backup og meta

လက်ရေးက ဘာလို့ အရေးကြီးလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 03/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်ရေးက ဘာလို့ အရေးကြီးလဲ

    လက်ရေးက ဘာလို့ အရေးကြီးလဲ …… အခုလိုနည်းပညာတွေတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ လက်နဲ့စာရေးတာတွေအစား ကွန်ပျူတာနဲ့ စာရိုက်တဲ့နည်းလမ်းကို ပိုမိုအသုံးပြုလာကြပါတယ်။ ဒါပေမယ့်လည်း ထိုသို့ဖြစ်လာခြင်းဟာ အပြုသဘောဆောင်သလား၊ မဆောင်ဘူးလားဆိုတာ အငြင်းပွားစရာပါပဲ။ လက်နဲ့စာရေးခြင်းရဲ့ အသုံးဝင်မှုတွေကို ဝေခွဲမရဖြစ်လျက်ရှိသော်လည်း ကလေးတွေမှာတော့ သမာရိုးကျ လက်နဲ့ စာရေးခြင်းနည်းလမ်းက အကျိုးပြုနေပါတယ်။

    ကဲ …… လက်ရေးက ဘာလို့ အရေးကြီးလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    လက်ရေးက ဘာလို့ အရေးကြီးလဲ ဆိုတော့

    လက်ရေးက ဘာလို့ အရေးကြီးလဲဆိုတာ

    ကလေးကို ဘာကြောင့် စာရေးတတ်အောင် အရင်သင်ပေးဖို့ လိုတာလဲ။

    ကီးဘုတ် အသုံးပြုစာရိုက်ခြင်းနဲ့ ယှဉ်ကြည့်မယ်ဆိုရင် လက်နဲ့ရေးတာက ကလေးတွေရဲ့ သိမြင်မှုဆိုင်ရာ ဖွံ့ဖြိုးမှုတွေအတွက် သိသိသာသာကြီး ပိုအကျိုးပြုပါတယ်။

    – လက်ချောင်းလှုပ်ရှားမှုတွေက ကလေးဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို လှုံ့ဆော်ပါတယ်။ အမြင်၊ လှုပ်ရှားမှု၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဘာသာစကားနဲ့ မှတ်ဉာဏ်ပိုင်းတွေ အဓိက ပါဝင်နေပါတယ်။ စာလုံး ခွဲခြမ်းစိတ်ဖြာမှု ဖြစ်စဉ်နဲ့ တွေ့ကြုံစေပြီး ကလေးရဲ့ အာရုံစူးစိုက်နိုင်စွမ်းကိုလည်း တိုးမြှင့်ပေးပါတယ်။ ဒါကြောင့် လက်နဲ့စာရေးနည်း မကျင့်ပေးဘူးဆိုရင် စာဖတ်နိုင်စွမ်း၊ သင်ယူနိုင်စွမ်းနဲ့ လူအချင်းချင်း ဆက်သွယ်နိုင်စွမ်းတို့ကို ထိခိုက်စေနိုင်မှာပါ။

    – ၂၀၁၄ ခုနှစ် လေ့လာမှုအရ ကလေးဖွံ့ဖြိုးမှုကို အဆင့်၂ ဆင့် သတ်မှတ်လိုက်ပါတယ်။ ပထမအဆင့်က ၃နှစ် အရွယ် ဖြစ်ပြီး ဒုတိယ အဆင့်ကတော့ နောက်ထပ် ၄ နှစ် အကြာမှာ ဖြစ်ပါတယ်။

    ကလေးအယောက် ၁၀၀၀ ကို လေ့လာကြည့်လိုက်တဲ့အခါမှာ ငယ်ရွယ်အခါက စာရေးနိုင်စွမ်းတွေ နဲ့ နောက်ပိုင်း အတန်းပညာ ရလဒ်တွေကြား ဆက်နွယ်မှုဟာ အပြုသဘောဆောင်နေတယ်လို့ သိရပါတယ်။

    ကျွမ်းကျင်ပညာရှင်တွေက ကလေး စာမြန်မြန်ရေးတတ်လေလေ သေတ္တာဖွင့်ခြင်း၊ ဖိနပ်ကြိုးချည်ခြင်းလိုမျိုး နေ့စဉ် လုပ်ငန်းဆောင်တာတွေကို မြန်မြန် လုပ်တတ်လေပဲလို့ ဆိုထားပါတယ်။

    ကလေးစာရေးတတ်လာအောင် ဘယ်လိုကူညီပေးမလဲ။

    ပုံဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်းတို့ကို အားပေးပါ။

    ပုံဆွဲတာတွေ၊ ဆေးရောင်ခြယ်တာတွေက စာရေးခြင်း အတတ်ပညာအတွက် အကြိုလေ့ကျင့်တဲ့ ပုံစံမျိုးပါပဲ။ ထိုသို့ပုံမှန်ပြုလုပ်နေခြင်းက လက်လှုပ်ရှားမှုတွေနဲ့ ရင်းနှီးလာစေနိုင်ပြီး လိုအပ်တဲ့ လက်ချောင်းကြွက်သားတွေကို သန်မာလာစေမှာ ဖြစ်ပါတယ်။ စာလုံးလေ့လာမှု စွမ်းရည်ကိုလည်း မြန်ဆန်စေမှာပါ။ သူတို့ရဲ့ ဖန်တီးနိုင်စွမ်းကို တိုးမြှင့်ပေးနိုင်ဖို့ရာ ခဲတံနဲ့ ရောင်စုံတွေအပြင် မာကာ၊ ရောင်စုံခဲတံနဲ့ မြေဖြူတို့ကိုလည်း ပေးထားသင့်ပါတယ်။

    –မှန်ကန်တဲ့ လက်အနေအထားကို သင်ကြားပေးလိုက်ပါ။

    အဲ့ဒါကို မိဘတွေ ခဏခဏ မေ့တတ်ပါတယ်။ စာလုံးနဲ့ စကားစုတို့သာ အရေးကြီးတာ မဟုတ်ပါဘူး။ စာရေးတဲ့အခါ ခဲတံကို ဘယ်လို ကိုင်ရမယ်၊ ဘယ်လို ထိုင်ရမယ် ဆိုတာတွေလည်း အရေးကြီးပါတယ်။

    – စာရေးနည်း သင်နေတဲ့အချိန်မှာ ကလေးတိုင်း တွေ့ကြုံရမယ့် အခက်အခဲတွေကို သိနေပါစေ။

    စာရေးဖို့ စသင်တဲ့အခါမှာ အောက်ပါတို့ကို ကလေး အများစု ကြုံတွေ့ကြရပါတယ်။

    • စာ မရေးဘဲ ပုံဆွဲနေခြင်း
    • စာလုံးများကို နောက်ပြန်ရေးခြင်း
    • အရွယ်အစား ကြီးတဲ့ စာလုံးများ ရေးခြင်း
    • စာလုံးအကြီးတွေကိုသာ အသုံးပြုခြင်း
    • ခဲတံကို မြဲမြဲ မကိုင်နိုင်ခြင်း

    တိုက်ရိုက် ထိရောက်သော သင်ကြားနည်းကို အသုံးပြုမယ် ဆိုရင် အဖြစ်များတဲ့ ပြဿနာများကို ကျော်လွှားပြီး အချိန် အများကြီး သက်သာစေမှာပါ။ ကလေးတွေကို စိတ်ရှည်ရှည်နဲ့ သင်ပေးနိုင်ကြပါစေကြောင်း

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Phyo Wai Yan မှ ရေးသားသည်။ · 03/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement