သောက်စရာများတွင်ပါသောဆိုဒါနှင့် နေ့မစေ့လမစေ့မီးဖွားခြင်းတို့ ဆက်စပ်မှု

    သောက်စရာများတွင်ပါသောဆိုဒါနှင့် နေ့မစေ့လမစေ့မီးဖွားခြင်းတို့ ဆက်စပ်မှု

    ခန္ဓါကိုယ်ပုံကျလိုသူမို့ သကြားမပါသည့် ကုတ်ဗူးများကို ရွေးချယ်ခြင်သည် အကောင်းဆုံး ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် မကြာသေးမီက လေ့လာမှုတစ်ခုတွင်တော့ သောက်စရာများတွင်ပါသောဆိုဒါက နေ့မစေ့လမစေ့မီးဖွားခြင်းနှင့် ဆက်စပ်မှုရှိကြောင်း တွေ့ထား၏။ ထိုကဲ့သို့သော သောက်စရာမျိုးကို မရွေးချယ်ခင် နှစ်ခါလောက်ပြန်စဉ်းစားဖို့ လိုပါလိမ့်မည်။

    နေ့မစေ့လစေ့ပဲမီးဖွားခြင်းဆိုတာ ဘာလဲ

    နေ့မစေ့လမစေ့မီးဖွားခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင် ၃၇ ပတ်ထက်မကျော်ခင် မီးဖွားခြင်းသည် ပြင်းထန်သည့် ကိုယ်ဝန်ဆောင်နောက်ဆက်တွဲပြဿနာ ဖြစ်သည်။ မွေးလာသည့်ကလေးတွင် ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ပြီး ဆေးရုံတက်ရောက်ကုသရ လိုအပ်နိုင်ပါသည်။ စောမွေးလာသော မွေးကင်းစများတွင် ဦးနှောက်၊ အစာချေစနစ်၊ အသက်ရှုလမ်းကြောင်း စသည့်ပြဿနာများ ခံစားရသည့်အပြင် ရက်အနည်းငယ်အတွင်းမှာပင် အသက်သေဆုံးနိုင်ပါသည်။

    လေ့လာမှု၏ရလဒ်နှင့် အမြင်အမျိုးမျိုး

    • ရလဒ်

    American Journal of Clinical Nutrition မှ ဒိန်းမတ်သုတေသီများ ပြုလုပ်ခဲ့သည့် လေ့လာမှုရလဒ်အား စက်တင်ဘာလ၌ ထုတ်ပြခဲ့ပါသည်။ သူတို့တွေ့ရှိရသည် သကြားမပါ အချိုရည်များ ကာဗွန်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သောက်သုံးသောကိုယ်ဝန်ဆောင်များတွင် နေ့မစေ့လမစေ့မီးဖွားနိုင်သော အန္တရာယ်မြင့်ကြောင်း တွေ့ရှိရ၏။ အချိုရည်များပိုသောက်လေလေ နေ့မစေ့လမစေ့ပဲ မွေးဖွားနိုင်လေလေဖြစ်သည်။ ထိုနှုန်းသည် တစ်ရက်ကိုဆိုဒါပါသည့်သောက်စရာ လေးကြိမ်လောက်သောက်ပါက ၈၀% ထိ တိုးမြင့်သွားနိုင်ပါသည်။

    လေ့မှုကတော့ ဘယ်လိုလူလုပ်အချိုတုများက ဘာဖြစ်နိုင်ကြောင်း အသေးစိတ်မလေ့လာတော့ပဲ ချိုအောင်လုပ်ထားသည့် သောက်စရာများတွင် အချိုတုများပါကြောင်းသာ ပြောထားပါသည်။ ထို့ကြောင့် လူလုပ်အချိုတုများဖြစ်သော aspartame (NutraSweet) နှင့် acesulfame potassium (Sunnet) တို့သည်လည်း နေ့မစေ့လမစေ့မွေးခြင်းနှင့် ဆက်စပ်နေကြောင်း ယူဆရပါသည်။

    • သုတေသီတို့၏နိဂုံးချုပ်မှတ်တမ်း

    သုတေသီများက နေ့မစေ့လမစေ့မွေးခြင်းနှင့် လူလုပ်အချိုတုပါ အချိုရည်များနှင့် ဆက်စပ်နေသည်ကို တွေ့ရှိရကြောင်း ဖော်ပြခဲ့ကြသည်။ သို့သော် နေ့မစေ့လမစေ့မွေးခြင်းနှင့် သကြားပါသည့်အချိုရည်များ ဆက်စပ်မှုကိုတော့ မတွေ့ခဲ့ကြပါ။ သုတေသနခေါင်းဆောင် the Centre for Fetal Programming at Statens Serum Institut in Copenhagen, Denmark မှ Thorhallur I. Halldorsson ကတော့ သုတေသနဆက်လက်လုပ်ဆောင်ရန် လိုအပ်သေးကြောင်း ပြောထားပါသည်။ သို့သော် ကိုယ်ဝန်ဆောင်များကတော့ ကျန်းမာရေးနှင့် ညီညွှတ်သည်များကိုသာစားပြီး အာဟာရမပါသည့် အချိုရည်နှင့်စားစရာများကို ရှောင်ရန်အကြံပြုထားပါသည်။

    • အမေရိကန်အချိုရည်အဖွဲ့အစည်းမှနိဂုံးချုပ်မှတ်တမ်း

    အမေရိကန်အချိုရည်အဖွဲ့အစည်းမှ ပရောဖက်ဆာ Maureen Storey ကတော့ ထိုလေ့လာမှုမှ သတင်းမှားများ ထွက်လာမည်ကိုစိုးရိမ်ကြောင်း ဆို၏။ သူမသည် ထိုလေ့လာမှုအား မမှန်မကန်လုပ်ထားကြောင့် နေ့မစေ့လမစေ့မွေးခြင်းနှင့် ဆိုဒါဆက်နွှယ်မှုမှာ သက်သေပြချက်မခိုင်လုံကြောင်း စွပ်စွဲထားပါသည်။ ထို့အပြင် သူတို့ကြောင့် ကိုယ်ဝန်ဆောင်များ မလိုလားအပ်ပဲ စိုးရိမ်မှုများ ဖြစ်နေကြောင်းပါ ပြောထားပါသည်။

    • အမေရိကန်အာဟာရလူမှုအဖွဲ့အစည်း၏သုံးသပ်ချက်

    အမေရိကန်အာဟာရလူမှုအဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ ပရောဖက်ဆာ Shelley McGuire သည် သုတေသနမှ အကျိုးကျေးဇူးများကို ချီးမွမ်းပါကြောင်း အမျိုးသမီးများကို ပြုစုစောက်ရှောက်သူများအတွက်လည်း အသုံးဝင်ပါကြောင်း ပြောကြားထားပါသည်။ နေ့မစေ့လမစေ့မွေးခြင်းနှင့် ဆိုဒါတို့ကြား ဆက်နွှယ်မှုကို သေသေချာချာ သက်သေမပြနိုင်ခင်ထိ သဘာဝသစ်သီးဖျော်ရည်နှင့် ရေကိုသာသောက်သုံးသင့်ပါသည်။ သိပ္ပံနည်းကျ သက်သေပြထားသည်ဖြစ်စေ မပြထားသည်ဖြစ်စေ ကလေးနှင့်မိခင် ကျန်းမာရန်၊ ကလေးမွေးရလွယ်ကူရန် အာဟာရမဖြစ်သည့် အစာများ သောက်စရာများကို ရှောင်ကြဉ်ရပါမည်။

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Diet Soda May Be Linked to Preterm Birth. http://www.womenshealthcaretopics.com/DietSodaPretermDelivery.html/ Accessed April 16, 2017

    စာရေးသူ ဓာတ်ပုံbadge
    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ 19/09/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။