ငါးတွေမှာ ဗီတာမင် D ပေါကြွယ်ဝလို့ အရိုးနဲ့ သွားကို ကျန်းမာကြံ့ခိုင်စေတယ်။ ကလေးတွေရဲ့ ကိုယ်ခန္ဓာကို ဖွံ့ဖြိုးကြီးထွားစေတယ်။ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ကယ်လ်စီယမ်ဓာတ်ကို ကောင်းစွာ စုပ်ယူပေးနိုင်တယ်။ ကိုယ်ခံအားကောင်းစေလို့ ရောဂါတွေကို အလွယ်တကူဖြစ်မလာနိုင်အောင် တားဆီးပေးနိုင်ပါတယ်။
၅။ ကလေးတွေမှာ ပန်းနာရင်ကျပ်မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။
ငါးပုံမှန်စားပေးတဲ့ ကလေးတွေမှာ အသက်ရှူလမ်းကြောင်းမှာ ဖြစ်တတ်တဲ့ ပန်းနာရင်ကျပ်ဝေဒနာကို သက်သာစေတဲ့အပြင် ရောဂါမဖြစ်အောင်လည်း တားဆီးပေးနိုင်တာကို တွေ့ရပါတယ်။
၆။ အမြင်အာရုံကောင်းစေတယ်။
ငါးတွေမှာ ပါဝင်တဲ့ Omega-3 fatty acid ဟာ ကလေးတွေကို အမြင်အာရုံကြည်လင်စေပြီး မျက်စိအားကောင်းစေတယ်။ မျက်စိမှုန်တဲ့ ကလေးတွေအတွက် မျက်စိအာဟာရအနေနဲ့ ငါးပုံမှန်ကျွေးပေးသင့်ပါတယ်။
၇။ ညဘက်တွေမှာ ကောင်းစွာ အိပ်ပျော်နိုင်စေတယ်။
ငါးမှာ ပါဝင်တဲ့ ဗီတာမင် D ဓာတ်ဟာ ကလေးတွေကို ကောင်းစွာ အိပ်ပျော်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ တစ်ရက်ကို အနည်းဆုံး အိပ်ချိန် ၇နာရီရှိတဲ့ ကလေးတွေမှာ တခြားကလေးတွေထက် ကျန်းမာရေးပိုကောင်းပြီး စာတွေကို ပိုလိုက်နိုင်တာ တွေ့ရှိရပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့နဲ့ ကျန်းမာစေဖို့ ကလေးတွေအရွယ်မှာ အိပ်ချိန်လုံလောက်စွာ ရရှိဖို့ အလွန်အရေးကြီးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။