ကလေးတွေဆိုတာလည်း အရွယ်လေး နည်းနည်းရောက်ရင်ကို လိမ်တတ်တဲ့ သဘာဝရှိပါတယ်။ လေ့လာချက်တွေအရ ကလေးတွေက ၃နှစ်အရွယ်တည်းက စလိမ်တတ်ပါတယ်တဲ့။ သင်က သူ့စိတ်ထဲမှာ ဘာတွေးနေလဲမသိဘူး။ သူမပြောရင် သင်မသိနိုင်ဘူးလို့ ယူဆပြီး လိမ်တာပါတဲ့။ ၄နှစ်ကနေ ၆နှစ်လောက်ဆိုရင် မျက်နှာထား ပီပီပြင်ပြင်နဲ့ လေသံမှန်မှန် လိမ်နိုင်နေပါပြီတဲ့။ ရှင်းပြခိုင်းရင်တောင် မင်သေသေနဲ့ ရှင်းနိုင်ပါတယ်တဲ့။ ဒီနောက်ပိုင်းကစပြီး အခါအခွင့်သင့်သလို လိမ်တတ်ကြတာပေါ့။ ဆယ်ကျော်သက်အရွယ်လောက် ဖြစ်လာရင် သူများထိခိုက်မှာစိုးလို့ လိမ်တဲ့ white liesတွေကိုတောင် သုံးတတ်နေပါပြီ။