ကလေးနဲ့ အတူတူကစားပေးပါ – ဒီအချက်ကလည်း မေ့ထားလို့မဖြစ်ပါဘူး။ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးစေဖို့နဲ့ ပျော်ရွှင်ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ် အရွယ်ရောက်ကြီးပြင်းလာစေဖို့ ကလေးနဲ့ အတူတူအချိန်ပေးကစားပေးပါ။
စာဖတ်ဖို့အားပေးပါ -ခန္ဓာကိုယ်အတွက် အာဟာရပြည့်အောင်စားရသလို စိတ်ကျန်းမာစေဖို့ကလည်း စာဖတ်ဖို့လိုပါမယ်။ ဒါကြောင့် ကလေးကို ဉာဏ်ကောင်းပျော်ရွှင်စေချင်တယ်ဆိုရင် ငယ်စဉ်ကတည်းက စာအုပ်ဖတ်ဖို့ အားပေးပါ။ ကိုယ်တိုင်လည်း သူနဲ့အတူစာဖတ်ပေးပါ။
ဘာတွေကျွေးရမလဲ…….
ထမင်း– မြန်မာလူမျိုးတွေအတွက် အဓိကအစားအစာတစ်ခုပါ။ ကလေးရဲ့ နေ့စဉ်စားသုံးမှုမှာ ထမင်းကို သင့်တင့်မျှတအောင် ထည့်သွင်းလို့ အာဟာရပြည့်ဝအောင်ကျွေးမွေးပေးပါ။ ထမင်းက ကစီဓာတ်အပြင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ပြည့်ဝဝရရှိစေမှာပါ။
ကြက်သား – အာဟာရပြည့်ဝပြီး ခန္ဓာကိုယ်ကျန်းမာဖွံံဖြိုးဖို့ လိုအပ်တဲ့ အာဟာရတွေကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်မယ့်အစားအစာတစ်ခုပါ။ ကလေးကို ကြက်သားကြော်ကျွေးတာ၊ ကြက်စွပ်ပြုတ်လုပ်တိုက်တာ၊ ကြက်သာဟင်းချက်ကျွေးတာမျိုးတွေ လုပ်ပေးလို့ရပါတယ်။
ပဲအမျိုးမျိုး – ပဲအမျိုးမျိုးမှာ ပရိုတင်းကြွယ်ဝစွာပါဝင်နေသလို ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက်အရေးပါတဲ့ အစာခြေစနစ်ကကျန်းမာရေးကို အကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ ကာဗိုဟိုက်ဒရိတ်နဲ့ ဗီတာမင် B တို့ ကြွယ်ဝစွာပါဝင်နေမှုကလည်း ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
ဥအမျိုးမျိုး– ဥအမျိုးမျိုးမှာ ကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ပရိုတင်း၊ ဗီတာမင် D၊ ဗီတာမင် B12၊ သံဓာတ် အပြင် ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ omega-3 fatty acids ပါဝင်နေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။