backup og meta

ကိုယ်ဝန်ဆောင်မိခင်များကို သေဆုံးနိုင်စေသော အဓိကအကြောင်းအရင်းများ

ကိုယ်ဝန်ဆောင်မိခင်များကို သေဆုံးနိုင်စေသော အဓိကအကြောင်းအရင်းများ
ကိုယ်ဝန်ဆောင်မိခင်များကို သေဆုံးနိုင်စေသော အဓိကအကြောင်းအရင်းများ

ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ ပြဿနာတွေကြောင့် သေဆုံးကြရပါတယ်။ တစ်ချို့အခြေအနေတွေကတော့ ကာကွယ်ကုသနိုင်မယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဒါပေမဲ့လည်း သေသေချာချာ မကိုင်တွယ်ဘူးဆိုရင် နောင်တရနိုင်စရာတွေ ဖြစ်လာပါလိမ့်မယ်။

၁။ သွေးအလွန်အကျွန်ဆင်းခြင်း။

ကိုယ်ဝန်ဆောင်များ သေဆုံးခြင်းရဲ့ လေးပုံတစ်ပုံလောက်ဟာ ကလေးမွေးပြီး သွေးသွန်ခြင်းကြောင့် ဖြစ်ရတာပါ။ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်နိုင်မယ့် အရာတစ်ခုလည်း ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း၊ ကလေးမွေးနေစဉ်အတွင်းနဲ့ ကလေးမွေးပြီးနောက် သွေးသွန်ခြင်းဟာ မှန်ကန်တဲ့ ဆေးပညာဆိုင်ရာ ပြုစုစောင့်ရှောက်မှုမယူဘူးဆိုရင် သေတဲ့အထိဖြစ်သွားနိုင်ပါတယ်။

သွေးသွန်းနေတဲ့ မိန်းမများမှာ Oxytocics လို့ခေါ်တဲ့ သွေးတိတ်စေရန် သားအိမ်ညစ်အောင် ပြုလုပ်ပေးသော ဆေးတစ်မျိုးကို အသုံးပြုပါတယ်။ သွေးအမြောက်အများသွင်းဖို့လည်းလိုနိုင်သလို အချင်းထုတ်ပြစ်ဖို့လည်းလိုနိုင်ပါတယ်။

၂။ ပိုးဝင်ခြင်း။

၁၅ရာခိုင်နှုန်းသော ကိုယ်ဝန်ဆောင်သေဆုံးမှုတွေဟာ ကလေးမွေးပြီးပိုးဝင်ခြင်းကြောင့် ဖြစ်ရတာပါ။ ထိုအခြေအနေဟာ မွေးခန်းမကောင်းတာတို့၊ မွေးနေစဉ် တစ်ကိုယ်ရေမသန့်ရှင်းတာတို့ကြောင့် ဖြစ်နိုင်ပါတယ်။ မကုသသော လိင်မှတစ်ဆင့်ကူးစက်တတ်သည့် ရောဂါတွေရှိတဲ့ ကိုယ်ဝန်ဆောင်တွေဟာ ပြင်းထန်စွာ ရောင်ရမ်းခြင်းတွေကို ခံစားရနိုင်ပါတယ်။ ထိုအခြေအနေတွေကို ကလေးမမွေးခင်မှန်ကန်စွာစောင့်ရှောက်ခြင်း၊ ကောင်းမွန်သော ရောဂါပိုးထိန်းချုပ်ခြင်းနှင့် ပိုးဝင်နေပါက ကုသဖြင်းတို့ဖြင့် ဖြေရှင်းနိုင်ပါတယ်။

၃။ သွေးတိုးရှိခြင်း။

သွေးတိုးကြောင့် ကိုယ်ဝန်ဆိပ်တက်နိုင်ပြီး တက်ချက်တဲ့အထိဖြစ်သွားနိုင်ပါတယ်။ သွေးတိုးရှိခြင်း၊ ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်သော ဆီးထဲပရိုတင်းများပါသွားခြင်းနှင့် ကိုယ်အလေးချိန်တစ်ရှိန်ထိုးတက်လာခြင်းတို့က ကိုယ်ဝန်ဆိပ်တက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ၁၀ရာခိုင်နှုန်းသော ကိုယ်ဝန်ဆောင်မိခင်သေဆုံးခြင်းတွေဟာ ထိုအခြေအနေကြောင့် ဖြစ်ရတာပါ။ မကုသဘူးဆိုရင်တော့ Eclampsia အထိဖြစ်သွားနိုင်ပါတယ်။ ယင်းအခြေအနေက ကျောက်ကပ်ပျက်စီးခြင်း၊ ကိုမာဝင်ခြင်း၊ တက်ချက်ခြင်းနှင့် ကလေးကောအမေပါ သေဆုံးခြင်းတွေဖြစ်စေနိုင်ပါတယ်။

၄။ ကလေးမွေးချိန်ကြာရှည်နေခြင်း။

၈ရာခိုင်နှုန်းသော ကိုယ်ဝန်ဆောင်မိခင်သေဆုံးခြင်းတွေဟာ ယင်းအခြေအနေကြောင့် ဖြစ်ရတာပါ။ CPDက ကလေးမွေးချိန်ရှည်ကြာခြင်းကို ဖြစ်စေတာပါ။ ဘာကြောင့်လဲဆိုတော့ ကလေးခေါင်းနဲ့ မိခင်တင်ပဆုံရိုးနဲ့ မကိုက်တာကြောင့်ပါ။ တစ်ခါတစ်လေ ကလေးအနေအထားမမှန်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၅။ နည်းလမ်းမမှန်စွာ ကိုယ်ဝန်ဖျက်ချခြင်း

ထိုအခြေအနေဟာ ဆေးပညာစောင့်ရှောက်မှုမရှိသော နေရာဒေသတွေမှာ ဖြစ်ပွားနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်များသေဆုံးနိုင်ခြေ ၁၃ရာခိုင်နှုန်းရှိတာကို ကြည့်ခြင်းအားဖြင့် ပေါက်ကရနည်းတွေနဲ့ ကိုယ်ဝန်ဖျက်ချခြင်းဟာ ဆေးပညာစောင့်ရှောက်ခြင်းလူတိုင်းကို မရောက်ရှိနိုင်သော ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုအဖြစ်များပါတယ်။

အချုပ်ပြောရမယ်ဆိုရင် ကိုယ်ဝန်ဆောင်မိခင်များ သေဆုံးရခြင်းမှာ သွေးအလွန်အကျွံသွန်ခြင်း၊ သွေးတိုးရှိခြင်း၊ ပိုးဝင်ခြင်း၊ ကလေးမွေးချိန် ကြာမြင့်ခြင်းနှင့် မမှန်ကန်သော နည်းလမ်းဖြင့် ကိုယ်ဝန်ဖျက်ချခြင်းတို့ ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်များ သေဆုံးခြင်းကို ကာကွယ်ဖို့အတွက် မလိုချင်သော ကိုယ်ဝန်ရှိခြင်းနှင့် မသင့်တော်တဲ့ အသက်အရွယ်တွေမှာ ကိုယ်ဝန်ဆောင်ခြင်းကို ရှောင်ကျဉ်ဖို့ အလွန့်အလွန်အရေးကြီးပါတယ်။ မွေးလာတဲ့ ကလေးလေးကျန်းမာနေစေဖို့ ကိုယ်ဝန်ဆောင်မိခင်တိုင်း သင့်တော်မှန်ကန်တဲ့ ဆေးပညာစောင့်ရှောက်မှုတွေ ရှိသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

An Introduction to Maternal Mortality. https://www.ncbi.nlm.nih.gov/pmc/articles/PMC2505173/. Accessed December 19, 2016.

Maternal mortality. http://www.who.int/mediacentre/factsheets/fs348/en/. Accessed December 19, 2016.

Maternal Mortality. http://patient.info/doctor/maternal-mortality. Accessed December 19, 2016.

ယခုပုံစံ

19/09/2022

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိခင်သားအိမ်တွင်းကနေ ကလေးတွေ ဘာတွေသင်ယူရရှိခဲ့လဲ

ကလေးမွေးပြီးသော မိခင်များ၏ခန္ဓါကိုယ်တွင် ဖြစ်ပေါ်သော ပြောင်းလဲမှုများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement