backup og meta

ကိုယ်ဝန်ဆောင်နှင့် သယ်လ်ဆီးမီးယား (thalassaemia)ရောဂါ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်နှင့် သယ်လ်ဆီးမီးယား (thalassaemia)ရောဂါ

    Thalassemia ရောဂါဆိုတာဘာလဲ။

    Thalassemia ဆိုတာ မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ သွေးရောဂါတမျိုးဖြစ်တယ်။ တကယ်လို့ သင့်မှာThalassemia ရောဂါရှိနေပြီဆိုရင် သင့်ခန္ဓါကိုယ်ထဲမှာ သွေးနီဥပမာဏနဲ့ ဟေမိုဂလိုဘင် ပမာဏက ပုံမှန်ထက် နည်းနေပါလိမ့်မယ်။ ဟေမိုဂလိုဘင်ဆိုတာ သွေးနီဥထဲမှာ ပါဝင်တဲ့ ပစ္စည်းတမျိုးဖြစ်ပြီး အောက်ဆီဂျင်ကို တကိုယ်လုံးက အဂါၤတွေဆီသယ်ပို့ပေးတဲ့ အလုပ်လုပ်ဆောင်ပါတယ်။ Thalassemia ရောဂါကြောင့် သွေးအားနည်းတာနဲ့ မောပန်းလွယ်တာတွေဖြစ်လာနိုင်တယ်။

    ကိုယ့်မှာ thalassemia ရောဂါရှိနေမှန်း ဘယ်လိုသိနိုင်မလဲ။

    thalassemia ရောဂါရဲ့ လက္ခဏာတွေက

    • အားနည်းမယ်။
    • ပင်ပန်းနွမ်းနယ်နေမယ်။
    • အသားအရေဖြူဖျော့မယ်။
    • မျက်နှာကအရိုးတွေငေါလာမယ်။
    • အရပ်အမောင်းပုသေးမယ်။
    • ဆီးမည်းမယ်။
    • ဗိုက်ကြီးဖောင်းလာမယ် စတာတွေပဲဖြစ်ပါတယ်။

      ဒါပေမယ့် ဝေဒနာရှင်တယောက်နဲ့ တယောက် ပြတဲ့ လက္ခဏာတွေကတော့ အနည်းအကျဉ်း ကွဲလွဲကောင်းကွဲလွဲလိမ့်မယ်။

    thalassemia ရောဂါက ကလေးဆီကိုရော ကူးနိုင်သလား။

    thalassemia ဆိုတာ မျိုးရိုးလိုက်တဲ့ ရောဂါတခုပါ။ ငုပ်လျှိုးနေတဲ့ ဗီဇ(recessive gene)က ဒီရောဂါကို သယ်ဆောင်ပါတယ်။ ဆိုလိုချင်တာက thalassemia ရောဂါဟာ သင့်ဆီကနေ ကလေးဆီကို အလိုအလျောက်ရောက်သွားတာတော့ မဟုတ်ပါဖူး။ သင် ဒါမှမဟုတ် သင့် အမျိုးသားက thalassemia ရောဂါသယ်ဆောင်သူဆိုရင် မွေးလာမယ့် ကလေးမှာ ရောဂါဖြစ်နိုင်ခြေ ငါးဆယ်ရာခိုင်နှုန်း နဲ့ သင့်လိုပဲ ရောဂါသယ်ဆောင်သူဖြစ်ဖို့ ၅၀ရာခိုင်နှုန်းရှိပါတယ်။ သင်ရောသင့်အမျိုးသားရော thalassemia ရောဂါသယ်ဆောင်သူဆိုရင် မွေးလာမယ့်ကလေးအနေနဲ့

    – thalassemia ရောဂါလုံးဝမရှိဖို့က ၂၅%

    – ရောဂါသယ်ဆောင်သူတော့ဖြစ်မယ် ။ ဒါပေမယ့် ရောဂါလက္ခဏာလုံးဝ မပြဖို့က ၅၀%

    – ပြင်းထန်တဲ့ thalassemia ရောဂါအကြီးစား ဖြစ်ဖို့က ၂၅% ရှိပါမယ်။

    သင့်ကလေးမှာ thalassemia ရောဂါရှိမရှိ သေချာသိဖို့ဆိုရင်တော့ စစ်ဆေးမှုတွေလုပ်ကြည့်မှပဲ သိနိုင်မှာပါ။ ဘာတွေ စစ်ဆေးရမလဲဆိုတော့

    – အချင်းဆဲလ်တွေကို စစ်ဆေးလို့ရတယ်၊ ရေမြွှာရေကို စစ်လို့ရတယ် ဒါမှမဟုတ် သန္ဓေသားရဲ့ သွေးကို စစ်ကြည့်လို့ရတယ်။

    တကယ်လို့ သင့်ကလေးဟာ alpha thalassemia major လို့ စစ်ဆေးချက်အဖြေထွက်ရင် သင့်ကလေးအသက်ရှင်ဖို့ ရာခိုင်နှုန်းက အတော်နည်းပါတယ်။ ဒါကြောင့် တချို့မိဘတွေဟာ ဒီလိုအခြေအနေမျိုးမှာ ကိုယ်ဝန်ဖျက်ချဖို့ စဉ်းစားလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ အကောင်းဆုံးခေတ်အမီဆုံးကုထုံးတွေနဲ့ကုရင်တောင်မှ သင့်ကလေး အသက်ရှည်ရှည်ကျန်းကျန်းမာမာနဲ့နေရဖို့က မသေချာလှလို့ပါပဲ။

    thalassaemia ဟာ ကိုယ်ဝန်အပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိမလဲ။

    တကယ်လို့ သင့်မှာ thalassaemia ရောဂါရှိနေမယ်ဆိုရင် သွေးရောဂါအထူးကုနဲ့ပြဖို့လိုပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ဖောလစ်အက်ဆစ် ၅မီလီဂရမ် သောက်မယ်ဆိုရင် သင့်ကလေးအတွက် အကျိုးရှိမှာပါ။ ဘာလို့လဲဆိုတော့ thalassaemia ဟာ neural tube ကို ထိခိုက်စေတဲ့အတွက် ဖောလစ်အက်ဆစ်ကို နေ့စဉ် ပမာဏများများပုံမှန်သောက်ပေးမယ်ဆိုရင် ဒီအခြေအနေကို ကာကွယ်ကောင်းကာကွယ်ပေးပါလိမ့်မယ်။ တကယ်လို့ သင်ဟာ thalassaemia ရဲ့ လက္ခဏာတွေကို ခံစားနေရရင်(ဥပမာ သွေးအားနည်းတာ) ဆေးရုံတက်ပြီး မီးဖွားဖို့ လိုပါလိမ့်မယ်။Beta thalassaemia major ဟာ သင့်အရိုးတွေကြီးထွားတာကို အနှောင့်အယှက်ပေးတဲ့အတွက် ရိုးရိုးမွေးဖွားမယ်ဆိုရင် အခက်အခဲရှိစေပါလိမ့်မယ်။ သင့်ကိုယ်ဝန်နဲ့ပတ်သက်ပြီး လိုအပ်တာတွေကို လုပ်ဆောင်နိုင်ဖို့ နှစ်သိမ့်ဆွေးနွေးခြင်းကိုလည်း ခံယူရပါမယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement