· စိတ်ဖိစီးမှု : စိတ်ဖိစီးမှုဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတခုဖြစ်ပေမယ့် ကြွက်သားတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ စိတ်ဖိစီးမှုကို ခံစားရချိန်မှာ နာကျင်ခြင်းဝေဒနာဟာ ပိုဆိုးမှာပဲ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ အခြားသော ပြဿနာအသေးအဖွဲလေးတွေက- သွေးထွက်ခြင်း၊သတိလစ်ခြင်း၊ခေါင်းကိုက်ခြင်း၊ယားယံခြင်း၊ပျို့အန်ခြင်း၊အိပ်မပျော်ခြင်း နဲ့ ခြေလက်တွေ ဖောရောင်ခြင်းတို့ပဲ ဖြစ်ကြပါတယ်။
အထက်ပါ ပြဿနာတွေဟာ သင့်ကိုယ်ဝန်ဆောင်ကာလကို အနှောင့်အယှက် ဖြစ်စေနိုင်ပြီး မိခင်ရော ကလေးကိုပါ ထိခိုက်နိုင်ပါတယ်။
Kinesiology တိပ်နဲ့ ကိုယ်ဝန်ဆောင်ကာလ
ကိုယ်ဝန်ဆောင်ကာလမှာ အဖြစ်များဆုံးပြဿနာက ကျောအောင့်တာနဲ့ ခါးနာတာ ဖြစ်ပါတယ်။ အိပ်စက်ခြင်းဟာ သင့်စိတ်နဲ့ခန္ဓါကိုဖြေလျှော့ဖို့ နည်းလမ်းကောင်းတခုဆိုပေမယ့် ဒီလိုနာကျင်မှုတွေကြောင့် သင့်အနေနဲ့ ကောင်းကောင်းအိပ်ရမှာ မဟုတ်ပါဘူး။ ဒီအခြေအနေမှာ သင်ဟာ နာကျင်မှုဝေဒနာကို သက်သာစေဖို့ တခုခုတော့ လုပ်မှဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလမှာ သင်စားသမျှ၊သောက်သမျှတွေဟာ ဗိုက်ထဲက သန္ဓေသားလေးအပေါ် အကျိုးသက်ရောက်မှုရှိစေနိုင်တာမို့ အကိုက်အခဲပျောက်ဆေးတွေကိုလည်း သင်မသောက်ချင်ပြန်ပါဘူး။ ဒါဆိုရင် ကိုယ်ဝန်ဆောင်ကာလမှာ မိခင်လောင်းတွေ ရင်ဆိုင်နေရတဲ့ အဆိုပါ ပြဿနာကို Kinesiology တိပ်တွေက ထိရောက်စွာ ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။
Kinesiology တိပ်မှာ ဘာဆေးဝါးမှ မပါဝင်ဘဲ ချည် နဲ့(ဆေးဝါးကုသမှုတွေမှာ အသုံးပြုနိုင်တဲ့) အခရိုင်းလစ် တို့ကို သုံးပြီး ပြုလုပ်ထားတဲ့အတွက် အန္တရာယ်ကင်းပြီး ကျောအောင့်ခြင်း၊ခါးနာခြင်းနဲ့ ခြေထောက်နာကျင်ခြင်းတို့ကို သက်သာစေနိုင်ပါတယ်။
တိပ်ကပ်လိုက်ထားတဲ့အခါ အရေပြားကို တဖြည်းဖြည်းချင်း ဆွဲမပေးတဲ့အတွက် အရည်ပိုတွေ စုပုံလာခြင်းကို လျှော့ချပေးပြီး ဖောရောင်ခြင်းနဲ့ ကြွက်သားများ အားနည်းခြင်းတို့ကို သက်သာလျော့နည်းစေတဲ့အပြင် ဝမ်းဗိုက်ဧရိယာကိုလည်း ထောက်မ ပံ့ပိုးပေးပါသေးတယ်။
Kinesiology တိပ်တွေဟာ ကပ်လို့လွယ်ကူပြီး နေရထိုင်ရလည်း အဆင်ပြေပါတယ်။ ဒါ့အပြင် ရေစိုလည်းခံတာကြောင့် ရေမချိုးခင် ဒါမှမဟုတ် ရေမကူးခင်မှာ တိပ်တွေကို ပြန်ခွာဖို့ မလိုပါဘူး။
သတိထားဖို့လိုတဲ့ အချက်လေးတွေ
kinesiology တိပ်ကို အသုံးမပြုခင်မှာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ဦးစွာတိုင်ပင်သင့်ပြီး သင်ဟာ ထိရှိလွယ်တဲ့အရေပြားပိုင်ရှင်ဖြစ်တယ် ဒါမှမဟုတ် အခြားသော အရေပြားပြဿနာတွေ ရှိတယ်ဆိုရင် ကြိုတင်ပြောပြထားသင့်ပါတယ်။kinesiology တိပ်ကို တကယ်တမ်း စတင်အသုံးမပြုခင် သင့်အရေပြားပေါ်မှာ တိပ်အနည်းငယ်အရင်ကပ်ပြီး ဓါတ်မတည့်ခြင်း ရှိမရှိ စမ်းသပ်ကြည့်သင့်ပါတယ်။
တိပ်ကပ်ပြီး ရေချိုးတဲ့အခါ၊ရေကူးတဲ့အခါ ဘာတွေဆောင်ရန်၊ရှောင်ရန်ရှိတယ် ဒါမှမဟုတ် အဝတ်အစား ဘယ်လိုဝတ်ရမလဲဆိုတဲ့အချက်တွေကို သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။
မိခင်လောင်းတွေအနေနဲ့ ကူညီထောက်ပံ့မှုတွေ လိုအပ်ပြီး kinesiology ဟာ အဖြေတခု ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ kinesiology တိပ်တွေဟာ ဆေးဝါးတစုံတရာ မပါဝင်တဲ့အတွက် စိတ်ချရတဲ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့နာကျင်ခြင်း၊သက်တောင့်သက်သာ မရှိခြင်းတွေကိုလည်း သက်သာစေပါတယ်။kinesiology တိပ်နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုတာတွေ ရှိတယ်ဆိုရင် သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။