တချို့ မိဘတွေ ဒေါသထွက်လာရင် အနီးအနားက ပစ္စည်းတွေကို ကောက်ပေါက်တာ၊ ဆောင့်အောင့်တာတွေ လုပ်တာ မြင်ဖူးမှာပါ။ ဒီကလေး ဒေါသကြီးလိုက်တာ၊ တစ်ခုခုကို လူကြီးတွေကို ပစ္စည်းတွေနဲ့ ကောက်ပေါက်နေတော့တာပဲဆိုရင် မိဘတွေကများ ကလေးရှေ့မှာ ဒါမျိုး လုပ်မိလားဆိုတာ ပြန်စဉ်းစားကြည့်ပါ။
မိဘတွေကလည်း လူကြီးတွေ ဖြစ်တဲ့အတွက် သူတို့မှာ လူမှုရေးခံစားချက်တွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေကို ကလေးရှေ့မှာ လွတ်လွတ်လပ်လပ် ဖော်ထုတ်လိုက်လို့ မဖြစ်ပါဘူး။ ကလေးရဲ့ သဘောကတော့ ရှင်းပါတယ်။ ရန်ဖြစ်တာ၊ လိမ်တာ၊ ဆဲတာက မကောင်းဘူးဆိုတာ သူမသိပါဘူး။ သူသိတာက မိဘတွေလုပ်တယ်။ သူလည်း လုပ်လို့ရတယ်ဆိုတာပါ။
ပိုဆိုးတာက ကလေးရှေ့မှာ ဆဲပြပြီးမှ ကလေးက ပြန်ဆဲတဲ့အခါ မလုပ်ရဘူးတစ်ခွန်းတည်းနဲ့ တားမြစ်လိုက်ရင် ကလေးက မကြိုက်ပါဘူး။ နားမထောင်ပါဘူး။ ဒါကြောင့် မတော်တဆများ ကလေးရှေ့မှာ မကောင်းတဲ့ အပြုအမူလုပ်မိပြီဆိုရင် ကလေးကို ပြန်တောင်းပန်ပြီး ဒါက မကောင်းဘူး၊ မလုပ်သင့်ဘူးဆိုတာကို ရှင်းပြပေးပါ။
နောက်တစ်ခုက အိမ်မှာ မိဘတွေက ကောင်းကောင်းမွန်မွန်ထားပါလျက်နဲ့ ကလေးက ဒီလို မကောင်းတဲ့ အပြုအမူတွေ လုပ်နေပြီဆိုရင် သူ့ပတ်ဝန်းကျင်ကို စစ်ဆေးပါ။ အလုပ်တစ်ဖက်နဲ့ မို့လို့ ကလေးကို အဘိုးအဘွားအိမ်၊ အမျိုးအိမ်တွေ ပို့ထားရတဲ့အခါ အဲ့ကနေ သင်လာတာလား။ ကျောင်းက သူငယ်ချင်းတွေ၊ ဆရာတွေဆီကလား။ ဒါမှမဟုတ် ကလေးက ဖုန်းတွေ ကြည့်ရင်း ဒီလိုလုပ်တတ်နေတာလားဆိုတာ စစ်ဆေးပါ။
ကလေးအရွယ်ဖြစ်လို့ ကောင်းတာ ဆိုးတာ သင်လို့ရပါသေးတယ်။ မလုပ်သင့်တဲ့ အပြုအမူတွေ လုပ်နေပြီဆိုရင် မိဘတွေက ဂရုစိုက်ပြီး ပြင်ဆင်ပေးပါ။
ကလေးတစ်ယောက်က ဆိုးလိုက်တာဆိုရင် မယုံပါနဲ့ဦး။ ဒီအဖြူထည်ကလေးတွေကို သူ့ပတ်ဝန်းကျင်က ဘယ်သူကများ ဆေးဆိုးပေးလိုက်တာလဲဆိုတာကို လိုက်ရှာကြည့်ပါဦး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။