ဒူးရင်းသီးဟာ ထူးဆန်းပြီး အရသာရှိရုံမျှမက သူ့မှာ အာဟာရဓါတ်များစွာ ပါဝင်တာကြောင့် လူကြိုက်များလှပါတယ်။ ဒူးရင်းသီး ၁၀၀ ဂရမ်တိုင်းမှာ ဗီတာမင်စီ ၃၃ ရာခိုင်နှုန်း၊ Thiamine ၃၁ ရာခိုင်နှုန်း၊ ဗီတာမင် ဘီ ၆ ၂၄ ရာခိုင်နှုန်း အသီးသီး ပါဝင်ပါတယ်။
သူ့မှာ Folates၊ riboflavin၊ niacin၊ pantothenic acid နဲ့ ဗီတာမင်အေ များစွာ ပါဝင်ပါတယ်။ ဒီအရာတွေဟာ အသက်ကြီးရင့်မှုကို တားမြစ်ပေးပြီး ကိုယ်ခန္ဓါက ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးနဲ့ အရေးကြီးတဲ့ ဓါတ်တိုးပစ္စည်း တွေကို တိုက်ထုတ်ပေးပါတယ်။
ဒူးရင်းသီးမှာ သတ္တုဓါတ်တွေ ဖြစ်တဲ့ ကော့ပါး ၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရပ်စ်၊ ဇင့် ၊manganese နဲ့ သံဓါတ် ကြွယ်ဝစွာ ပါဝင်ပြီး သွေးနီဥ (ဟေမိုဂလိုဘင်) ထုတ်လုပ်မှုကို အားပေးပါကာ အိပ်စက်ခြင်း အရည်အသွေးကို တက်စေပြီး စိတ်ကျခြင်းကို သက်သာစေပါတယ်။
ဒူးရင်းသီးမှာ ပိုတက်စီယမ် မြောက်မြားစွာ ပါဝင်ပြီး ကယ်လ်စီရမ် အနည်းငယ် ပါဝင်တာမို့ အရိုးကျန်းမာရေးအတွက် အကျိုးရှိပါတယ်။ ပိုတက်စီရမ်ဟာ ကိုယ်ခန္ဓါအတွင်းမှာရှိတဲ့ ဆိုဒီယမ်တွေကို ထိန်းညှိပေးခြင်းအားဖြင့် အရိုးအတွင်းမှ ကယ်လ်စီရမ်တွေ ဆီးအတွင်းပါသွားမှုကို ကာကွယ်ပေးတာကြောင့် အရိုးပွခြင်း၊ အရိုးကျိုးခြင်းတွေကို သက်သာစေပါတယ်။
ပိုတက်စီရမ် များခြင်းဟာ နှလုံးသွေးကြောစနစ်ကို ကောင်းမွန်စေပြီး သွေးပေါင်ကျဆင်းစေကာ ဦးနှောက်ကို အောက်စီဂျင်ပါတဲ့ သွေးစီးဆင်းမှုကို တိုးတက်စေပါတယ်။
ဒူးရင်းသီးဟာ အူလှုပ်ရှားမှုကို မြင့်တက်စေတဲ့ အမျှင်ဓါတ်ပါဝင်တာကြောင့် ဝမ်းလျှောခြင်းနဲ့ ဝမ်းချုပ်ခြင်းတွေကို ကာကွယ်ပေးပြီး အစာခြေလမ်းကြောင်းအတွက် ကောင်းမွန်စေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။