သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

ကိုယ်ဝန်ဆောင်စဉ် တင်ပါးဆုံ နာကျင်ခြင်း

    ကိုယ်ဝန်ဆောင်စဉ် တင်ပါးဆုံ နာကျင်ခြင်း

    ကိုယ်ဝန်ရင့်မာတဲ့ အချိန် အထူးသဖြင့် နှစ်တစ်နှစ်ရဲ့ တတိယမြောက် ၃လအပိုင်းအခြားမှာ ကိုယ်ဝန်ဆောင်အများစုဟာ တင်ပါးဆုံ နာကျင်မှုကို ခံစားရတတ်ကြပါတယ်။ ဒီလိုခံစားရတာဟာ သင့်ခန္ဓါကိုယ်က မီးဖွားဖို့အတွက် အသင့်ဖြစ်အောင် ပြင်ဆင်နေလို့ပါ။

    သန္ဓေသား တည်ရှိတဲ့ သားအိမ်ဖက် အခြမ်းမှာ ပြင်းထန်တဲ့ နာကျင်မှု ဝေဒနာကို ခံစားရနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်စဉ် ဘယ်အရာ တင်ပါးဆုံကို နာကျင်စေရသလဲ

    ကိုယ်ဝန်ဆောင်စဉ်မှာ သင့်တင်ပါးဆုံရဲ့ အလုပ်လုပ်တဲ့ စနစ်က သင်မီးဖွားတဲ့အခါ ကလေးထွက်ရ အဆင်ပြေအောင် အပြောင်းအလဲ အချို့ ပြုလုပ်ပါတယ်။ ဒီစနစ်တကျ ထိန်းညှိမှုဟာ သက်ဆိုင်တဲ့ တစ်သျှူးတွေ ပြေလျော့ဖို့၊ ပျော့ပျောင်းဖို့ တာဝန်ယူရတဲ့ ဟော်မုန်းတွေ အလိုအလျောက် ထွက်ပေါ်တာကနေ စတင်ပေးပါတယ်။

    ဒါကြောင့် သင့် တင်ပါးဆုံ အရိုးကြားရှိ အဆစ်နဲ့ အရွတ်တွေ စတင် ပြေလျော့လာပြီး ပြောင်းလွယ်ပြင်လွယ် ဖြစ်လာပါတယ်။ ဒါက သင့်ကို ကျောအောက်ပိုင်းနာကျင်တာ၊ ကိုယ်နေကိုယ်ထား ပြောင်းလဲလာတာ၊ သားအိမ် ပိုမိုလေးလံလာတာတွေ ဖြစ်စေပါတယ်။ အဲ့နောက်မှာ သင့်တင်ပါးဆုံဟာ မလွဲမသွေ နာကျင်မှု ခံစားရမှာပါ။

    ဒါ့အပြင် တင်ပါးဆုံနာကျင်မှုကို sciatica လို့လဲ သိကြပါတယ်။ ဒီ ဆေးပညာသုံး ဝေါဟာရကို တင်ပါးဆုံအာရုံကြောမှာ ဖိအားများတာကို ပုံနဲ့တကွ ဖော်ပြရှင်းလင်းတဲ့အခါ အသုံးပြုပါတယ်။

    ကြီးထွားလာတဲ့ သားအိမ်က ကျောအောက်ပိုင်းကနေ ခြေဖျားအထိ ဆက်စပ်နေတဲ့ တင်ပါးဆုံအာရုံကြော ၂ချောင်းကို ဖိအားပေးတတ်ပါတယ်။ ဒါ့ကြောင့် သင့် တင်ပါး၊ တင်ပါးဆုံနဲ့ ပေါင်ရင်းတို့မှာ နာကျင်တာ၊ ထုံကျင်တာ၊ ရွစိရွစိဖြစ်တာမျိုးတွေ ခံစားရတတ်ပါတယ်။ Sciatica က ကိုယ်ဝန်ဆောင်တွေမှာ ပုံမှန် ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။

    သင့်ကိုယ်ဝန်ဆောင်နှစ်ရဲ့ ဒုတိယမြောက် ၃လအပိုင်းအခြားရောက်ရင် အရွတ်ပတ်ပတ်လည်မှာ နာကျင်မှုကို ခံစားရတတ်ပါတယ်။ တကယ်လို့ သင်က ကိုယ်နေဟန်ထား ပြောင်းလဲတာ သို့မဟုတ် ခပ်မြန်မြန် လှုပ်ရှားတဲ့အခါ ဒါက သင့် ဝမ်းဗိုက်၊ တင်ပါးဆုံ၊ ပေါင်ခြံနေရာတွေမှာ မသက်မသာ ဖြစ်စေပါတယ်။

    ကိုယ်ဝန်ဆောင်စဉ်မှာ တင်ပါးဆုံနာကျင်တာ သက်သာအောင် ဘယ်လို လုပ်မလဲ။

    သင့်တော်တဲ့ လေ့ကျင့်ခန်းလုပ်ပေးတာ ကောင်းပါတယ်။ ဒါက သင်ခံစားနေရတဲ့ နာကျင်မှုကို သက်သာအောင် ကူညီပေးမှာပါ။ ဥပမာ၊ ပတ်လတ်လှဲနေရင်း သင့်တင်ပါးဆုံကို ရင်ဘတ်အမြင့်ထိ မိနစ်အနည်းငယ်လောက် ပင့်တင်ပေးတာမျိုး ကြိုးစားပြုလုပ်သင့်ပါတယ်။

    ဒါ့အပြင် ကိုက်ခဲတဲ့နေရာကို နှိပ်နယ်ပေးတာ၊ ရေနွေးနွေးလေးနဲ့ ရေချိုးတာ၊ နာကျင်တဲ့နေရာကို ရေနွေးအိတ်ကပ်ပေးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

    မွေးမယ့်နေ့နား နီးကပ်လေလေ သင်အိပ်တဲ့အခါ မသက်မသာ ခံစားရလေပါပဲ။ သင့်ခြေထောက်နဲ့ ဒူးတွေကို ကွေးပြီး ဘေးစောင်းအိပ်ပေးခြင်းဖြင့် သင့်တင်ပါးဆုံပေါ် သက်ရောက်နေတဲ့ ဖိအားကို လျော့ကျစေနိုင်ပါတယ်။

    သင့် ဝမ်းဗိုက်နဲ့ အပေါ်ခြေထောက်ကို ပင့်တင်ပေးဖို့ လိုအပ်ရင် ဖက်လုံး သို့မဟုတ် စောင်ခေါက်တွေကို အသုံးပြုနိုင်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်ကို ခေါ်သင့်လဲ။

    တချို့ကိစ္စတွေမှာ သင့်တင်ပါးဆုံ ပြင်းပြင်းထန်ထန် နာကျင်တာဟာ ကိုယ်ဝန် ၃၇ပတ် မတိုင်ခင်ဆို မီးဖွားဖို့ တင်ကြို အချက်ပြတာ ဖြစ်နိုင်ပါတယ်။

    အဲ့လိုဆိုရင် ပေါင်ခြံတလျှောက်ထိရောက်တဲ့ တင်ပါးဆုံရဲ့ ဖိအား၊ ဝမ်းဗိုက်အောက်ပိုင်းမှာ ကြွက်တက်သလို နာကျင်ခြင်း၊ ကိုယ်နေဟန်ထား ပြောင်းတဲ့အခါ ကျောအောက်ပိုင်းနာကျင်ပြီ မသက်သာခြင်း၊ ၁၀မိနစ်တိုင်း အမှတ်တမဲ့ ကျုံ့ခြင်း ( ဆတ်ကနဲ လှုပ်ခြင်း ) ၊ ယောနိမှာ ပန်းရောင်၊ အညိုရောင်များ ဆင်းခြင်း စတာတွေ ခံစားရတတ်ပါတယ်။

    ဒီအခြေအနေမျိုး ကြုံရင်တော့ ကျန်းမာရေးစောင့်ရှောက်မှုကို အတတ်နိုင်ဆုံး မြန်မြန်ခံယူသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    health-tool-icon

    ကိုယ်ဝန်ဆောင်ချိန် ကိုယ်အလေးချိန်တွက်ချက်ခြင်း

    ဤကိရိယာသည် အမျိုးသမီးများအတွက် ကိုယ်ဝန်မဆောင်ခင်က ရှိသည့် ကိုယ်အလေးချိန်ပေါ် မူတည်၍ ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်အလေးချိန် မည်မျှရှိသင့်သည်ကို တွက်ချက်ပေးခြင်း ဖြစ်ပါသည်။

    28

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Hip pain during pregnancy. http://americanpregnancy.org/pregnancy-complications/hip-pain-during-pregnancy/. Accessed March 18, 2017

    စာရေးသူ ဓာတ်ပုံbadge
    Wathun Myat Chal မှ ရေးသားသည်။ 16/05/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။