– ပိုးကူးစက်မှု၊ အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမှေးပါးရောင်ရောဂါ။
– အသက်ရှုခက်ခဲခြင်း။
– ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်။
– အစာအိမ်၊ အူလမ်းကြောင်း၊ ကျောက်ကပ် ဆိုင်ရာ ပြဿနာများ။
ကနဦးကူးစက်ခံရရင် ကလေးငယ်မှာ မွေးဖွားပြီး နာရီပိုင်းအတွင်း Group B strep ပေါ်လာတတ်ပြီး နောက်ပိုင်းကူးစက်မှုကြောင့်ဆိုရင်တော့ ပေါ်လာဖို့ ရက်သတ္တပတ်မှ လပိုင်းတွေအထိ ကြာနိုင်ပါတယ်။
စောမွေးတဲ့ ကလေးတွေမှာ ကူးစက်နိုင်ချေများပါတယ်။ ကလေးတွေမှာ နောက်ပိုင်းကူးစက်မှုကြောင့် များသောအားဖြင့် ဦးနှောက်အမှေးရောင်ရောဂါ ဖြစ်နိုင်ပါတယ်။ သင့်စစ်ဆေးမှုမှာ ပိုးမရှိဘူးလို့ ပြောပေမယ့် သင့်မှာ အောက်ဖော်ပြထားတဲ့ လက္ခဏာတွေ တွေ့ရင်တော့ ကျန်းမာရေး အကူအညီ တောင်းခံသင့်ပါတယ်။
– လေးလံထိုင်းမှိုင်းခြင်း
– ငေးငိုင်ခြင်း
– အစာစားချင်စိတ် လျော့နည်းခြင်း
– အော့အန်ခြင်း
– အဖျားတက်ခြင်း
မီးဖွားစဉ် ပိုးသတ်ဆေးပေးတာက ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်လဲ။
မီးဖွားစဉ် Group B strep ကို ထိန်းချုပ်ဖို့ ဆရာဝန်တွေက များသောအားဖြင့် ကလေးငယ်တွေအတွက် ဘေးကင်းတဲ့ ပန်နဆလင်ကို အသုံးများပါတယ်။ မီးဖွားစဉ် ပန်နဆလင်သုံးစွဲမှုခံယူတဲ့ ကိုယ်ဝန်ဆောင်တွေရဲ့ ၁၀% မှာ အဖုအပိန့်လိုမျိုး အသေးစား ဓါတ်မတည့်တာမျိုး ခံစားရတတ်ပါတယ်။
ပန်နဆလင်ကြောင့် အသက်အန္တရာယ် ဆိုးရိမ်မှုက ၁၀၀၀၀၀ ပုံ ၁ ပုံ သာရှိပါတယ်။ တကယ်လို့ သင်က ပန်နဆလင်နဲ့ ဓါတ်မတည့်ပါက သင့်အပေါ် သက်ရောက်မှုရှိမယ့် တခြား ပိုးသတ်ဆေးတစ်မျိုးနဲ့ စမ်းသပ်ကုသပေးပါလိမ့်မယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။