သကြားလုံး၊ အချိုရည်၊ ဂျယ်လီ၊ ကိတ်မုန့်စတဲ့ အချိုကဲတဲ့ သရေစာမုန့်တွေကို မကြိုက်တဲ့ကလေးမရှိပါဘူး။ ဘယ်လောက်တောင်ကြိုက်လဲဆိုရင် ဂျီကျနေတဲ့အချိန် ငိုနေတဲ့အချိန် သကြားလုံးတို့၊ ဂျယ်လီတို့ ပေးကြည့်ပါလား။ ချက်ချင်းအငိုတိတ်သွားတာကြည့်။ ဒီလို ချော့လို့ရမှန်းလည်းသိရော ကလေးတစ်ခုခု ဂျီကျပြီဆိုတာနဲ့ သကြားလုံးတွေ၊ အချိုရည်တွေ စွတ်ပေးတော့တာပဲ။ ကလေးငြိမ်တာ၊ ကြိုက်တာတော့မှန်ပေမယ့် ဒီလို လုပ်နေတာဟာ ကလေးကို ထိခိုက်အောင်လုပ်နေတယ်ဆိုတာကိုရော မေမေတို့ သိရဲ့လား။ ။