ကိုယ်ဝန်ဆောင်ကာလမှာ အနှိပ်ခံတာက အန္တရာယ်ရှိ မရှိ

    ကိုယ်ဝန်ဆောင်ကာလမှာ အနှိပ်ခံတာက အန္တရာယ်ရှိ မရှိ

    ကိုယ်ဝန်ဆောင်တွေအတွက် နှိပ်နယ်ခြင်းဟာ ကောင်းကျိုးရှိနိုင်ပြီး အန္တရာယ်မပေးနိုင်ဘူးဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ကာလကြာရှည်ဆွေးနွေးခဲ့ကြပြီးပါပြီ။ ဒါပေမယ့် လတ်တလောလေ့လာချက်တွေအရ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိုင်ဖို့ လိုအပ်တာအားလုံးကို သိထားသမျှကာလပတ်လုံး ဒီနည်းလမ်းကို စိတ်ချစွာအသုံးပြုနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်စဉ် နဲ့ဆောင်ပြီးနှိပ်နယ်ခြင်း (pregnancy message) ဆိုတာဘာလဲ။

    Pregnancy massage မှာ ကိုယ်ဝန်ဆောင်စဉ်နှိပ်နယ်ခြင်းနဲ့ မွေးဖွားပြီးနှိပ်နယ်ခြင်း စတာတွေပါဝင်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အမျိုးသမီးရဲ့ကျန်းမာရေးကိုတိုးတက်စေဖို့ ဖြစ်ပါတယ်။

    နှိပ်နယ်ခြင်းရဲ့ ရရှိနိုင်တဲ့ကောင်းကျိုးတွေကဘာတွေလဲ။

    အချို့သောလေ့လာမှုတွေက နှိပ်နယ်ခြင်းရဲ့ ကောင်းကျိုးတွေဟာ ကိုယ်ဝန်ဆောင်နေစဉ်မှာ အမျိုးသမီးရဲ့ကျန်းမာရေးကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ ပထမဆုံး ဒါဟာ ဟော်မုန်းတွေကို ပြောင်းလဲစေပြီး ဒိုပါမင်း (dopamine) နဲ့ စီရိုတိုနင် (serotonin) ပမာဏတွေကိုမြင့်တက်စေကာ နော်အီပီနဖင်း (Norepinephrine) နဲ့ ကိုလက်စထရောတွေကိုလျော့ကျစေပါတယ်။ ဒုတိယအချက်ကတော့ သွေးလည်ပတ်မှုနည်းခြင်းနဲ့ အဓိကသွေးကြောမတွေပေါ်မှာ သားအိမ်ရဲ့ ဖိအားကြောင့်ဖြစ်တဲ့ ရောင်နေတဲ့အဆစ်တွေထဲက တစ်ရှူးပျော့တွေရဲ့ အရည်ထုတ်လွှတ်မှုကိုလျှော့ချပေပါတယ်။ နောက်ဆုံးမှာတော့ မိခင်လောင်းတွေကို ကိုယ်ဝန်ဆောင်စဉ်ကာလမှာ စိတ်ရောကိုယ်ပါအနားယူစေနိုင်ပြီး အာရုံကြောနာကျင်မှု၊ နောက်ကျောနာကျင်မှု၊ အဆစ်နာကျင်မှုတွေကို လျှော့ချပေးနိုင်ကာသွေးလည်ပတ်မှုကောင်းစေနိုင်တဲ့ များစွာသောကောင်းကျိုးတွေရှိတဲ့အပြင် ဖောရောင်ခြင်း၊ ကြွက်သားတင်းခြင်းနဲ့ ခေါင်းကိုက်ခြင်း၊စိတ်ဖိစီးမှုနဲ့ သောကတွေ၊ကိုလျှော့ချပေးနိုင်ပြီး တစ်ရှူးပျော့ နဲ့ ကြွက်သားတွေကို အောက်ဆီဂျင်ပေးမှုကိုတိုးတက်စေကာ ပိုပြီးအိပ်လို့ကောင်းစေပါတယ်။

    နှိပ်နယ်ခြင်း လုပ်ရင်ဘာတွေကို ကြိုတင်ကာကွယ်ရမလဲ။

    Pregnancy massage ကို အကောင်းအဆိုးခွဲခြားမသိနိုင်ဘဲအမြင်၂ခွဖြစ်စေတဲ့ အကြောင်းပြချက်တွေထဲကတစ်ခုကတော့ မတူညီတဲ့လေ့ကျင့်မှုအမျိုးမျိုးရှိနေတာပါပဲ။ ဒါကိုသေချာလေ့လာစမ်းသပ်ထားတဲ့ ဆေးပညာဆိုင်ရာလေ့လာမှုတွေမရှိသလို နိုင်ငံတစ်ဝှမ်းမှာလည်း အရည်အချင်းပြည့်မှီသူတွေ အလုံအလောက်ရှိမနေပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်ခြင်းနဲ့ပတ်သက်တဲ့ ပြည်ပအသိပညာနဲ့ပြည့်စုံပြီး အရည်အသွေးပြည့်မှီတဲ့ ပညာသည် တွေကိုရွေးချယ်ကာ သေချာနှိပ်နယ်တာက အရေးအကြီးဆုံးပါပဲ။ သင့်အနေအထားကို ဂရုစိုက်ပြီး အကောင်းဆုံးအနေအထားကိုရဖို့ သင့်ရဲ့ အနှိပ်ပညာရှင် နဲ့ဆွေးနွေးတာပါ။

    ဒါ့အပြင်သင့်မှာ သွေးထွက်ခြင်း၊ အချိန်မစေ့သေးဘဲ ညှစ်နေခြင်း၊ အန္တရာယ်များတဲ့ကိုယ်ဝန်ဆောင်အနေအထားရှိခြင်း၊ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါရှိခြင်း၊ ယခင်က လမစေ့ဘဲမွေးဖွားထားခြင်း၊ ပြင်းထန်စွာရောင်ရမ်းနေခြင်း၊ သွေးဖိအားမြင့်ခြင်း သို့ဟုတ် ရုတ်တရက်ပြင်းထန်စွာခေါင်းကိုက်ခြင်း စတာတွေ မနှိပ်ခင်မှာဖြစ်နေမယ်ဆိုရင် ဆရာဝန်ဆီသွားဖို့ အကြံပြုလိုပါတယ်။ နောက်ဆုံးပေမယ့် အရေးကြီးတဲ့အချက်ကတော့ ကိုယ်ဝန်ပျက်ကျနိုင်တဲ့အခြေအနေတွေရှိတာကြောင့် ကိုယ်ဝန်ဆောင်ကာလ ပထမ ၃လမှာ လုံး၀ မနှိပ်နယ်ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Pregnancy Massage. http://www.webmd.com/baby/pregnancy-and- massage?page=2#3-7.

    Accessed August 11,2016.

    Massage And Pregnancy – Prenatal Massage. http://americanpregnancy.org/pregnancy-health/prenatal-massage/.

    Accessed August 11, 2016.

     

     

     

     

    စာရေးသူ ဓာတ်ပုံbadge
    Wathun Myat Chal မှ ရေးသားသည်။ 23/09/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။