backup og meta

Selfie ကြိုက်တတ်တဲ့ကလေးတွေကို ကိုယ်ချင်းစာတရားရှိအောင်၊ စာနာတတ်အောင် ဘယ်လိုသင်ကြားပေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Selfie ကြိုက်တတ်တဲ့ကလေးတွေကို ကိုယ်ချင်းစာတရားရှိအောင်၊ စာနာတတ်အောင် ဘယ်လိုသင်ကြားပေးမလဲ

    သင့်ကလေးဟာ စကားပြောခြင်းထက် စာရိုက်ခြင်း၊ အင်တာနက်ပေါ်ကို လှပတဲ့ ဓာတ်ပုံတွေ တင်ခြင်းကို ကြိုက်နှစ်သက်ပြီး likes တွေ followers တွေနောက် လိုက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

    ဒါတွေဟာ ကိုယ့်ကိုယ်ကိုယ် တသသနေခြင်း၊ ကိုယ်ချင်းစာတရား ကင်းမဲ့ခြင်းတွေ ယဉ်ကျေးမှုဘောင်အတွင်း ကြီးထွားလာခြင်းကို ဖော်ပြပါသလား။။ ကလေးတွေဟာ မေတ္တာတရား၊ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးစိတ်တွေ ပျောက်ဆုံးကုန်ပါသလား။

    မိဘတစ်ယောက်အနေနဲ့ ဒီလို မိမိကိုယ်ကိုယ် သနေခြင်းကို ဘယ်လို တိုက်ဖျက်ပြီး ကိုယ်ချင်းစာတရား ထားရှိအောင် နည်းလမ်းရှာနေတာမျိုး ဖြစ်နိုင်ပါတယ်။

    စိတ်ပိုင်းဆိုင်ရာ ပြည့်ဝမှုကို အားပေးပါ။

    ဒီလိုစာရိုက်နေတဲ့ ခေတ်ကြီးမှာ မျက်နှာအမူအရာတွေ၊ အသံအနေအထားတွေကို အသိအမှတ်ပြုစေဖို့ ဆိုတာ ခဲယဉ်းပါတယ်။ သင့်ရဲ့ ကိုယ်ပိုင်ခံစားချက်တွေနဲ့ အခြားသူတွေရဲ့ခံစားချက်တွေကို သင်ယူစေဖို့အတွက် မိသားစုအတွက် သီးသန့်အချိန်ပေးသင့်ပါတယ်။

    ဆဲလ်ဖုန်းတွေကို ချလိုက်ပြီး မျက်နှာချင်းဆိုင် စကားပြောခြင်းဟာ အခြားသူတွေ ဘယ်လိုဖေါ်ပြနေသလဲ၊ ခံစားနေရလဲဆိုတာကို မြင်စေနိုင်ပါတယ်။

    မိသားစုရဲ့ ခံယူချက်ကို ရေးဆွဲပါ။

    မိသားစုဆိုတာ ဘာကိုဆိုလိုတာလဲဆိုတာကို ကလေးသိပါစေ။ သင့်ကလေးကို ကြင်နာ၊ ဂရုစိုက်တတ်ပြီး လူမှုရေးအရ တာဝန်ယူတတ်သူတွေအဖြစ် မျှော်လင့်ကြပါတယ်။

    ဒါကို ရေးပြီး ရေခဲသေတ္တာလိုမျိုးမှာ ချိတ်ဆွဲထားခြင်းအားဖြင့် သူတို့ဟာ နေ့စဉ် ဒါကို မြင်ပြီး ကျင့်သုံးနိုင်မှာပါ။ သင်ကလဲ ဒီလိုပုံစံအတိုင်း အမြဲပြုမူနေထိုင်သင့်ပါတယ်။

    စာအုပ်ကောင်းတွေ ပေးဖတ်ပါ။

    စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်စေတဲ့ စာအုပ်တွေ၊ ကိုယ်ချင်းစာတရားကို သင်ပေးနိုင်တဲ့ စာအုပ်တွေကို ပေးဖတ်ပါ။

    အသက်ဝဝရှူပါ။

    ကလေးတွေဟာ ကိုယ့်ကိုယ်ကို ထိန်းချုပ်ခြင်းအားဖြင့် ခံစားချက်တွေကို ဘယ်လိုထိန်းညှိသင့်သလဲဆိုတာ သင်ယူဖို့အရေးကြီးပါတယ်။ စိတ်ဖိစီးလာချိန်မှာ သူတို့တွေဟာ အသက်ရှင်ရဖို့သာ အရေးကြီးလာပြီး ကိုယ်ချင်းစာ တရားတွေကို မေ့လာတတ်ပါတယ်။

    အသက် ပြင်းပြင်းရှူခြင်းဟာ စိတ်တည်ငြိမ်မှုကို ရရှိစေနိုင်ပါတယ်။ သူတို့ကို ဖြည်းညင်းစွာ ဝမ်းဗိုက်မှတစ်ဆင့် အသက်ပြင်းပြင်းရှူသင့်ကြောင်း အကြံပေးနိုင်ပါတယ်။

    ကြင်နာမှုပြသနိုင်ဖို့ လေ့ကျင့်ပေးပါ။

    တကယ်လို့ သင့်မှာ ကောင်းမွန်တဲ့ အမူအကျင့်တွေ ရှိတယ်ဆိုရင် ကြင်နာမှုဟာ အကျင့်တစ်ခု ဖြစ်လာမှာပါ။ ရိုးရှင်းတဲ့ အပြုအမူတွေဖြစ်တဲ့ အခြားကလေးတွေကို ပြုံးပြခြင်း၊ အခြားသူတွေအတွက် တံခါးဖွင့်ပေးခြင်းတွေဟာလည်း အစွမ်းထက်ပါတယ်။

    ကလေးတွေဟာ သူတို့ရရှိတဲ့ အပြုသဘောဆောင်တဲ့ အားပေးမှုကို နှစ်သက်နိုင်ပါတယ်။ သင်ကလဲ ဒါကို ကြိုက်နှစ်သက်နိုင်ပါတယ်။ အတူတကွထိုင်ပြီး ကြင်နာမှုကို ဖေါ်ပြတဲ့ ကတ်လေးတွေကို ပုံးတစ်ခုထဲထည့်ပြီး သင့်ကလေးကို အကြံထုတ်စေသင့်ပါတယ်။

    နေ့စဉ်တိုင်းမှာ သူတို့ကို နှစ်ခုစီ ရွေးစေပြီး ကတ်ပေါ်မှာ ရေးထားတဲ့အရာတွေကို ပြုလုပ်စေသင့်ပါတယ်။

    ငြင်းခုန်မှုတွေ၊ ရန်ဖြစ်ခြင်းတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သင်ကြားပေးပါ။

    သင့်ကလေးကို ဂိမ်းဆော့ခြင်းမှ ဖြစ်လာတဲ့ အငြင်းပွားမှုတွေကို Rock-Paper-Scissors လိုမျိုး ဂိမ်းတွေမှတစ်ဆင့် ပြေလည်အောင်သင်ပေးနိုင်ပါတယ်။

    ဥပမာ ကလေးတွေဟာ သင့်ရဲ့ ခံစားချက်တွေကို နားထောင်မှုမရှိပဲ ပြဿနာကိုသာ မရပ်တန်းပြောနေမယ်ဆိုရင် လက်ဆွဲနှုတ်ဆက်ခိုင်းပြီး ပြဿနာပြေလည်စေတာမျိုး လုပ်သင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement