ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုက အသင့်ဖြစ်မဖြစ် အရင်ဆုံးကြည့်ရမှာပါ။ အပြုအမူပိုင်းလေးတွေ သင်လို့ရနေပြီဆိုရင်တော့ စလိုက်ပါတော့။ ခွက်လေးနဲ့ အင်အင်းပါတတ်အောင် အကျင့်လုပ်ပေးတာက ကလေးရဲ့တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်ရော၊ ကျန်းမာရေးအတွက်ပါကောင်းပါတယ်။ တချို့ကလေးတွေဆို အိမ်ထဲပတ်ပြေးဆော့ကစားရင်း အင်အင်းတွေ တစစီပြန့်ကျဲကုန်တာပဲ။ ဒီလိုမဖြစ်ရအောင် တဖြည်းဖြည်းချင်း ကျင့်ယူပေးရင် မိဘလည်းသက်သာတာကြောင့် အသုံးဝင်မယ့်အချက်လေးတွေအကြံပြုလိုက်ပါတယ်။
မှန်ကန်တဲ့အသက်အရွယ်မှာပဲ စသင်ပါ
ကလေးအများစုက အသက် ၂ နှစ်နဲ့ ၃ နှစ်အတွင်းမှာ သင်လို့၊ စည်းကမ်းပေးလို့ရတာသေချာပါတယ်။ တချို့ကျတော့ ဉာဏ်ရည်ဖွံ့ဖြိုးမှုမြန်ဆန်တာကြောင့် လူကြီးတွေပြောသမျှ လုပ်သမျှ ငယ်ကတည်းက နားလည်နေတတ်ပါတယ်။ ဒါ့ကြောင့် မှန်ကန်တဲ့အသက်အရွယ်အပိုင်းအခြားဆိုတာက ကလေးရဲ့ဖွံ့ဖြိုးမှုကိုအဓိကမူတည်နေတာကြောင့် ကိုယ့်ကလေးရဲ့အခြေအနေကိုသာ ဂရုစိုက်ဆုံးဖြတ်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။