backup og meta

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေးဖွံ့ဖြိုးမှု အဆင့်ဆင့်

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ဖွံ့ဖြိုးမှု အဆင့်ဆင့်ဖေဖေမေမေ လိုက်နာစရာကလေး ဘေးကင်းလုံခြုံစေဖို့ကျန်းမာဖွံ့ထွားစေဖို့

ကလေး အသက် ၁ နှစ်ခွဲကျော်ပြီဆိုရင် ဘေဘီလေးက မတ်တတ်စမ်းဖို့ စပါပြီ။ လမ်းလျှောက်ဖို့ ခြေမလေးတွေနဲ့ တိုင်ပင်ခေါ်တဲ့ အဆင့်ကို တော်တော်လေး ကျော်လာပြီပေါ့။ မတ်တတ်စမ်းရင်း အမှီပြု အားယူထဖို့ ဟိုဟာ ဆွဲလိုက် ဒီဟာ ဆွဲလိုက်တွေ လုပ်တော့မှာပါ။ ဒီအချိန်မှာ ကလေးကို အပူလောင်တာမျိုးတွေ တစ်ခုခု ပိတာမျိုး ထိခိုက်မှုတွေ မဖြစ်အောင် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေးဖွံ့ဖြိုးမှု အဆင့်ဆင့်

မေမေရေပဲ ခေါ်နေတာ မဟုတ်တော့ဘဲ မေမေရေ ဖေဖေရေ ခေါ်ရင်း နောက်ကနေ ပြေးလိုက်လာတော့မှာ ဖြစ်တာကြောင့် ကလေးအနားကနေ ထထွက်သွားချိန်တိုင်းမှာ ကလေးကို ထိုင်နေဖို့၊ မလိုက်လာဖို့ သေချာမှာတာမျိုး လုပ်ဖို့ လိုအပ်လာပြီ ဖြစ်သလို ကလေးနားက ထထွက်ချိန်မှာ ကလေးလိုက်လာလားဆိုပြီး နောက်ကို လှည့်ကြည့်ဖို့ လိုပါမယ်။

ဒီတစ်ခေါက်တော့ မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေးဖွံ့ဖြိုးမှု အဆင့်ဆင့် ကို ပြောပြပေးသွားပါမယ်။ ကလေးက မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကာလမှာ ဘယ်လိုတွေ ကြီးပြင်းလာမှာလဲ။

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ဖွံ့ဖြိုးမှု အဆင့်ဆင့်

ပက်လက်ပဲနေနေတဲ့ ကလေးက ထိုင်တတ်လာတယ်။ ဒီလိုကနေ သူတို့လေးတွေရဲ့ ခြေထောက်လေးတွေကို အားကိုးရင်း အမှီအတွယ် တစ်ခုခုကို အားပြုလို့ မတ်တတ်ရပ်တတ်လာတယ်။ သူတို့လေးတွေရဲ့ ပထမဆုံးသော ခြေလှမ်းတွေကို စလှမ်းတတ်လာပြီ။ တာတာ့ဆိုပြီး လက်ကလေးပြတတ်လာတာတွေက ကလေးရဲ့ ကြီးထွား ဖွံ့ဖြိုးမှု အဆင့်ဆင့်ပါ။

ဖွံ့ဖြိုးမှု မှတ်တိုင်တွေအနေနဲ့ ကလေးအများစုက အသက်အရွယ်အလိုက် ရှိသင့်တဲ့ ဖွံ့ဖြိုးမှုလေးတွေကို လုပ်တတ်လာကြပါတယ်။ ကလေးတွေက ဘယ်လို ကစားရမယ်၊ ဘယ်လို သင်ယူရမယ်၊ ဘယ်လို စကားပြောရမယ်၊ ဘယ်လိုပြုမူရမယ်၊ ဘယ်လိုလှုပ်ရှားရမယ် [ လေးဖက်သွားတာ၊ လမ်းလျှောက်တာ၊ ခုန်တာတွေကို လုပ်ဆောင်တတ်လာတာလေးတွေက ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှု မှတ်တိုင်တွေပါ။

ကလေးက အသက် ၂ နှစ်ပြည့်ပြီဆိုရင် သူတို့ခြေထောက်လေးတွေကို အပြည့်အဝ လှုပ်ရှားပြီး တောက်တောက်စပြေးပါပြီ။ အရင်ကထက် ပိုလှုပ်ရှားနိုင်ပြီ ဖြစ်တာကြောင့် ပတ်ဝန်းကျင်ကို ပိုမို လေ့လာမှုတွေ လုပ်ပါပြီ။ အသစ်အသစ်သော အရာတွေကို စူးစမ်းပါပြီ။ လူတွေကိုလည်း ပိုစိတ်ဝင်စားလာပါပြီ။ ဒီအရွယ်မှာ ပိုပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားတတ်ပါပြီ။ ကိုယ်တိုင်လုပ်ချင်တာတွေ များနေမှာပါ။ သူတို့ကိုယ်သူတို့ မှန်ကြည့်ရတာကိုလည်း သဘောကျတတ်ပါပြီ။

အခြားသူတွေရဲ့ အပြုအမူတွေကိုလည်း အတုခိုးတတ်ပါပြီ။ လူကြီးတွေရဲ့ အပြုအမူ အပြောအဆိုတွေကို စတင် မှတ်သားလုပ်ဆောင်မှုတွေ ပြုလာပါပြီ။ မိသားစုဝင်တွေရဲ့ နာမည်တွေ၊ အမြဲမြင်တွေ့နေတဲ့ အရာဝတ္ထုတွေရဲ့ အမည်နာမတွေကို သိရှိလာပြီဖြစ်သလို ပြောတာတွေကို လိုက်လုပ်တတ်လာပါပြီ။ ညွှန်ရာကို ကြည့်တတ်လာပါပြီ။ လွယ်ကူတဲ့ စကားလုံးလေးတွေ ဝါကျလေးတွေကို စပြောတတ်လာပါပြီ။

မူကြိုတက်ဖို့ အဆင်သင့် ဖြစ်ပါပြီ။ အရောင်တွေ ခွဲတာ၊ ပုံသဏ္ဍာန် ခွဲတာတွေကို လုပ်တတ်လာတော့မှာပါ။ ဒီကာလမှာ စာရေးတာမျိုး မဟုတ်ဘဲ လက်ချောင်းလေးတွေ ကြွက်သားဖွံ့ဖြိုး သန်မာစေဖို့ အရောင်ခြယ်တာမျိုးတွေ လုပ်ဖို့ ပြင်ဆင်ပေးပါ။

ဖေဖေမေမေ လိုက်နာစရာ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေးဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးက ဒီကာလအတွင်းမှာ ဖေဖေမေမေတွေဆီက သင်ကြားလမ်းပြပေးမှုတွေကို လိုအပ်နေမှာပါ။ ကောင်းမွန်တဲ့ သင်ကြားလမ်းပြပေးမှုတွေက ကလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။ ဒီတော့ မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေး တစ်ယောက် အကောင်းဆုံး ကြီးပြင်း အရွယ်ရောက်လာစေဖို့အတွက်

  • ကလေးကို နေ့စဉ် စာဖတ်ပြပါ
  • ပစ္စည်းနာမည်လေးတွေ သိစေဖို့ ပစ္စည်းလေးတွေ ယူခိုင်းတာမျိုး လုပ်ပေးပါ
  • ခန္ဓာကိုယ် အစိတ်အပိုင်းလေးတွရဲ့ နာမည်လေးတွေ အကြောင်း ပြောပြပါ
  • ကလေးနဲ့ puzzle လေးတွေ ဆော့ပါ
  • အသစ်အသစ်တွေကို စူးစမ်းတာတွေ လုပ်ဆောင်ပေးပါ
  • အသစ်တွေ လုပ်ဆောင်ကြည့်ဖို့ လှုံ့ဆော်ပေးပါ
  • ကလေးရဲ့ ဘာသာစကား စွမ်းရည်တိုးတက်လာအောင် သင်ပေးပါ ဥပမာ ကလေးက ငှက်ပျောသီးကို ကြည့်ရင်း baba ဆိုပြီး ရွတ်နေရင် banana ဆိုပြီး အပြည့်အစုံ သင်ပေးတာမျိုးပေါ့
  • ကလေးကို ကိုယ်တိုင် အစားစားတတ်အောင် သင်ပေးပါ
  • ကိုယ်တိုင် အဝတ်အစား လဲတတ်အောင် သင်ပေးပါ
  • ကလေးက အပြုအမူ အလွဲတွေ လုပ်မိနေရင် ဆူတာရိုက်တာမျိုး မလုပ်ဘဲ ဖြည်းဖြည်းချင်း လုပ်သင့်တဲ့အရာကို သင်ပြ ပြောပြပေးပါ
  • ကလေးရဲ့ စူးစမ်းလိုစိတ်ကို အားပေးတဲ့ အနေနဲ့ ပန်းခြံလို နေရာမျိုးကို ခေါ်သွားပေးတာမျိုး လုပ်ပေးပါ။

ကလေး ဘေးကင်းလုံခြုံစေဖို့

ကလေးက တော​က်တောက်ပြေးတတ်ပြီဆိုရင် ထိခိုက်နိုင်ခြေကလည်း ပိုများလာပြီ ဖြစ်တာကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ မတော်တဆ ထိခိုက်မှုတွေ အများကြီး ဖြစ်နိုင်တဲ့ ကာလပါ။ ကလေးကို မျက်ခြေမပြတ် စောင့်ကြည့်ပါ။ ဒီတော့ မတ်တတ်ပြေး နဲ့ မူကြိုအရွယ်မှာ ကလေး ထိခိုက်မှု ကင်းစေဖို့ ဆိုရင်

  • ကလေးကို ထိန်းတဲ့သူ မပါဘဲ ရေနဲ့ နီးနီးနားနားမှာ မထားပါနဲ့ [ရေကန်၊ ရေတွင်း၊ ရေမြောင်း၊ ချောင်းစပ်၊ မြစ်ကမ်းစပ်တွေမှာပါ]
  • လှေကားတွေ တံခါးတွေကို ကလေးတားလေးတွေ လုပ်ပြီး ပိတ်ထားပါ
  • ကလေးကစားမယ့်နေရာတွေမှာ လျှပ်စစ်မီးအသုံးပြုရတဲ့ အရာတွေ မထားပါနဲ့ [ ပလပ်ခုံ၊ ဓာတ်ကြိုး စတာတွေပါ]
  • မီးဖိုချောင်ထဲကို ကလေး မလာအောင် ဂရုစိုက်ပါ
  • မီးဖိုတွေ၊ မီးပူတွေနဲ့ အနီးကပ် ထိတွေ့တာမျိုး မလုပ်ပါနဲ့
  • ဆေးတွေကို ကလေး မမီနိုင်တဲ့ အမြင့်မှာ သိမ်းထားပါ
  • ရေနွေးအိုး၊ ပူစေနိုင်တဲ့ အရာတွေကို ကလေးမမီနိုင်တဲ့ နေရာမှာ ထားပါ
  • ချွန်ထက်တဲ့ ဓားတွေ၊ ကတ်ကြေးတွေကို လုံခြုံအောင် သိမ်းပါ
  • ဆေးတွေ၊ အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေကို ကလေးနဲ့ ဝေးဝေး ထားပါ
  • ကလေးကို တစ်ယောက်တည်း မထားခဲ့ပါနဲ့
  • ကလေးကို ကားထဲမှာ ချန်ထားခဲ့တာမျိုး မလုပ်ပါနဲ့
  • ကလေးကို ကားစီးရင် ဘေးကင်းအောင် ဂရုစိုက်ပါ။

ကျန်းမာဖွံ့ထွားစေဖို့

ကြီးထွားဖို့ အရှိန်ယူနေတဲ့ မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကာလမှာ ကလေးကို

  • ကလေးအသက် ၂နှစ်အထိ မိခင်နို့ တိုက်ပေးနိုင်ပါတယ်။
  • အချိုရည်တွေ၊ အချိုကဲတဲ့ သောက်စရာတွေ အစား ရေ နဲ့ သဘာဝ အသီးဖျော်ရည်တွေ၊ နို့တွေ တိုက်နိုင်ပါတယ်
  • ကလေးကို အစာမာတွေ စမိတ်ဆက်ပေးပါ
  • ကလေးက အစားရွေးမယ်ဆိုရင် စားချင်လာအောင် ပြင်ဆင် ကျွေးမွေးပါ။ ဒီကာလမှာ အာဟာရ မပြည့်ဝတာက ကလေးညှက်သွားနိုင်ပါတယ်။
  • ကလေးရဲ့ screen time ကို ကန့်သတ်ပါ
  • ကလးကို ပြေးလွှားဆော့ကစားတာမျိုး လုပ်စေပါ။ ကလေးက တက်တက်ကြွကြွနေမှ ကျန်းမာ ဖွံ့ထွားမှာပါ
  • ကလးကို လုံလောက်တဲ့ အိပ်ချိန်ရအောင် ဂရုစိုက်ပါ
  • တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ
  • ကာကွယ်ဆေးတွေ သေချာလေး ထိုးနှံပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Your toddler’s developmental milestones at 2 years https://www.unicef.org/parenting/child-development/your-toddlers-developmental-milestones-2-years Accessed Date 19 August 2022

4-Year-Old Child Development Milestones https://www.verywellfamily.com/4-year-old-developmental-milestones-2764713 Accessed Date 19 August 2022

Toddlers (1-2 years of age) https://www.cdc.gov/ncbddd/childdevelopment/positiveparenting/toddlers.html Accessed Date 19 August 2022

Developmental Milestones https://www.chop.edu/primary-care/developmental-milestones Accessed Date 19 August 2022

Developmental Milestones: 3 to 4 Year Olds https://www.healthychildren.org/English/ages-stages/preschool/Pages/Developmental-Milestones-3-to-4-Year-Olds.aspx Accessed Date 19 August 2022

ယခုပုံစံ

22/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိခင်နို့ တိုက်ကျွေးခြင်းအကြောင်း သိကောင်းစရာ

ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ