ဒီလိုမျိုး ဟော်မုန်းတွေကောင်းတဲ့ဘက်ကို ပြောင်းလဲလာတာက မွေးတဲ့အချိန်မှာ နောက်ဆက်တွဲ ပြဿနာတွေ နည်းစေသလို ပေါင်မပြည့်ဘဲ ကလေးမွေးတာကိုလည်း ဖြစ်နိုင်ခြေ နည်းစေပါသတဲ့။ ဒီတွေ့ရှိချက်က ကိုယ်ဝန်ဆောင်ချိန်မှာ သင့်တော်တဲ့နည်းနဲ့ အနှိပ်ခံဖို့ ထောက်ခံချက်တစ်ခု ဖြစ်စေပါတယ်။
ဖောရောင်တာတွေ သက်သာစေတယ်။
အဆစ်တွေရောင်တာ၊ ခြေထောက်တွေ ဖောတယ်ဆိုတာက ကိုယ်ဝန်ဆောင်ချိန်မှာ ကြီးလာတဲ့ သားအိမ်က သွေးကြောတွေကို ဖိတာကြောင့် သွေးလည်ပတ်မှုမကောင်းဘဲ သွေးတွေအိုင်လာလို့ပါ။ နှိပ်နယ်ပေးတာက တစ်ရှူးထဲက အရည်တွေကို ထွက်သွားစေလို့ အရောင်ကျစေပါတယ်။ ဒါ့အပြင် ပြန်ရည်တွေကနေ အညစ်အကြေးတွေ ဖယ်ရှားပေးတာကိုလည်း ကူညီပေးပါတယ်။
ထုံတာ၊ ကျင်တာတွေကို သက်သာစေတယ်။
ဥပမာ ပေါင်တန်းနာဆိုရင် ကိုယ်ဝန်ရင့်လာတဲ့အခါ အမျိုးသမီးတော်တော်များများမှာ ကြုံရတတ်ပါတယ်။ အကြောင်းက သားအိမ်က တင်ပဆုံကွင်းနဲ့ ခါးက ကြွက်သားတွေ၊ အာရုံကြောတွေကို ဖိထားတာကြောင့်ပါ။ ဒါကြောင့် ပေါင်နဲ့ ခြေသလုံးမှာ တင်းပြီး ရောင်တာ၊ နာတာတွေ ဖြစ်လာပါတယ်။
ဒီလိုနေရာတွေကို နှိပ်နယ်ပေးတာက ကြွက်သားတွေနဲ့ ပိနေတာကြောင့် ရောင်ရမ်းနေတဲ့ အာရုံကြောတွေကို သက်သာစေပါတယ်။ အမျိုးသမီးတော်တော်များများက အနှိပ်ခံလိုက်တဲ့အခါ ပေါင်တန်းနာကြောင့် တင်ပခွက်နာတာတွေ သက်သာသွားတယ်လို့ ဆိုကြပါတယ်။
အခြားအကျိုးကျေးဇူးများ
အခြားအကျိုးကျေးဇူးအနေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာ အနှိပ်ခံတာက
- ခါးနာတာ သက်သာစေပါတယ်။
- အဆစ်နာတာ သက်သာစေပါတယ်။
- သွေးလည်ပတ်မှု ကောင်းစေပါတယ်။
- အရောင်ကျစေပါတယ်။
- ကြွက်သားတွေ တင်းတာ၊ ခေါင်းကိုက်တာ သက်သာစေပါတယ်။
- စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို သက်သာစေပါတယ်။
- တစ်ရှူးနဲ့ ကြွက်သားတွေဆီ အောက်ဆီဂျင် ရစေပါတယ်။
- အိပ်ပျော်စေပါတယ်။
ကိုယ်ဝန်ဆောင်ကာလမှာ အနှိပ်မခံခင် ဘာတွေ သတိထားရမလဲ။
ကိုယ်ဝန်ဆောင်တွေ အနှိပ်ခံတာက သာမန်လူတွေ အနှိပ်ခံတာနဲ့ မတူပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ အန္တရာယ်ကင်းကင်း နှိပ်ပေးနိုင်သူနဲ့ပဲ နှိပ်ရပါမယ်။ ဒါ့ပြင် မနှိပ်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့လည်း လိုပါတယ်။ ဥပမာ ပြောရရင် ကိုယ်ဝန်ဆောင်တွေ အနှိပ်ခံတဲ့အခါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။