ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်ရန်မှာ ထင်သလောက်မလွယ်ကူပါ။ သင်သည် ကိုယ်ဝန်ရှိနေပြီဆိုပါက စိတ်ချရပြီး ကျန်းမာသော ကိုယ်ဝန်ဖြစ်ရန်အတွက် အဆင့်ဆင့်ပြင်ဆင်မှုများကို ချက်ချင်း ဆိုသလို ပြုလုပ်ရမည်ဖြစ်သည်။
နောက်ဆုံးရာသီလာတဲ့ ရက်
ထွက်မှာ သေချာပြီလား။
ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်ရန်မှာ ထင်သလောက်မလွယ်ကူပါ။ သင်သည် ကိုယ်ဝန်ရှိနေပြီဆိုပါက စိတ်ချရပြီး ကျန်းမာသော ကိုယ်ဝန်ဖြစ်ရန်အတွက် အဆင့်ဆင့်ပြင်ဆင်မှုများကို ချက်ချင်း ဆိုသလို ပြုလုပ်ရမည်ဖြစ်သည်။
အောက်ပါ အချက်များသည် သင်သည် အနာဂတ်တွင် ကလေးယူတော့မည် စိတ်ကူးရှိလျှင် စီစဉ်ထားသင့်သည့် အချက်များဖြစ်ပါသည်။
သင်နှင့် သင့်အိမ်ထောင်ဖက်၏ကျန်းမာရေးသည် သင့်ကလေး၏ ကျန်းမာရေးကို များစွာ သက်ရောက်မှုရှိပါသည်။ ထို့ကြောင့် သင်ဘယ်လိုစားသောက်လဲ၊ လေ့ကျင့်ခန်းများလုပ်သလား၊ အိပ်ချိန်မှန်သလား၊ စသည့်အချက်များနှင့် ဆေးလိပ်၊ အရက်နှင့် သင့်ကျန်းမာရေးကို ထိခိုက်စေသော အခြားအချက်များသည် သင့် ကလေးကျန်းမာရေးကို လည်းထိခိုက်နိုင်ကြောင်း သိထားရန်လိုအပ်သည်။
သင်နှင့် သင့်အိမ်ထောင်ဖက်သည် ကလေးမယူမီကတည်းက လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများ ကို စစ်ဆေးခြင်း၊ မိခင်အနေနှင့် ဆီးချို သွေးတိုးကဲ့သို့သော ကျန်းမာရေးပြသနာများကို ထိန်းချုပ်နိုင်ရန် ဆေးများသောက်ခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်လာနိုင်မည့် ဆိုးကျိုးများကို လျော့နည်းစေပါသည်။
ကလေးယူပြီး မိသားစုတစ်ခုကို ထူထောင်ရန်သေချာပါက သင်လက်ရှိသောက်နေသော ၊ ထိုးနေသော ကိုယ်ဝန်တားဆေးများကို ကလေးမယူမီ လအတန်ကြာ ဖြတ်ထားရန် လိုပါသည်။
သင်သည် သင့်ကျန်းမာရေးအတွက် ဆေးများကို မှီဝဲနေရပါက ဆရာဝန်နှင့် တိုင်ပင်ကာ ထိုးဆေးများသည် သင့်ကလေးအတွက် ဆိုးကျိုးရှိမရှိ၊ ကိုယ်ဝန်ဆောင်ချိန်တွင် သောက်သင့် မသောက်သင့် နှင့် ယခုသောက်နေသော ဆေးများသည် ကိုယ်ဝန်ဆောက်ချိန်တွင် မသောက်သင့်ပါက အခြားသော ဆေးအမျိုးအစားများကို ပြောင်းသောက်ရန် လိုအပ်သလားကို ဆရာဝန်ထံ သွားပြကာ မေးမြန်းပါ။
မိခင်များအနေဖြင့် မိမိ၏ကလေးများတွင် မွေးရာပါ ချို့ယွင်းချက်များကို ကာကွယ်ရန် ဖြည့်စွက် အားဆေးအနေနှင့် ဖော်လစ်အက်ဆစ် ၄၀၀- ၁၀၀၀ mcg ကို နေ့စဉ်သောက်သုံးသင့်သည်။
သင့်ကလေးကို ရောဂါများမှကာကွယ်ရန် လိုအပ်သော ကာကွယ်ဆေးများကို ကလေးမမွေးမီတွင် ထိုးနိုင်ပါသည်။ မိခင်တိုင်းသည ်ကိုယ်ဝန်မဆောင်မီ ရက် ၃၀ အလိုတွင် MMR (ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး)ကာကွယ်ဆေးထိုးခြင်းဖြင့် ကလေးများတွင် ထိုရောဂါများကြောင့်ဖြစ်လာနိုင်သော မျက်စိ၊ နား ၊ နှလုံး နှင့် ပက်သက်သောရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။
အမျိုးသမီးတစ်ယောက်သည် မျိုးဥမကြွေမီ ၅ ရက်နှင့် မျိုးဥကြွေသည့်နေ့တွင် ကလေးရနိုင်ချေ အမြင့်ဆုံးဖြစ်သည်။ ပုံမှန်အားဖြင့် သုတ်ကောင်တစ်ကောင်သည် ၅ ရက်ကြာမျှ အသက်ရှင်နိုင်သည်ဖြစ်ရာ မျိုးဥကြွေတော့မည့် အချိန်နှင့် ကိုက်ညီရန ်အရေးကြီးပါသည်။
သို့သော် မျိုးဥကြွေချိန်သည် လူတစ်ဦးနှင့် တစ်ဦး အပေါ်မူတည်ပြီး ကွာခြားမှုများရှိနိုင်ပါသည်။ သင်သည် ထိုအချိန်တွင် သင့်ကိုယ်ခန္ဓါ အပူချိန်၊ လိင်စိတ်နှင့် သင်နောက်ထပ်ရာသီသွေးပေါ်ရမည့်ရက်ကို ၁၀ ရက်မှ ၁၆ ရက်နှုတ်၍ခန့်မှန်းခြင်းဖြင့် မျိုးဥကြွေမည့် အချိန်ကို မှန်းသိနိုင်ပါသည်။
သို့သော် ယနေ့ခေတ်တွင် အမျိုးသမီးအများစုသည် မျိုးဥကြွေချိန်ကို သိရှိရန် ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်နိုင်သော ကိရိယာများဖြင့် စစ်ဆေးကြပါသည်။
ဒီတွက်ချက်တဲ့ ကိရိယာကို အသုံးပြုပြီး ကလေးမွေးဖွားမယ့်ရက်ကို တွက်ချက်နိုင်ပါတယ်။ အတိအကျဖြစ်မယ်လို့တော့ အာမမခံနိုင်ပါဘူး။ အနီးစပ်ဆုံး ခန့်မှန်းတွက်ချက်ပေးမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်အနေနဲ့ ခန့်မှန်းရရှိလာတဲ့ ရက်ရဲ့ မတိုင်ခင် သီတင်းတစ်ပတ်အတွင်း သို့မဟုတ် သီတင်းတစ်ပတ်အကျော်မှာ မွေးဖွားနိုင်ပါတယ်။
ရာသီစက်ဝန်း ကြာချိန်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
– Maternal Vaccines: Part of a Healthy Pregnancyhttps://www.cdc.gov/vaccines/pregnancy/pregnant-women/ Accessed December 24, 2016
– Planning a pregnancyhttp://www.fpa.org.uk/help-and-advice/planning-pregnancyAccessed December 24, 2016