

ကိုယ်ဝန်ဆောင်ချိန်မှာ ပြုပြင်ထားတဲ့ အစားအစာတွေ မစားပါနဲ့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ပြုပြင်ထားတဲ့ အစားအစာတွေ မစားပါနဲ့

    ကိုယ်ဝန်ဆောင်ချိန်မှာ စားသောက်မှုပုံစံ ပြောင်းလဲတတ်ကြပါတယ်။ စားနေကျ အစားအစာတွေကို မစားချင်ဘဲ အရင်က မကြိုက်ဖူးတာတွေကိုမှ ခံတွင်းတွေ့တာမျိုးတွေတောင် ရှိနိုင်ပါတယ်။ ဒီလို ပြောင်းလဲ ခံတွင်းတွေ့တာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေပဲဆိုရင် ကိစ္စ မရှိပေမယ့်  ပြုပြင်ထားတဲ့ အစားအစာတွေ ဆိုရင်တော့ သတိထားဖို့ ပြောချင်ပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ပြုပြင်ထားတဲ့ အစားအစာတွေ မစားပါနဲ့

    ကိုယ်ဝန်ဆောင်ချိန်မှာ ပြုပြင်ထားတဲ့ အစားအစာတွေ မစားပါနဲ့ လို့ပြောရတာက ကိုယ်ဝန်ဆောင်ချိန်မှာ ဟော့ဒေါ့၊ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက် စတာတွေက ပြင်ဆင်ရလွယ်သလို အရသာက ခံတွင်းတွေ့စရာဆိုပေမယ့် မေမေတွေအနေနဲ့ လျှော့စားတာ အကောင်းဆုံးပါ။ အကြောင်းက ပြုပြင်ထားတဲ့ အသားတွေ၊ အစားအစာတွေထဲမှာ အာဟာရ ပါဝင်မှု နည်းသလို ဘက်တီးရီးယားတွေ များစွာ ပါဝင်နေနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ အာဟာရပြည့်ဝစွာ ရရှိစေဖို့အတွက် ပရိုတင်း အပါအဝင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ပြည့်ဝစေဖို့ အသား အသီးအရွက်တွေကို မျှတအောင် စားသုံးဖို့ လိုပေမယ့် ဒီလို စားသုံးရမယ့်ထဲမှာ ပြုပြင်ထားတဲ့ အသား၊ ငါးတွေနဲ့ အသင့်စား အသီးအနှံ ဆီသွတ်ဗူးတွေ မပါပါဘူး။ အကြောင်းကတော့ ဒီလို တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာတွေမှာ လုံလောက်တဲ့ အာဟာရ မပါဝင်သလို တာရှည်ခံပစ္စည်းတွေ ပါဝင်နေနိုင်လို့ပါ။

    နောက်တစ်ချက်ကတော့ သိမ်းဆည်းသိုလှောင်ထားတဲ့ ပုံစံ မှားမယ်ဆိုရင် ဘက်တီးရီးယားတွေက ပုံမှန်ထက် ပိုပြီး ပေါက်ဖွားနိုင်ပါတယ်။ နောက်တစ်ခုက ချက်ပြုတ်တဲ့အခါ သေချာ ကျက်အောင် မချက်မိတာ၊ အပူချိန် ပျော့ပျော့နဲ့ပဲ ချက်မိတာတွေကြောင့်လည်း ဘက်တီးရီးယားတွေ မသေဘဲ ကျန်နေခဲ့ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ပြုပြင်ထားတဲ့ အစားအစာတွေ မစားပါနဲ့

    လေ့လာမှုတွေအရ ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ပတ်ကို ပြုပြင်ထားတဲ့ အသားတွေ ၅၀ ဂရမ်ထက် ပိုစားတဲ့ မေမေတွေက ပြုပြင်ထားတဲ့ အသားတွေ မစားတဲ့ မေမေတွေထက် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေ ၄၆ ရာခိုင်နှုန်း ပိုများနေပြီး အဝလွန်နိုင်ခြေနဲ့ အသက်အန္တရာယ် ထိခိုက်နိုင်ခြေက ၅၁ ရာခိုင်နှုန်း လောက်ပိုများနေပါတယ်။

    နောက်တစ်ခုက ရေဓာတ် နဲ့ အမျှင်ဓာတ် ပါဝင်မှု နည်းတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ပြုပြင်ထားတဲ့ အသားတွေ စားတာက listeria ပိုး ကူးစက်ခံရနိုင်ခြေ များစေပါတယ်။

    ကလေးအတွက်ရော ဘေးကင်းပါ့မလား

    ပြုပြင်ထားတဲ့ အသား နဲ့ စားစရာတွေက listeria ပိုး ကူးစက်ခံရနိုင်ခြေ ရှိတာကြောင့် ဗိုက်ထဲက ဘေဘီလေးအတွက်လည်း ဘေးမကင်းပါဘူး။ အေးခဲထားတဲ့ အသားတွေ၊ ပင်လယ်စာတွေနဲ့ ပိုးမသတ်ထားတဲ့ နို့ထွက်ပစ္စည်း၊ ပြုပြင်ထားတဲ့ အသားတွေမှာ တွေ့ရတဲ့ listeria ပိုးတွေက အစာခြေလမ်းကြောင်းမှာ ဝင်ရောက်ကူးစက်ပြီး မေမေ့ကို အော့အန်တာ၊ ဝမ်းပျက်တာလိုမျိုး အစာခြေစနစ် ပြဿနာတွေ ဖြစ်စေနိုင်သလို အချင်းကနေတဆင့် ကလေးဆီကို ဘေဘီလေးမှာ ဝင်ရောက်ကူးစက်မှု ဖြစ်စေနိုင်ပါတယ်။

    အကျိုးဆက် အနေနဲ့ကတော့ မေမေကိုတင် ဖျားနာစေတာ မဟုတ်ဘဲ ဗိုက်ထဲက ဘေဘီလေးကိုပါ ဖျားနာစေပြီး ကိုယ်ဝန်ပျက်ကျတာမျိုး ဖြစ်စေနိုင်ပါတယ်။ ကလေးက ကိုယ်ခံအား မဖွံ့ဖြိုးသေးတာကြောင့် ရောဂါပိုးကို မခုခံနိုင်တဲ့အခါ ဗိုက်ထဲမှာ အသက်ဆုံးရှုံးတာမျိုး ဖြစ်စေနိုင်ပါတယ်။

    ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ တတ်နိုင်သမျှ ပြုပြင်ထားတဲ့ အစားအစာတွေကို ရှောင်နိုင်သမျှ ရှောင်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement