backup og meta

ကြွက်သားနာကျင်မှုကို ဖြစ်စေနိုင်တဲ့ ကိုယ်နေဟန်ထားတွေကိုများ လုပ်မိနေပြီလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြွက်သားနာကျင်မှုကို ဖြစ်စေနိုင်တဲ့ ကိုယ်နေဟန်ထားတွေကိုများ လုပ်မိနေပြီလား။

    ကွန်ပျူတာ ရှေ့ထိုင်ပြီး အကြိုက်ဆုံး သီချင်းလေး နားထောင်ရင်း သီချင်းလေး ညည်းရင်း အချိန်တွေ ကုန်မှန်း မသိ အလုပ်တွေ လုပ်နေလိုက်တာ ညနေ အလင်းရောင် ပျောက်ချိန်မှ အော် ရုံးဆင်းချိန်တောင် ရောက်ပြီပဲဆိုပြီး လက်ပ်တော့ ပိတ်တတ်တဲ့ workerholic လေးတွေ များရှိလား။ ဒါတောင် အလုပ် မပြီးသေးရင် ဆက်လုပ်လိုက်ပါဦးမယ် ဆိုတဲ့သူလေးတွေလည်း ရှိပါတယ်။

    အခုလို ကာလမှာ Work from home ကြောင့် အိမ်မှာပဲနေပြီး အလုပ်လုပ်တဲ့အခါ လက်ပ်တော့တစ်လုံးချလို့ရတဲ့ နေရာတိုင်းကအလုပ်စားပွဲဖြစ်ပြီး သီချင်းဖွင့်ထားရင်ကို ပြီးပြည့်စုံတယ်လို့ ခံစားမိတဲ့အနေအထားမှာ တစ်နေကုန် လှုပ်ရှားမှု မရှိဘဲ အလုပ်လုပ်နေတာက ညနေများ နားချိန် ရောက်ပြီဆိုရင် အကြောတွေ တင်းပြီး နာတာကို မခံစားရဘူးဆိုတဲ့သူက နည်းမယ် ထင်ပါတယ်။

    ဒါတွေက ဘာကြောင့် ဖြစ်မယ် ထင်လဲ။ အလှုပ်အရှား မရှိလို့ပေါ့လို့တော့ လို့ မပြောလိုက်နဲ့နော်။ အလှုပ်အရှား မရှိတာထက် ကြွက်သားတွေကို ပိုထိခိုက် နာကျင်စေနိုင်တဲ့ အကြောင်းအရင်းလေး ရှိပါတယ်။ ဒါကတော့ ကိုယ်နေဟန်ထား မမှန်တာပါ။

    ကြွက်သားတွေကို နာကျင်စေနိုင်တဲ့ နေ့စဉ် လုပ်မိနေတဲ့ အရာတွေက

    ကြွက်သားတွေက လေ့ကျင့်ခန်း လုပ်တာကြောင့် နာကျင်နိုင်သလို လှုပ်ရှားမှု နည်းရင်လည်း ကိုက်ခဲ ညောင်းညာတာမျိုး ခံစားရနိုင်ပါတယ်။ ကြွက်သားတွေကို ထိခိုက်စေနိုင်တဲ့ လူအတော်များများ လုပ်မိနေတဲ့ အကြောင်းအရင်း တစ်ခုကတော့ ကိုယ်နေဟန်ထား မမှန်တာပါ။

    ခါးကွေးပြီး ထိုင်တာ

    ထိုင်တဲ့အခါ ခါးဆန့်ဆန့်ထိုင်တာက ခါးကြွက်သားတွေကို ဝန်ပေါ့စေပြီး ခါးနာတာကိုမဖြစ်စေပါဘူး။ ဒါပေမယ့် လူအများစုက ခါးကို ဆန့်ထိုင်တာက ပင်ပန်းတယ်လို့ ယူဆပြီး ခါးကို ကိုင်းပြီး ထိုင်တတ်ကြပါတယ်။ ဒီလို ခါးကို အချိန်ကြာမြင့်စွာ ကိုင်းပြီး ထိုင်တာက ခါးနာတာကို ဖြစ်စေနိုင်ပါတယ်။

    ကွန်ပျူတာကို ပုံစံမှန်မှန် မသုံးတာ

    လက်ပ်တော့ကို ပေါင်ပေါ်တင်ထိုင်ပြီး အလုပ်လုပ်တာ၊ မှောက်ရက် အနေအထားနဲ့ လက်ပ်တော့ အသုံးပြုတာ၊ လက်ကို ပုံစံမှန်မှန် အသုံးမပြုတာတွေက လက်ကြွက်သားတွေကို နာကျင်စေပြီး လက်ချောင်း အဆစ်လေးတွေကို နာကျင်စေနိုင်ပါတယ်။

    ခြေထောက်ကို ကွေးထိုင်တာ

    ရုံးမှာ စားပွဲတွေ ထိုင်ခုံတွေနဲ့ သေချာထိုင်တာကြောင့် ခြေထောက်ကို မလိုအပ်ဘဲ ဝန်မပိစေပေမယ့် အိမ်မှာက ကြမ်းပေါ်မှာ အဆင်ပြေသလို ထိုင်တာမျိုးက ခြေထောက် ကြွက်သားတွေဆီ သွေးစီးဆင်းမှုကို အဟန့်အတား ဖြစ်စေပြီး ​ခြေထောက် ကိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။

    ကွန်ပျူတာကို အရမ်းကပ် ကြည့်တာ

    ကွန်ပျူတာကို ထိုက်သင့်တဲ့ အကွာအဝေးမှာ ထားဖို့ လိုသလို မျက်လုံးနဲ့ တစ်တန်းတည်းမှာ ထားဖို့လည်း လိုပါမယ်။ ကွန်ပျူတာကို အကွာအဝေး မှန်မှန် မထားတာ၊ အနီးကပ်ကြည့်တာတွေက ဇက်တဝိုက်က ကြွက်သားတွေကို ထိခိုက်စေပြီး ဇက်ကြောတက်တာ ခေါင်းကိုက်တာတွေကို ခံစားရစေနိုင်ပါတယ်။

    ပခုံးနဲ့ ဖုန်းညှပ်ပြီး ပြောတာ

    ကွန်ပျူတာ သုံးရင်း ဖြစ်ဖြစ်၊ အလုပ်တစ်ခုခု လုပ်နေရင်း ဖြစ်ဖြစ် ဖုန်းလာတဲ့အခါ ဖုန်းကို ပခုံးနဲ့ညှပ်ပြီး အလွယ်တကူ ပြောလေ့ရှိပါတယ်။ ဒီလိုပြောတာကလည်း ကိုယ်နေဟန်ထား မမှန်တာကြောင့် ပခုံး ကြွက်သားတွေကို နာကျင်စေနိုင်ပါတယ်။

    ဖိနက် မြင့်မြင့် စီးတာ

    လေဒီလေးတွေ သဘောတကျ ဝတ်လေ့ရှိတဲ့ ဒေါက်မြင့် ဖိနပ်တွေကလည်း ကိုယ်နေဟန်ထားကို ထိခိုက်စေပြီး ခြေသလုံးကြွက်သားတွေကို နာကျင်စေနိုင်ပါတယ်။ ဖိနပ်စီးတဲ့အခါ သက်တောင့်သက်သာ ဖြစ်တာမျိုးကိုပဲ ရွေးချယ်ပေးပါ။

    တစ်နေ့တာမှာ သက်တောင့်သက်သာဖြစ်စေတယ်လို့ ယူဆမိပြီး လုပ်မိနေတဲ့ အခုလို အပြုအမူလေးတွေက ကြွက်သား နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာရဲ့ လှုပ်ရှားမှုတွေမှာ ကိုယ်နေဟန်ထားကို မှန်မှန်လေး ထားပြီး ကြွက်သားတွေ နာကျင်မှု ကင်းအောင် ဂရုစိုက်စို့နော်။

    ကိုယ်နေဟန်ထား မမှန်တာကြောင့် ကြွက်သားနာကျင်ခဲ့ရင်

    ကိုယ်နေဟန်ထား မမှန်တာကြောင့် နာကျင်နေတဲ့ ကြွက်သားလေးတွေ သက်သာစေဖို့ဆိုရင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 26/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement