backup og meta

မီးဖွားပြီးချိန် ခါးနာတာ သက်သာစေဖို့ ဘာတွေစားမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မီးဖွားပြီးချိန် ခါးနာတာ သက်သာစေဖို့ ဘာတွေစားမလဲ

    မီးဖွားပြီးချိန်မှာ ခါးနာတာက အဖြစ်များတဲ့ ကိစ္စတစ်ခုပါ။ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ၊ ဟော်မုန်း ပြောင်းလဲမှုတွေကြောင့် ခါးနာရတာ ဖြစ်ပြီး ဒီခါးနာတာက ဘေဘီလေးကို မွေးဖွားပြီးချိန် အထိတောင် ဆက်လက်ကျန်ရှိနေတတ်ပါတယ်။ ဒီလို မီးဖွားပြီးချိန် ခါးနာတာ သက်သာစေဖို့ စားပေးရမယ့် အစားအစာလေးတွေ ရှိပါတယ်။ ဘာတွေ ဖြစ်မလဲ ဆိုတာကိုတော့ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်ပါ။

    မီးဖွားပြီးချိန် ခါးနာတာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုတည်း မကပါဘူး။

    • ကိုယ်ဝန်ဆောင်ချိန်မှာ သားအိမ်က ဖွံ့ဖြိုးလာတဲ့အခါ ဗိုက်ကြွက်သားတွေက အားနည်းတာကြောင့် ခါးကို အမှီပြုရတာများပြီး ခါးရိုးကို အရှေ့ဘက်ကို ဆွဲထားသလို ဖြစ်တာကြောင့်
    • ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်နေဟန်ထား မမှန်တာကြောင့်
    • ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း မမျှတမှုကြောင့်
    • မွေးဖွားပြီးနောက်မှာ ဘေဘီလေးကို ချီရတာကြောင့်
    • အချိန်ကြာကြာ ထိုင်နေမိတာကြောင့်
    • ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်သားတောင့်တင်းနေတာကြောင့်
    • အဝလွန်တာ
    • အဆစ်နာ ရောဂါ ရှိတာ
    • စိတ်ပင်ပန်းတာကြောင့် ခါးနာတာပါ။

    မီးဖွားပြီးချိန်ခါးနာတာ သက်သာပါ့မလား

    မီးဖွားပြီးချိန် ခါးနာက အချိန်အတိုင်းအတာ တစ်ခုရောက်တဲ့အခါ သက်သာလာမှာပါ။ မီးဖွားပြီးချိန် ခါးနာတာက ခန္ဓာကိုယ်ထဲမှာ မြင့်တက်နေတဲ့ ဟော်မုန်းတွေ ပုံမှန် အခြေအနေကို ပြန်ရောက်သွားတဲ့အချိန် ကလေးမွေးဖွားပြီး ၆ လလောက်အကြာမှာ မီးဖွားပြီးချိန် ခါးနာတာ သက်သာလာပါလိမ့်မယ်။

    မီးဖွားပြီးချိန် လအနည်းငယ်အကြာမှာ ခါးနာတာက တဖြည်းဖြည်းနဲ့ သက်သာလာပါမယ်။

    မီးဖွားပြီးချိန် ခါးနာတာ သက်သာစေဖို့ ဘာတွေစားမလဲ

    မီးဖွားပြီးချိန် ခါးနာတာ သက်သာစေဖို့ ဘာတွေစားမလဲ

    မီးဖွားပြီးချိန် ခါးနာတာ သက်သာစေဖို့ ဘာတွေစားမလဲ ဆိုတော့ အခုပြောပြတာလေးတွေ စားပေးလို့ ရပါတယ်။

    # သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ စားပါ

    အမျှင်ဓာတ် ကြွယ်ဝပြီး အရောင်အသွေးစုံတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးဖို့ လိုပါမယ်။ ဒီလို စားသုံးတာက ဝမ်းမှန်စေတဲ့အတွက် ဝမ်းချုပ်တာကြောင့် ခါးနာတာ ပိုမဆိုးစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    အရောင်ရင့်ရင့် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေက အရောင်ကျစေနိုင်ပါတယ်။ ဒါကြောင့် မီးဖွားပြီးချိန် ခါးနာတာ သက်သာစေဖို့ဆိုရင် မုန်လာဥနီ၊ သကြားမုန်လာ၊ ကန်စွန်းဥ၊ ချယ်ရီသီး၊ ဘယ်ရီသီး၊ သလဲသီး၊ ဖရဲသီးတို့ စားပေးလို့ ရပါတယ်။

    # ကယ်လ်ဆီယမ် လုံလောက်စွာ စားပါ

    ဗီတာမင် D နဲ့ ကယ်လ်ဆီယမ် လုံလောက်စွာ ရရှိမှုက အရိုးသိပ်သည်းဆကို ထိန်းသိမ်းပေးပြီး အရိုးမပွအောင် ကာကွယ်ပေးသလို မီးဖွားပြီးချိန် ခါးနာတာ သက်သာစေဖို့ လုပ်ဆောင်ပေးပါတယ်။

    ဒါကြောင့် ကယ်လ်ဆီယမ် ကြွယ်ဝစေဖို့ ဒိန်ချဉ်၊ နို့၊ ချိစ်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။ လိုအပ်မယ်ဆိုရင် ကယ်လ်ဆီယမ် အားဖြည့်ဆေး သောက်ပေးလို့ ရပါတယ်။

    # ပိုတက်ဆီယမ်နဲ့ ပရိုတင်း စားပါ

    ကိုယ်ဝန်ဆောင်ချိန် ခါးနာတာကို သက်သာစေဖို့အတွက် နောက်ထပ် လိုအပ်မယ့် အာဟာရဓာတ်တွေက ပရိုတင်း နဲ့ ပိုတက်ဆီယမ်ပါ။ ဒီဓာတ်တွေက ခါးနာတာကို သက်သာစေနိုင်ပါတယ်။ ပိုတက်ဆီယမ်က ကြွက်သားတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ပိုတက်ဆီယမ် ကြွယ်ဝတဲ့ ကန်စွန်းဥ၊ ငှက်ပျောသီးတို့ကို စားပေးပါ။

    ပရိုတင်းက အရိုးတွေကို ကျန်းမာစေနိုင်ပါတယ်။ ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေ စားပေးတာက ခါးနာတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကြက်သား၊ အနီရောင် အသား၊ ဥအမျိုးမျိုး၊ ပဲနို့၊ ပဲပြား စတာတွေကို စားပေးဖို့ လိုပါမယ်။

    # Omega 3 fatty acids

    Omega 3 fatty acids က အရောင်ကျစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ခါးနာတာနဲ့ ဇက်ကြောနာတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ Omega 3 ကြွယ်ဝတဲ့ ဆယ်လ်မွန်၊ တူနာ၊ ဆာဒင်းတို့ ပါအောင် စားပေးလို့ရပါတယ်။

    အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ အနေနဲ့ ဟင်းနုနွယ်၊ ကိုက်လန်တို့ စားပေးပါ။

    # ကြက်သွန်ဖြူ

    ကျန်းမာရေး အကျိုးကျေးဇူးများတဲ့ ကြက်သွန်ဖြူက မီးဖွားပြီးချိန် ခါးနာတာကို သက်သာစေဖို့ စားပေးလို့ ရတဲ့ အစားအစာ တစ်ရပ်ပါ။ ကိုယ်ခံအား တိုးစေပြီး အရောင်ကျစေသလို နှလုံးရောဂါ နဲ့ ကူးစက်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ 

    တစ်နေ့ကို ၂ ကြိမ် ကြက်သွန်ဖြူ ၃ မွှာကနေ ၅ မွှာ စားပေးလို့ ရပါတယ်။

    #နနွင်း

    လေ့လာမှုတွေအရ နနွင်းက အရောင်ကျစေနိုင်ပါတယ်။ နနွင်းမှာပါတဲ့ curcumin က ရောင်ရမ်းတာ နာကျင်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် မီးဖွားပြီးချိန် ခါးနာတာကို သက်သာစေဖို့ နနွင်းစားပေးလို့ ရပါတယ်။

    အခုပြောခဲ့တာလေးတွကို စားပေးရင်း ခါးနာ သက်သာအောင် လုပ်ဆောင်ကြည့်လိုက်ပါ မေမေတို့ရေ ……..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 07/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement