backup og meta

အသက် ၄၀ ကျော်အရွယ် ကိုယ်ဝန်ဆောင်များတွင်ဖြစ်နိုင်သော အန ္တရာယ်များ

အသက် ၄၀ ကျော်အရွယ် ကိုယ်ဝန်ဆောင်များတွင်ဖြစ်နိုင်သော အန ္တရာယ်များ

များစွာသော အကြောင်းများကြောင့် ယနေ့ခေတ်တွင် အမျိုးသမီးများသည် အသက်ကြီးမှ ကလေးယူဖြစ်ကြသည်။ အဓိကအားဖြင့် မိမိတို့၏ အလုပ်အကိုင်အခြေအနေနှင့် ၊ ပညာရေးတပိုင်းတစမဖြစ်လိုသောကြောင့် ထိုသို့ဖြစ်ခြင်းဖြစ်နိုင်သည်။

သို့သော် သက်လတ်ပိုင်းရောက်မှ ကလေးမွေးခြင်းသည် ကလေးငယ်တွင် Down ရောဂါစု နှင့် မိခင်ရော ကလေးကိုပါ အခြားသောဖြစ်နိုင်ချေများသည့်နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်စေနိုင်ပါသည်။

သိပ္ပံ ပညာရှင်များ၏ အထောက်အထားများအရ သက်လတ်ပိုင်းရောက်မှ ကလေးမွေးခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးပိုများကြောင်း ဖော်ပြထားပါသည်။

သက်လတ်ပိုင်း မိခင်များသည် ကလေးမွေးရာတွင် အကူပစ္စည်းများမွေးရခြင်း၊ ခန္ဓါကိုယ်ရှိကြွက်သားများသည် အလိုက်သင့် လှုပ်ရှားနိုင်ခြင်းမရှိတော့ခြင်းကြောင့် ရိုးရိုးမမွေးနိုင်ဘဲ ဗိုက်ခွဲမွေးရလေ့ရှိပါသည်။ ထို့ကြောင့် သူတို့သည် ကလေးမွေးနေစဉ် အန ္တရာယ်များနှင့် ကြုံရနိုင်ချေများပါသည်။

ထို့ပြင် သက်လတ်ပိုင်း မိခင်များသည် အသက်ငယ်သူများထက် ကိုယ်ဝန် ပျက်ကျနိုင်ချေပိုများပါသည်။ လေ့လာချက်များအရ အသက် ၂၀ မှ ၂၄ နှစ်အတွင်းကိုယ်ဝန်ဆောင်များ၏ ၉%သည် ကိုယ်ဝန်ပျက်ကျပြီး အသက် ၄၀ နှင့် အထက် ကိုယ်ဝန်သည်များ၏ ၅၀% သည် ကိုယ်ဝန်ပျက်ကျကြောင်း တွေ့ရသည်။

ထိုသို့ဖြစ်ရခြင်းမှာ မိခင်လောင်းသည် အသက်ကြီးလာသည်နှင့်အမျှ ကလေးတွင်ဆောက်တည်ရသော ခရိုမိုဇုန်းများတွင် မူမမှန်မှုများ ပိုများလာသောကြောင့်ဖြစ်သည်။

ကိုယ်ဝန်ပျက်ကျရခြင်းသည် သားအိမ်နံရံတွင် ကင်ဆာမဟုတ်သော အသားလုံးများဖြစ်ခြင်း၊ သားအိမ်နံရံတောက်လျှောက်တွင် မူမမှန်သော သားအိမ်အတွင်လွှာတစ်သျူးများဖြစ်နေခြင်း စသည်တို့ကြောင့်ဖြစ်သည်။

အမေရိကန်ရှိ သားဖွားမီးယပ် အထူးကုများနှင့် သမားတော်များ၏ လေ့လာချက်များအရ အသက် ၄၀ ကျော်တွင် ကိုယ်ဝန်ဆောင်သူများ၏ ကိုယ်ဝန်ပျက်ကျနိုင်ချေကို အဖြစ်များစေသော အချက်လေးချက် ကို အောက်ပါအတိုင်း သုတေသနစာရင်းပြုစုထားသည်။

ခရိုမိုဇုန်း မူမမှန်ဖြစ်နိုင်ချေ

  • အသက် ၂၀ အရွယ် မိခင်များ : ကလေး ၅၂၆ ယောက် မွေးလျှင် ၁ ယောက်နှုန်း
  • အသက် ၃၀ အရွယ် မိခင်များ : ကလေး ၃၈၅ ယောက် မွေးလျှင် ၁ ယောက်နှုန်း
  • အသက် ၄၀ အရွယ် မိခင်များ : ကလေး ၆၆ ယောက် မွေးလျှင် ၁ ယောက်နှုန်း
  • အသက် ၄၅ အရွယ် မိခင်များ : ကလေး ၂၁ ယောက် မွေးလျှင် ၁ ယောက်နှုန်း

Down ရောဂါစုဖြစ်နိုင်ချေ

  • အသက် ၂၅ အရွယ် မိခင်များ : ကလေး ၁၂၅၀ ယောက် မွေးလျှင် ၁ ယောက်နှုန်း
  • အသက် ၃၀ အရွယ် မိခင်များ : ကလေး ၁၀၀၀ ယောက် မွေးလျှင် ၁ ယောက်နှုန်း
  • အသက် ၃၅ အရွယ် မိခင်များ : ကလေး ၄၀၀ ယောက် မွေးလျှင် ၁ ယောက်နှုန်း
  • အသက် ၄၀ အရွယ် မိခင်များ : ကလေး ၁၀၀ ယောက် မွေးလျှင် ၁ ယောက်နှုန်း
  • အသက် ၄၅ အရွယ် မိခင်များ : ကလေး ၃၀ ယောက် မွေးလျှင် ၁ ယောက်နှုန်း
  • အသက် ၅၉ အရွယ် မိခင်များ : ကလေး ၁၀ ယောက် မွေးလျှင် ၁ ယောက်နှုန်း

ကိုယ်ဝန်ဆောင်ချိန် မိခင်တွင် ဆီးချိုရောဂါဖြစ်နိုင်ချေ

  • အသက် ၂၅ အရွယ် မိခင်များ : ကလေး ၁၂၅၀ ယောက် မွေးလျှင် ၁ ယောက်နှုန်း
  • အသက် ၃၀ အရွယ် မိခင်များ : ကလေး ၁၀၀၀ ယောက် မွေးလျှင် ၁ ယောက်နှုန်း
  • အသက် ၃၅ အရွယ် မိခင်များ : ကလေး ၄၀၀ ယောက် မွေးလျှင် ၁ ယောက်နှုန်း
  • အသက် ၄၀ အရွယ် မိခင်များ : ကလေး ၁၀၀ ယောက် မွေးလျှင် ၁ ယောက်နှုန်း
  • အသက် ၄၅ အရွယ် မိခင်များ : ကလေး ၃၀ ယောက် မွေးလျှင် ၁ ယောက်နှုန်း
  • အသက် ၅၉ အရွယ် မိခင်များ : ကလေး ၁၀ ယောက် မွေးလျှင် ၁ ယောက်နှုန်း

ကိုယ်ဝန်ဆိပ်တက်နိုင်ချေ

  • အသက် ၂၀ အရွယ် မိခင်များ : ကလေး ၃၈ ယောက် မွေးလျှင် ၁ ယောက်နှုန်း
  • အသက် ၂၅ အရွယ် မိခင်များ : ကလေး ၃၇ ယောက် မွေးလျှင် ၁ ယောက်နှုန်း
  • အသက် ၃၀ အရွယ် မိခင်များ : ကလေး ၃၆ ယောက် မွေးလျှင် ၁ ယောက်နှုန်း
  • အသက် ၃၅ အရွယ် မိခင်များ : ကလေး ၃၉ ယောက် မွေးလျှင် ၁ ယောက်နှုန်း
  • အသက် ၄၀ အရွယ် မိခင်များ : ကလေး ၄၈ ယောက် မွေးလျှင် ၁ ယောက်နှုန်း

ထို့ပြင် သက်လတ်ပိုင်းကိုယ်ဝန်ဆောင်များတွင် ဖြစ်နိုင်ချေရှိသော အခြားသော ဆိုးကျိုးများလည်းရှိပါသည်။ ထိုမိခင်လောင်းများတွင် သားအိမ်ထဲတွင် အချင်း၏တည်နေရာ အောက်ဖက်ရောက်ခြင်း ကြောင့် ကိုယ်ဝန်မမွေးမီ သွေးသွန်နိုင်ပါသည်။

ထို့ပြင် ကလေးမွေးလာလျှင်လည်း လမစေ့ဘဲမွေးခြင်း နှင့် ဆုံပိုင်းမှ မွေးခြင်းတို့ဖြစ်နိုင်ပါသည်။ သို့သော် မိခင်အသက်ကြီးမှ ကလေးမွေးခြင်းသည် ကလေးများတွင် မူမှန်မှုများဖြစ်နိုင်ချေများသော်လည်း အများစုသောကလေးများသည် မူမှန်ကြောင်းကို တွေ့ရသည်။

အမှန်တိုင်းဆိုရလျှင် အသက်၄၀ကျော်မိခင်များသည် မျိုးအောင်စေရန် ကုသနေပါလျက် ကလေးရနိုင်ချေနည်းပါးပါသည်။ ထို့ပြင်အမျိုးသမီးများသည် အသက်ကြီးလာသသည်နှင့်အမျှ ကိုယ်ဝန်ဆောင်ရန် အခက်အခဲများရှိလာတတ်ကြသည်။

ထိုကြောင့် သင်သည် အသက်၄၀ ကျော်မှ ကလေးရရန် အကြောင်းဖန်ခဲ့သည်ရှိသော် အထူးကုဆရာဝန်များထံတွင် စစ်ဆေးများ ခံယူခြင်း၊ အကြံဉာဏ်များတောင်းခံခြင်းတို့ကို ပြုလုပ်သင့်သည်။

သင့်ကျန်းမာရေးကို တာဝန်ယူမည့် တတ်ကျွမ်းသည့်ပညာရှင်က သင့်အသေးစိတ်ကျန်းမာရေးအခြေအနေ၊ သင့်မျိုးရိုးရာဇဝ်နှင့် သင့်အိမ်ထောက်ဖက်၏ကျန်းမာရေး စသည်က အချက်များကို ချိန်ဆကာ သင့်ကို အကောင်းဆုံးသော အကြံများပေးနိုင်ပါလိမ့်မည်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Babies After 40: The Hidden Health Risks of Mid-Life Pregnancy. http://www.health.com/health/article/0,,20411699,00.html. Accessed December 5, 2016.
What are the risks to the baby for a mother over 40 years old?.http://www.parents.com/advice/pregnancy-birth/considering-a-baby/what-are-the-risks-to-the-baby-for-a-mother-over-40-years-old/. Accessed December 5, 2016.
Getting pregnant in your 40s.http://www.babycentre.co.uk/a1013991/getting-pregnant-in-your-40s. Accessed December 5, 2016.

ယခုပုံစံ

20/09/2022

Hello Sayarwon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခွဲမွေးပြီး ကိုယ်ဝန်နောက်တစ်ကြိမ်ရဖို့ ဘယ်လောက်ကြာအောင် စောင့်ရမလဲ

ကိုယ်ဝန်ရှိ၊ မရှိ ဘယ်လောက်မြန်မြန် သိနိုင်မလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement